iPad(iOS 3.2.2) အသုံးပြုကြတဲ့ မိတ်ဆွေတွေ အတွက် Jailbreak လုပ်နိုင်မယ့် Tool တစ်ခုကို တင်ပြပေးလိုက်ပါတယ် Limera1n RC1 Beta2 ကို အသုံးပြုပြီး Jailbreak လုပ်နိုင်ပါတယ်.. ပေးထားတဲ့ လင့်ခ် မှာ Limera1n ကို Download အရင်လုပ်လိုက်ကြပါ..
Download
Limera1n RC1 Beta2
လုပ်ငန်းစဉ် အဆင့်ဆင့်
ပထမဦးစွာ PC နှင့် iPad ကိုချိပ်ဆက်ပါ
၁) Limera1n ကို run လိုက်ပြီးရင် "make it rain" ကို နှိပ်ပေးပါ
၂) Device ကို Recovery mode ဖြစ်သည် အထိစောင့်ပါ။ "Home +Power" button ကို တစ်ပြိုင်ထဲနှိပ်ထားပြီး ညွှန်ကြားချက်အတိုင်း ဆောင်ရွက်ပါ။
၃) Power button ကိုလွှတ်ပါလို့ ပြောတာနဲ့  Power button ကိုလွှတ်ပေးလိုက်ပါ အခုဆိုရင် အောက်ပါပုံအတိုင်း DFU mode ကိုရောက်သွားပါလိမ့်မယ်။
၅) Limera1n ကအလိုလျှောက် အဆင့်ဆင့် ဆောင်ရွက်သွားပါလိမ့်မယ် အောက်ပါပုံ အတိုင်းပေါ်လာပြီဆိုရင်တော့ Jailbreak လုပ်ငန်း အောင်မြင်သွားပါပြီ။
၆) အခုဆိုရင် သင့်ရဲ့  Springboard ပေါ်မှာ Limera1n icon လေးကိုတွေ့ ရပါမယ်.. ဆက်လက်လုပ်ဆောင်ရန် icon လေးကို နှိပ်ပေးလိုက်ပါ။
၇) Limera1n ပွင့်သွားပြီဆိုတာနဲ့  Cydia ကိုအောက်ပါ အတိုင်း တွေ့ ရပါလိမ့်မယ် Install လုပ်ပေးလိုက်ပါ။
၈) Cydia ကို Install လုပ်ပြီးပြီဆိုရင်တော့ သင့် iPad ကို Reboot လုပ်ပေးလိုက်ပါ၊ ပြန်တက်လာတဲ့ အခါ သင့် iPad သည် Jailbroken ဖြစ်သွားပါပြီ။
မှတ်ချက်။ ။ ကျွန်တော်မှာ iPad မရှိတဲ့ အတွက် ကိုယ်တိုင်စမ်းခွင့် မရပါဘူး ဒါကြောင့် ဘယ်လို အခက်ခဲမျိုးတွေ့  ရမယ်ဆိုတာ သေချာမပြောနိုင်ပေမယ့် Jailbreak လုပ်လို့ ရမှာတော့ သေချာသလောက်ရှိပါတယ်..
အောင်မြင်သွားတယ်ဆိုရင်လဲ comment မှာ အသိပေးကြပါဦးလို့ 
မိုးသိကြား
Tuesday, October 26, 2010
Jailbreak For iPad iOS 3.2.2
Facebook Comments
Subscribe to:
Post Comments
(
Atom
)
0 comments :
Post a Comment