Employment Pass နဲ့ ပက်သက်လို့ နားလည်မှုလွဲနေတာလေးတွေ မကြာခဏဖြစ်တတ်ကြလို့  နဲနဲလောက်ရှင်းပြပေးချင်ပါတယ် ကုမ္ပဏီ အချို့ က သူတို့ မှာ S'pass Quota မလုံလောက်ရင်သော်၎င်း (သို့ ) ကုမ္ပဏီက အသစ်ဖြစ်နေလို့  S'pass Quota မရှိရင်သော်၎င်း အလုပ်ရှင်တွေဘက်က EP တင်ပေးမယ်ဆိုပြီး ပြောလာတဲ့အခါ EP က Quota မလိုတဲ့ အတွက် လွယ်လွယ်ကူကူ Approve ဖြစ်လိမ့်မယ်လို့ ထင်ပြီး လက်ခံမိတတ်ကြပါတယ်။
အဲဒီလို ကိုယ်က EP တင်တော့မယ်ဆိုတဲ့ အချိန်မှာ EP Approval ဖြစ်ဖို့ လိုအပ်တဲ့ အချက်လက်တွေကို သိထားဖို့  လိုအပ်ပါတယ်...
အကြမ်းဖျင်းအားဖြင့်
၁) အနိမ့်ဆုံးလစာ $2500/ ဖြစ်ရပါမယ်
၂) အသိအမှတ်ပြုခံထားရသော University/Institute တစ်ခုခုမှ Degree (သို့ ) Master Degree တစ်ခုခုရှိထားရပါမယ်။
ချွင်းချက် အနေနဲ့ ကတော့ လျှောက်ထားသူမှာ အထက်ပါ အသိအမှတ်ပြုခံထားရသော University/Institute တစ်ခုခုမှ Degree မဟုတ်သော်လည်း လုံလောက်သော အတတ်ပညာနှင့် အတွေ့  အကြုံရှိမယ်ဆိုရင် ရနိုင်ပါတယ်။
၃) စင်ကာပူနိုင်ငံ အစိုးရရဲ့  လိုအပ်နေသော လုပ်ငန်းအမျိုးအစားနဲ့ လည်း ကိုက်ညီမှုရှိရပါမယ်။
၎) လုံလောက်တဲ့ အတွေ့ အကြုံရှိရပါမယ်။
အထက်ပါအချက်တွေကတော့ အနိမ့်ဆုံး EP level မှာ အကြမ်းဖျင်းအားဖြင့် ရှိနေရမယ့် အချက်တွေပဲဖြစ်ပါတယ် နေ့ စဉ်နဲ့  အမျှပြောင်းလဲနေတဲ့ MOM (Ministry Of Manpower) ရဲ့  ဥပဒေတွေကြောင့် တိတိကျကျ သိချင်တယ်ဆိုရင်တော့ ဒီနေရာလေးမှာ ကိုယ်တိုင် ဝင်ရောက်ဖတ်ရှုနိုင်ကြပါတယ်..
MOM ရဲ့  website ထဲမှာ တရားဝင်အနေနဲ့  မဖော်ပြထားသော်ငြားလည်း MOM Officer များရဲ့ အဆိုအရ စင်ကာပူရဲ့  ယနေ့ လက်ရှိ အခြေနေမှာ EP တစ်ခု Approve ဖြစ်ဖို့ ဆိုရင် အခြားအကြောင်းအရာ တစ်ချို့ လဲ ပြည့်စုံဖို့ လိုအပ်ပါသေးတယ်...
အခြားအကြောင်းအရာများဆိုတဲ့နေရာမှာ ကုမ္ပဏီတော်တော်များများက အသစ်ဖွင့်စမှာ Quota မရှိကြတဲ့ အတွက် EP တင်ပေးဖို့ ကြိုးစားကြပါတယ်
ဒီအကြောင်းတွေကို သိနေတဲ့ MOM က တော်ရုံတန်ရုံနဲ့  EP ချမပေးပါဘူး ဒါကြောင့် ကုမ္ပဏီ အသစ်ဆိုရင် ရာနှုန်းပြည့်နီးပါး EP ကျနိုင်ဖို့ မသေချာပါဘူး။
(လူတိုင်းကို မဆိုလိုပါ ဖော်ပြပါ အချက်လက်များနဲ့  ပြည့်စုံနေမယ် ဆိုရင်တော့ တစ်မျိုးတစ်မည် ဖြစ်နိုင်ပါတယ်)
ကုမ္ပဏီ အဟောင်းဖြစ်မယ်ဆိုရင်လဲ အဲဒီ ကုမ္ပဏီက သတ်မှတ်ထားသော EP တစ်ယောက်ရဲ့  လုပ်အားခကို တစ်ကယ်ပေးနိုင် မပေးနိုင် ကုမ္ပဏီရဲ့  ငွေရေးကြေးရေး ရှင်းတန်း နှင့်
နှစ်ပတ်လည် ဝင်ငွေတွေ ပေါ်မှာမူတည်ပြီး စဉ်းစားဆုံးဖြတ်ပါတယ်...
"အဓိကဆိုလိုချင်တာကတော့ EP ကို အရင်လို လွယ်လွယ်ကူကူ မချပေးတော့ဘူးဆိုတာပါပဲ"
EP Rejected ဖြစ်သွားပြီးတဲ့ လူတစ်ယောက်ဟာ အလွန်ပဲနစ်နာသွားရပါတယ် ဘာကြောင့်လဲဆိုတော့ S'pass ကို ပြန်လျှောက်တဲ့ အခါမှာ ပိုပြီးအခက်ခဲဖြစ်သွားစေနိုင်လို့ ပါ
အဓိကအကြောင်းရင်းကတော့ လစာကွာဟချက်ကြောင့်ပါပဲ EP လျှောက်ခဲ့စဉ်က လစာ $2500 အထက်လျှောက်ခဲ့ပြီး S'pass လျှောက်တော့ $2000 အောက်လျှောက်ကြရပြန်ပါရော
အဲဒီအချိန်မှာ ပထမနဲ့  ဒုတိယ လျှောက်ထားချက်တွေ မတူညီပါဘူး ဆိုတဲ့ MOM ရဲ့ 
အကြောင်းပြချက်နဲ့ ပဲ လျှောက်လိုက်တိုင်း ထပ်ခါထပ်ခါ Rejected ဖြစ်ကြပါလေရော....
လူတိုင်းကိုတော့ မဆိုလိုချင်ပါ အလွန်ကံကောင်းသောသူများ ရှိချင်ရှိနိုင်ပါတယ် ဒါပေမယ့် အများစုက ဒီပြဿနာတွေ လက်ရှိကြုံတွေ့ နေကြရတဲ့ အတွက် စေတနာကောင်းလေးနဲ့ သတိပေးလိုက်ရပါတယ်။
မိုးသိကြား
Saturday, October 30, 2010
EP လျှောက်မယ်ဆို သတိထား !!!!!
Subscribe to:
Post Comments
(
Atom
)
Thanks a lot!
ReplyDelete