Friday, October 8, 2010

Recovery အတွက် SHSH blobs တစ်ခု တည်ဆောက်နည်း


iPhone 4 (iOS4.1) အသုံးပြုနေသူများ ကျွန်တော်ရဲ့  "Downgrade For Any Devices" ပိုစ့်ကို ဖတ်ပြီး လိုက်လုပ်ကြတာ မအောင်မြင်ဘူးလို့  သိရပါတယ် (iPhone 4 ရဲ့ ကန့် သတ်ချက်တွေကတော့ လွန့်  လွန်လွန်း ပါတယ်)

နည်းလမ်း တစ်ခုတော့ကျန်ပါသေးတယ် ဒီနည်းလမ်းကတော့ သင့်ရဲ့  iPhone 4,3Gs,3G နှင့် iPod Touch 3G,2G တို့ ကို Jailbreak လုပ်နိုင်သော
(iOS 4.0.1)အသုံးပြုခဲ့စဉ်က SHSH blobs ကို iOS4.1 update မလုပ်ခင်မှာ Save ထားမိခဲ့မယ် ဆိုရင်ပေါ့လေ....

အကယ်၍ Save မထားခဲ့ဘူးဆိုရင် အထူးသဖြင့် iPhone 4 user တွေအနေနဲ့  iSO4.1 မှာပဲ ချောင်ပိတ်ခံနေကြရဦးမှာပါ... 3G သမားတွေကတော့ လွတ်မြောက်နိုင်ပါတယ်... ဒါပေမယ့် ကျွန်တော်တို့ 
လိုသာမန် User တွေ Recovery အတွက် ဘယ်သူမှ Save လုပ်မိခဲ့ကြမှာမဟုတ်ပါဘူး ပုံမှန်အားဖြင့် နည်းလမ်းလည်း မသိကြတာများပါတယ်။

ဒီနေ့ တော့ အဲဒီသင်ခန်းစာလေးကိုယူပြီး SHSH blob ကို ဘယ်လို Save လုပ်ကြမလဲဆိုတာတင်ပြပေးလိုက်ပါတယ်...
Jailbreak လုပ်နိုင်တဲ့ iOS တော့ဖြစ်ရမယ်နော် (ဥပမာ။ ။ iOS 3.1.3, 4.0, 4.0.1)တို့ ပေါ့လေ

Software Download

1> Tiny Umbrella Download (For Window)
Main Source (အခြား OS သမားများ အတွက် ရွေးချယ်နိုင်ရန်)

လုပ်ငန်းစဉ်

၁) Tiny Umbrella ကို Run လိုက်ပါ



၂) Device ကို PC နဲ့ ချိပ်ဆက်လိုက်ပါ



၃) Advanced Options ကို အမှန်ခြစ်ရွေးပေးပါ



၎) Save My SHSH ကို နှိပ်ပြီး Save လုပ်ပါ... Save လုပ်နေပါပြီ...





၅) Save လုပ်ပြီးသား File သည် Local Disk(C:) --> Users --> your name --> .shsh
Folder အောက်မှာ အောက်ပါပုံ အတိုင်း Save သွားပါပြီ



အထက်ပါ အဆင့်များပြီးဆုံးပါက Recovery အတွက် SHSH blobs တည်ဆောက်ပြီးစီးသွားပါပြီ

*** SHSH blobs အသုံးပြုပြီး Downgrade ပြန်ချနည်းကိုတော့ နောက်ပိုစ့်တစ်ခု အနေနဲ့ 
ဆက်လက်ရေးသားပေးသွားပါ့မယ်...

မိုးသိကြား

1 comment :

  1. pleae Help!

    I follow above instruction but i cant click "kick device out of recovery" disable this button.
    Pls let me know. thanks a lot

    ReplyDelete