မိုးသိကြား ဘလော့ခ်ကို ၂၀၀၈ ခုနှစ် စက်တင်လာလမှာ စတင်ပြီး အသက်သွင်းခဲ့ရာမှာ ယခုဆိုရင် ၂နှစ်ကျော်သွားခဲ့ပါပြီ စတင်ရေးစဉ်က Blog ဆိုတာဘာမှန်းမသိပဲ စမ်းတစ်ဝါးဝါး ရေးခဲ့ရပါတယ် ကနဦးရည်ရွယ်ချက် ကတော့ နိုင်ငံရပ်ခြားမှာ အကြောင်းအမျိုးမျိုး ရည်ရွယ်ချက်အမျိုးမျိုးနဲ့  လာရောက် အလုပ်လုပ်ကိုင်ကြမယ့် ဒို့ မြန်မာများ အတွက် အတတ်နိုင်ဆုံး ဒုက0x081ခမရောက်ကြပါစေနဲ့ ဆိုတဲ့ ရည်ရွယ်ချက်လေးနဲ့  အလုပ်အကိုင်များနဲ့  ပက်သက်သော သတင်းအချက်လက်လေးများ ပေးမယ်ဆိုတဲ့ စေတနာကောင်းလေးနဲ့ ပထမဦးဆုံး ပိုစ့်ဖြစ်တဲ့ "အေးဂျင့်အတုများ သတိပြု" ဆိုတဲ့ ပိုစ့်လေးကို စတင်ဖြစ်ခဲ့ပါတယ်...
ဒီပိုစ့်လေးဟာလည်း တစ်ကယ်တမ်းကျတော့ ကျွန်တော့်ဆီကိုရောက်လာတဲ့ Forward mail လေးကို ပြန်တင်ပေးခဲ့တာပါ အဲဒီနောက်ပိုင်းမှာ တော်တော်ကြာကြာ ပိုစ့်တွေ မတင်ဖြစ်ခဲ့ရာက iPhone ပေါ်လာပြီးနောက်ပိုင်း တွေ့ ကြုံနေရတဲ့ အခက်ခဲတွေကို မှတ်စုသဖွယ် စုစည်းတင်ပြရင်က စလို့  ကျွန်တော့် Blog လေးမှာ စာရှုသူများလာပြီး IT Blog လေးဖြစ်မှန်းမသိ ဖြစ်လာခဲ့ရပါတယ် မြန်မာပြည်က ပရိတ်သတ်တွေကလည်း ခက်ခက်ခဲခဲ ဝင်ရောက်အားပေး မေးမြန်းလာတာကို တွေ့ ရပါတယ် Internet ကိုအတားဆီးမရှိ အသုံးချနိုင်ပြီး လိုချင်တာကို လွယ်ကူစွာ ရှာဖြွေကည့်ရှုနိုင်သူများ အနေနဲ့ ကတော့ ကျွန်တော် Blog လေးက အသုံးဝင်ကောင်းမှဝင်ပါလိမ့်မယ် ဒါကြောင့်မို့  မြန်မာပြည်ပရိသတ်အတွက် ရည်ရွယ်ပြီး ကိုအိမ်မက်ရှင် ရဲ့  အကြံပေးချက် နဲ့  ယနေ့  29.10.2010 (Fri) မှာ "www.moethagyar.info" Domain Name ကိုအပိုင် ဝယ်ယူလိုက်ပြီဖြစ်လို့  လွယ်ကူမြန်ဆန်စွာ ဝင်ရောက်ဖတ်ရှုနိုင်ကြပါပြီ လို့ သတင်းကောင်းလေးပေးလိုက်ပါတယ်..
ယနေ့ မှစပြီး အောက်ပါလိပ်စာလေးအတိုင်း ဝင်ရာက်ဖတ်ရှုနိုင်ကြပါပြီ...
www.moethagyar.info
မိုးသိကြား
Friday, October 29, 2010
ကိုယ်ပိုင် Domain နဲ့  မိုးသိကြား
Subscribe to:
Post Comments
(
Atom
)
congratulations ပါဗျာ ကိုမိုးသကြား ... ဂုဏ်ယူပါတယ် ... အခုလို နည်းပညာဆီမီးကို အပင်ပန်းခံ၊ အလုပ်ပျက်ခံပြီး စိတ်ရှည်ရှည်နဲ့ ထွန်းညှိ လင်းကျင်းစေလို့ အထူးပဲ ကျေးဇူးတင်ရှိနေပါကြောင်း ... ။
ReplyDeleteခင်မင်လေးစားမှုများစွာဖြင့်
စေတနာကို လေစားပါတယ် ။ iPhone application နဲ့ ပတ်သတ်ပြီး အများကြီး ဗဟုသုတ ရပါတယ် ၊ အကျိုးလည်း ရှိပါတယ်' အရေးအသားတွေမှာ "မာန်တက်" နေတဲ့ usage တွေမပါဘဲ low profile နဲ့ရေးထားလို့ ပိုလေစားပါတယ် ။
ReplyDelete( this is very first time to write Myanmar font through & applied by ur article (Burglish v1.9.12.090705) take total time - 20 min.. )
anyway , let me say again . THANKS