Cbox မှာ နိုးတူးမေးထားတဲ့ မေးခွန်းလေးပါ
Q: နိုးတူး: ကိုမိုး အိုင်ဖုန်း 4 မှာ အလွယ်ကူဆုံး မြန်မာဖောင့် ဘယ်လိုသွင်းရလဲ ဖတ်ပဲဖတ်ချင်တာပါ.. မရိုက်လို့လဲ ရတယ်.. ကူညီပေးပါအုံး
A: iOS 3.1.3 နဲ့ အထက် မည်သည့် iPhone မှာမဆို မြန်မာလက်ကွက်(keyboard) မရသေးပါဘူး ဒါပေမယ့် မြန်မာစာတော့ဖတ်လို့ ရပါတယ်... မြန်မာစာဖောင့်သွင်းရန် အောက်ပါအတိုင်း လုပ်ဆောင်ပါ...
Jailbroken iDevice များအတွက်
၁) Cydia ကိုသွားပါ
၂) Cydia --> Manage --> Sources --> Edit --> Add
၃) url address ရိုက်ရန်ပေါ်လာသောနေရာမှာ http://cydia.macforus.com ဟုရိုက်ထည့်ပြီး Add လုပ်လိုက်ပါ
၎) ဒီအခါမှာ ဇော်ဂျီဖောင့်နဲ့ ပက်သက်ပြီး (၄)မျိုး ပေါ်လာပါမည်၊ အားလုံးထဲကမှ ဒုတိယမြောက်နေရာတွင်ရှိနေသော Zawgyi Font iOS ကိုရွေးပြီး Install လုပ်ပေးလိုက်ပါ။
ဒါဆိုရင် မြန်မာစာကို ကောင်းစွာဖတ်ရှုလို့ ရပါပြီ....
Jailbreak မလုပ်ထားသူများ ကတော့ မြန်မာဖောင့်ကို Install လုပ်လို့ မရသေးပါဘူး ဒါပေမယ့် မြန်မာစာဖတ်နိုင်မယ့် နည်းလမ်းတစ်ခုကတော့ "iBrowser MM" ဆိုတဲ့ application ကို App Store မှာ Free ရယူပြီး အဲဒီ application ထဲမှာပါတဲ့ Browser ထဲကနေမှတစ်ဆင့် မြန်မာစာများကို ဖတ်ရှုလို့ ရနိုင်ပါတယ်..
မိုးသိကြား
Monday, November 1, 2010
iPhone4 အတွက်မြန်မာဖောင့်
Facebook Comments
Subscribe to:
Post Comments
(
Atom
)
0 comments :
Post a Comment