Sunday, November 21, 2010

iPhone,iPod Touch တွေမှာ 3D အသွင် ခံစားနိုင်တော့မည်

iPhone နှင့် iPod Touch တွေမှာ ရုပ်ရှင်တွေ ဂိမ်းတွေ အားလုံးကို 3D မျက်မှန်တပ်ထားစရာမလိုပဲ 3D အသွင်ခံစားနိုင်မယ့် Accessory လေးတစ်ခုကို ဂျပန်နိုင်ငံက Media Artist တစ်ဦးဖြစ်တဲ့ Jitsuro ဆိုတဲ့ ပုဂ္ဂိုလ်က တီထွင်ဖန်တီးလိုက်ပါပြီ...

i3DG Plam Top Theater လို့ အမည်ပေးထားတဲ့ သူရဲ့ ဆန်းသစ် တီထွင်မှုမှာ "Pepper's Ghost" သဘောတရားကို နည်းပရိယာရ် တစ်ခုအနေနှင့် အသုံးချပြီး ငွေရောင်မှန်ချပ် (၃) ချပ်ကို ၄၅ ဒီဂရီ အနေအထားနဲ့  iPhone Screen ရဲ့ အပေါ်မှာ တပ်ဆင်ထားခြင်းဖြင့် 3D ပုံရိပ် အသွင်ကို မျက်မှန်မလိုပဲ တိုက်ရိုက်ခံစား လို့  ရပါတယ်..

ဒီ Accessory လေးရဲ့ ဈေးနှုန်နဲ့  ဘယ်အချိန်မှာ ထုတ်ရောင်းသွားမယ်ဆိုတာကိုတော့ ကြော်ငြာထားခြင်းမရှိသေးပါဘူး...



မိုးသိကြား

3 comments :

  1. လန်ထွက်နေတာပဲ.......

    ReplyDelete
  2. let me share in facebook. Thanks.

    ReplyDelete
  3. တော်တော်လန်းတာပဲ

    ReplyDelete