Wednesday, November 24, 2010

Easy Way To Create iPhone Ringtones

မိမိ စိတ်ကြိုက် iPhone Ring Tone လုပ်ချင်သူများအတွက် ကျွန်တော် အရင်တုန်းက ပိုစ့်လေးတစ်ခု တင်ပေးခဲ့ဘူးပါတယ်
ဒီမှာ ပြန်ဖတ်ကြည့်လို့ ရပါတယ်။ အဲဒီတုန်းကတော့ အခြား Software အကူညီမပါပဲ iTune ထဲမှာတင်ပဲ create လုပ်တဲ့ နည်းလေးကို ရေးပေးခဲ့တာပါ သို့  သော် အဆင့် အနည်းငယ် ရှုပ်ထွေးမှု ရှိတဲ့ အတွက် Ring Tone ဖန်တီးရာမှာ အခက်ခဲရှိတယ်လို့  စာရှုသူ အချို့ ထံမှ သိရပါတယ်...

ဒါကြောင့် လွယ်ကူရှင်းလင်းစွာ iPhone Ring Tone ပြုလုပ်နိုင်တဲ့ Software လေးတစ်ခုကို တင်ပြပေးချင်ပါတယ် Ring Tone လုပ်တဲ့ Software တွေ အများကြီးရှိပေမယ့် ဒီကောင်လေးက Freeware လေးဖြစ်လို့  သုံးရတာ အဆင်ပြေပါတယ်...

သတိပြုရန်။ ။ iPhone Ring Tone ဖန်တီးရာမှာ သဘောတရားအရ အချိန်စက0x081ကန့်  (၃၀) သာ လက်ခံတယ်ဆိုတဲ့ အချက်ကို မမေ့ပါနှင့်

Download Software HERE!!!

လုပ်ဆောင်ပုံ အဆင့်ဆင့်ကို ပုံနှင့်တစ်ကွ ရှင်းပြလိုက်ပါတယ်....

ပုံ(၁) Browse မှနေ၍ နှစ်သက်ရာ သီချင်းကိုရွေးပါ


ပုံ(၂) .1 နေရာသည် သီချင်းစမှတ် ၊ .2 နေရာသည် သီချင်းဆုံးမှတ်
ဘယ်နေရာကပဲ စ,စ နောက်က စက0x081ကန့် သည် ၃၀ အထိသာထားပါ (00:30) အကယ်၍ စက0x081ကန့်  ၃၀ ကျော်နေလျှင်လည်း Ring မြည်သည့် အခါ ပါလာမည်မဟုတ်ပေ



ပုံ(၃) အဝါရောင် နေရာသည် Ring Tone လုပ်မည့် ဧရိယာဖြစ်သည် ။ Play button ဖြင့် Preview နားဆင်နိုင်သည်




ပုံ(၄) နောက်ဆုံးမှာ စိတ်ကြိုက်ရပါက File လမ်းကြောင်းပေးပြီး Save as iPhone Ringtone ကိုနှိပ်လိုက်ပါက Ring Tone အဖြစ်ပြောင်းလဲသွားမည်။



iTune ကိုဖွင့်ပြီး Ringtone section တွင် File --> Add File to Library နဲ့ ထည့်ပေးလိုပ်ပြီး iPhone ကို Sync လုပ်ပေးလိုက်ပါက သင့် လိုချင်သော Ringtone ရသွားပါပြီ။

ကျွန်တော်အစမ်းလုပ်ထားတဲ့ Ringtone လေးတွေကို ဒီမှာ လွပ်လပ်စွာယူနိုင်ပါတယ်...

မိုးသိကြား

4 comments :

  1. I think this trail version software also can use.

    http://www.hootech.com/formats/m4r/convert-3gp-to-m4r.htm

    ReplyDelete
  2. အကိုပြေားတဲ့အတိုင်လုပ်တာရပါတယ် ကျေးဇူးလည်းတင်ပါတယ်
    နောက်တခုက iphone 3GS ထဲးကို movies ဘယ်လိုထည့်ရတယ်ဆိုတာ ကူညီပေးပါအုံး အကိုအားရင် ပြေားပြပေပါ
    ကျေးဇူးတင်ပါတယ်

    ReplyDelete
  3. မရတော ့ပါ. serial key တောင်းနေပါသည်...?????????

    ReplyDelete
  4. Download link အသစ်တင်ပေးလိုက်ပါပြီ။

    ReplyDelete