Tuesday, November 16, 2010

iPhone Passcode တစ်ကယ် Safe ဖြစ်ရဲ့ လား...?

iPhone မှာ Passcode ပေးထားရင် ဘယ်သူမှကိုယ့်ဖုန်းကို ဝင်ကြည့်လို့ မရဘူး ဖုန်းလဲ ခိုးဆက်လို့ မရဘူးဆိုပြီး PassCode ချထားပြီးရင် ယုံကြည်စွာနဲ့  ခဏဟိုနားထသွား ဒီနားထသွား ဆိုရင် ဒီတိုင်းချထားခဲ့လိုက်တာပဲ..

ဒီနေ့  Stomper မှာပါတဲ့ iPhone နဲ့ ပက်သက်တဲ့ သတင်းတစ်ပုဒ်ကို ဖတ်လိုက်ရတာ တော်တော်ရင်မောသွားတယ်...
iPhone4 အပါအဝင် 3Gs နှင့် 3G (Jailbreak or None-jailbreak)iOS4.1 မှာပါ PassCode ချထားသော်လည်း By pass လုပ်ပြီး ကြိုက်ရာနံပါတ်ကို ဖုန်းခေါ်လို့  ရတဲ့အပြင် ကိုယ့် Contact တွေ အားလုံးကိုလဲ မြင်နေရပါတယ်..

iPhone 4 က 3Gs,3G တို့ ထက်ပိုပြီးလုပ်ရတာ လွယ်ကူပါတယ်... ကျွန်တော် ကတော့ iOS 4.1 ရဲ့   ပြဿနာလို့ ယူဆပါတယ် ဘာကြောင့်လဲဆိုတော့ iOS 3.1.3,4.0.1 တို့ မှာ စမ်းကြည့်တော့ By pass လုပ်လို့  မရတာတွေ့ ရလို့ ပါ (သိပ်တော့ မသေချာပါဘူး စမ်းပြီးကြရင်လဲ Comment မှာရေးစေလိုပါတယ်)

လုပ်ရကိုင်ရမယ့် နည်းလမ်းလေးကလည်း အလွန်ရိုးရှင်းလွန်းတာကြောင့် လူတိုင်းလွယ်ကူစွာ လုပ်နိုင်တဲ့ အတွက် သတိထားဖို့  လိုအပ်ပါတယ်..

နည်းလမ်း

လိုအပ်ချက်။ ။ သင့်လက် အလွန်လျှင်မြန်ရပါမယ်

1> PassCode ချထားသော Home Screen ဘယ်ဘက်အောက်ထောင့်နားလေးမှာ Emeygency Call Button ကိုနှိပ်ပါ.
 

2> Emergency နံပါတ်များမဟုတ်သော ဥပမာ (####) ကိုနှိပ်ပြီး Call Button ကိုနှိပ်ပါ တစ်ပြိုင်ထဲမှာပဲ အခြားလက်တစ်ဖက်နဲ့  Power Button ကိုနှိပ်ထားမယ်ဆိုရင် ပုံမှန်ဖုန်းခေါ်တဲ့ နေရာကိုရောက်သွားပြီး Keypad,Contacts,Recents,Favorites,Voicemails တို့ ကိုတွေ့ ရပြီး စိတ်ကြိုက်နံပါတ်ကို ဖုန်းခေါ်လို့  ရသွားပါပြီ..
ဆက်လက်ပြီး Home Button ကို ဆက်တိုက်နှိပ်မယ်ဆိုရင်တော့ အခြား App တွေကိုပါသုံးလို့ ရနိုင်ပါတယ် ဒါပေမယ့် သေချာတာတစ်ခုကတော့ ဖုန်းခေါ်လို့ ရသွားပါပြီ...

အောက်မှာ ပုံနှင့်တစ်ကွ ဗွီဒီယိုနှင့်ပါရှင်းပြပေးထားပါတယ်..






မိုးသိကြား

11 comments :

  1. အကို မိုးသိကွား
    iphone 3g ကို လုံခြုံအောင် Password ပေးလိုက်တာ မေ့သွားတယ် အကို

    ReplyDelete
  2. အကို ရေ ကူညီပေးပါ
    I phone3g (3.1.3) 8g jailbreak မလုပ်ထားတဲ့ ကျွန်တော်ဖုန်း
    password ပေးထားပြီး မေ့သွားလို့ကျ္ဓန်တော်က password ခဏခဏ ပြောင်းသုံးမိ လိုပါ
    အဲဒါ ဘယ်လို ပြန်လုပ်ရမလဲမသိလို့ပါ အကို
    jp က iPhone ဆိုင် ကအသစ် ပြန်လုပ်ဖို့ပဲ ပြောလို့ပါ
    လုပ်ပုံ လုပ်နည်းလေး ရှီရင် မဆပါအုန်း အကိုမိုးသကြား
    tharyeyint@gmail.com / tharlay@i.softbank.jp
    ကို mail ပြန်ပေးပါစေချင်ပါတယ်

    ReplyDelete
  3. itune ကနေ restore ပြန်လုပ်ကြည်ပါ

    ReplyDelete
  4. ကျေးဇူးတင်ပါတယ်။ အကိုမိုးသကြား

    ReplyDelete
  5. thar ရေ iOS 3.1.3 ဆိုရင်တော့ Restore မလုပ်ရပဲ Passcode ပြုတ်သွားမယ့် နည်းလမ်း တစ်ခုတော့ရှိပါတယ် (မသေချာပါ) စမ်းကြည့်မယ်ဆိုရင်တော့ ifunbox ကို PC မှာ Install လုပ် (ifunbox.com) မှာရယူပါ.. iPhone ကို PC
    နဲ ့ connect လုပ် ifunbox ကိုဖွင့်ပြီး iPhone ကိုရွေး Raw File system/var/keychains/ ထဲကမှ keychain-2.db ဆိုတဲ့ File ကို Delete လုပ်ပြီး iPhone ကို Restart ပြန်လုပ်ပေးလိုက်ပါ.. Passcode ပြုတ်သွားနိုင်ပါတယ် iOS4.1 မှာတော့ မပြုတ်ပါဘူး.. ဒါကြောင့် ပိုစ့်တစ်ခု အနေနဲ့ မရေးတော့ပါဘူးဗျာ...

    ReplyDelete
  6. ကျေးဇူးတင်ပါတယ်။
    စမ်းကြည့်မယ် အကို

    ReplyDelete
  7. ဒီနေ့ Iphone 4 အသစ်သွားလုပ်လိုက်တယ်..iOS က 4.2.1(8C148)ဖြစ်နေလို့ အဲ့ဒါကို Jailbreak လုပ်ချင်လို့ မြန်မာ Font လဲသုံးလို့ရတဲ့ Unlock လဲ လုပ်လို့ရတဲ့ Software လေး မဆပေးပါအုန်းအစ်ကို...
    အရင်အကူအညီ တောင်းထားခဲ့တဲ့ Password မေ့သွားတဲ့ ph က ကျွန်တော်လုပ် မရလို့ မြန်မာပြည် ပို့လိုက်ပီ..ဒီ Iphone 4 ကိုုအသုံး ပြုလို့ ရအောင်. အစ်ကို ကူညီပေးပါနော်.....

    ReplyDelete
  8. thanks for news ကိုမိုးသိကြား
    သိချင်တာလေးရှိလို့ပါ jailbreak မလုပ်ရသေးတဲ့ iphone ထဲက contant တွေကို backup လုပ်ထားချင်ပါတယ် .. jailbreak လုပ်ပြီး ပြန်ထည့်သုံးချင်လို့ပါ .. ရနိုင်ပါသလား ... ကွန်တော့် iphone က 3g ပါ ... စောင့်မျှော်လျှက် ..

    ReplyDelete
  9. iPhone ကို iTune နဲ ့ sync လုပ်လိုက်တာနဲ ့ contact တွေကို အလိုလျှောက် backup လုပ်ပေးသွားတဲ့ အတွက် jailbreak လုပ်ပြီးလို ့ ပြန် sync ပေးလိုက်ရင် contact တွေမပျောက်နိုင်ပါဘူး.. ပိုပြီးသေချာချင်ရင်တော့ C:/user/contacts (folder) ကို အခြားတစ်နေရာမှာ copy ကူးထားပေးလိုက်ပေါ့ အဲဒီနည်းနဲ ့ backup ထပ်လုပ်လို ့ရပါတယ်

    ReplyDelete
  10. iphone 4g ကို လုံခြုံအောင် Password ပေးလိုက်တာ မေ့သွားတယ် အကိုကူညီပေးပါနော်.....

    ReplyDelete
  11. Restore သာပြန်လုပ်လိုက်ပါဗျာ...

    ReplyDelete