ဒီပိုစ့်လေးကို အရမ်းအရေးကြီးလွန်းလို ့ ကတိုက်ကရိုက် ဖော်ပြလိုက်ရပါတယ် အောက်တိုဘာ(၂)ရက်နေ ့က တင်ပေးခဲ့သော "Jailbreak iOS4.1 with snOwbreeze" ဆိုတဲ့ ပိုစ့်လေးမှာ iOS4.1 တင်ထားတဲ့ iPhone 4 ကိုလည်း jailbreak ချနိုင်တယ်လို ့ ကျွန်တော် သတိလက်လွတ် မှာယွင်းစွာ ဖော်ပြခဲ့မိပါတယ်...
လက်ရှိအနေနဲ ့ snOwbreeze version 2.0.2 က iPhone 4,iPad နှင့် iPod Touch 4G တို ့ကို Firmware iOS 4.1 နဲ ့ ဆိုရင် Jailbreak ချလို ့မရနိုင်သေးပါဘူး...
iPhone 3Gs အနေနဲ ့တော့ old & new bootrom နှစ်ခုစလုံးကို Jailbreak ချနိုင်ပါကြောင်း ထပ်လောင်းပြီး အသိပေးလိုက်ပါရစေ...
ကျွန်တော်ရဲ ့ မှားယွင်းစွာဖော်ပြမှု အတွက် တစ်စုံတစ်ရာ နစ်နာမှုများရှိပါက ဝမ်းနည်းမိပါကြောင်း စိတ်မကောင်းစွာနဲ ့တောင်းပန်လိုက်ပါရစေ...
iPhone4 (iOS4.1) ကို Jailbreak လုပ်မိလို ့ဒုက္ခတွေ ့နေသူများ အတွက် ထွက်ပေါက် နှစ်ခုရှိပါတယ်
၁) iTune နဲ ့ချိပ်ဆက်ပြီး Original iOS4.1 ပြန်ပြီး Restore လုပ်ပါ...
၂) "Downgrade Any iOS For All devices" ဆိုတဲ့ ပိုစ့်လေး အတိုင်း Downgrade ပြန်ချပါ
(iOS 4.1 firmware ကလွဲရင် အခြား firmware များကို iPhone 4 နဲ ့လည်း jailbreak ချနိုင်ပါတယ်)
မှားတဲ့ အခါလဲ မှားပေမပေါ့
မိုးသိကြား
Wednesday, October 6, 2010
Warning For iPhone4 User
Facebook Comments
Subscribe to:
Post Comments
(
Atom
)
0 comments :
Post a Comment