25 Nov 2010 တုန်းက Cbox မှာ နိုးတူး မေးခဲ့တဲ့ မေးခွန်းလေး ရဲ့  အဖြေပါ..
မေး : ကိုမိုး ဖြစ်နိုင်ရင်ကူညီပေးပါအုံး..
"iTunes could not connect to this iPhone because an unknown error occured (0xE8000065)" အဲဒီ error တက်နေလို့.. itunes နဲ့ ချိတ်လို့မရဘူး.. WinSCP နဲ့လည်းချိတ်လို့မရဘူး
ဖြေ : iPhone ကို iTune နဲ့  ချိပ်ဆက်လိုက်တဲ့ အခါမှာ ဖြစ်တတ်တဲ့ Error တစ်ခုပါ ဒါပေမယ့် ဖြစ်ခဲပါတယ်..
ဘာကြောင့်ဖြစ်တာလဲဆိုရင်တော့ အကြောင်းကြောင်း ကြောင့် လို့ ပဲအဖြေပေးလိုက်ပါရစေ။
နိုးတူး ဒီမေးခွန်းကို မေးတဲ့အချိန်မှာ ကျွန်တော့်မှာ အတွေ့ ကြုံမရှိတာကြောင့် ချက်ခြင်း ပြန်မဖြေနိုင်ခဲ့ပါဘူး ဒါပေမယ့် သူကပဲ မေတ္တာတွေပို့  နေလို့ လားတော့ မသိဘူး ၂၈ ရက်နေ့ မှာပဲ တိုက်တိုက် ဆိုင်ဆိုင် ကျွန်တော် ကိုယ်တိုင် ဒီပြဿနာနဲ့  ရင်ဆိုင်ခဲ့ရပါတယ်...
ဖြစ်ပျက်ပုံကတော့ ဒီလိုပါ သူငယ်ချင်းတစ်ယောက် (မြန်မာကီးဘုတ် ပျက်မှာစိုးလို့  ပေခံနေသူ) ရဲ့  3Gs(iOS 3.1.3) ကို iOS 4.1 (မြန်မာကီးဘုတ် ရပြီဆိုလို့ ) iTune မှ နေပြီးတိုက်ရိုက် Restore နဲ့  iOS 4.1Restore ကို တင်လိုက်ရာမှာ Crash ဖြစ်ပြီး ဒီ "unknown error occured (0xE8000065)" Error တက်လာပါလေရော...
ကျွန်တော် စိတ်ညစ်သွားတယ် ဒါပေမယ့်လဲ ကိုယ်တိုင်ကိုယ်ကျ စမ်းလို့ ရပြီကွ ဆိုပြီး နဲနဲတော့ ပျော်သွားတယ်...
နည်းလမ်းကို စုံသွားတာပဲ ဒါပေမယ့် နောက်ဆုံးမှာတော့ အောင်မြင်စွာနဲ့  ကယ်တင်လိုက်နိုင်ပါတယ်..
(0xE8000065)Error ဖြေရှင်းနည်းများ
၁) ပထမ ဖြေရှင်းနည်းတစ်ခု ကတော့ ရိုးရိုးလေးပါ USB Cord ကို ပြောင်းပြီးသုံးကြည့်ပါ။
၂) ဒုတိယနည်း ကတော့ ဖြစ်နိုင်ခြေရှိပါတယ် iPhone ကို PC နှင့်ချိပ်ဆက်ထားပါ Error message ပေါ်လာပေမယ့် ဒီအတိုင်း ချိပ်ထားပြီး iPhone ကို Power OFF ပေးလိုက်ပါ။ ၁၀စက0x081ကန့် လောက်ကြာမှ Power ON ပေးလိုက်ပါ (သတိထားရမှာ ကတော့ PC နှင့် iPhone ကို တောက်လျှောက်ချိပ်ထားပေးဖို့ ပါ) အချို့ လူတွေ အတွက် ဒီနည်းက အဆင်ပြေပါတယ်။
၃) တတိယနည်း ကတော့ iTune Uninstall လုပ်ပြီး မှ အစ/အဆုံး ပြန် INSTALL လုပ်ပေးလိုက်ပါ
Programs တွေကို UNINSTALL လုပ်ရမယ့်ပုံစံ အဆင့်ဆင့်ကတော့
Use the Control Panel to uninstall iTunes and related software components in the following order:
1. iTunes
2. QuickTime
3. Apple Software Update
4. Apple Mobile Device Support
5. Bonjour
6. Apple Application Support
** ဒီနည်းနဲ့  ကျွန်တော် အဆင်ပြေသွားခဲ့တာပါ...
၎) စတုထ0x081တနည်း ကတော့ Apple Device Setting ကို Administrator mode ပြောင်းပေးခြင်းပါ..
Task Manager window ပေါ်ရန် ကီးဘုတ်မှ (Ctrl+Alt+Del) နှိပ်ပါ Process tab ရဲ့  အောက်နားက "Show processes from all users" ကိုနှိပ်ပေးလိုက်ပါ။
ပြီးရင် "AppleMobileDeviceService.exe" ကိုရှာပါ တွေ့ ရင် Right Click နှိပ်ပြီး "Properties" ကိုရွေးပါ Box ပေါ်လာလျှင် “Compatibility” tab ထဲမှာ "Run this program in compatibility mode for" ကို အမှန်ဖြစ်ရွေးပေးလိုက်ပြီး "Vista SP2" ကိုရွေးပြီး အောက်ဆုံးက "Run this program as an administrator" ကို အမှန်ဖြစ်ရွေးပေးလိုက်ပါ...
မှတ်ချက်။ ။ ကျွန်တော်ကတော့ "Vista SP2" ဆိုတာကို ရှာမတွေ့ ပါဘူး
အထက်ပါ နည်းလမ်းများမှ တစ်ခုခုနှင့် အဆင်ပြေနိုင်ကြပါစေ ကျွန်တော်ကတော့ တတိယနည်းနဲ့  အဆင်ပြေသွား ပါတယ်...
မိုးသိကြား
အကို ကျွန်တော့ i phone ဝယ်ထားတာမကြာသေးပါဘူး။ ကျွန်တော့ iphone မှာ apps တွေသွင်းတဲ့ အခါ The app"iSpreadsheet" was not installed on the iPhone"Apple iMac's iPhone" becayse an unknown error
ReplyDeleteoccured (0xE8008001). ဆိုပြီး ပေါ်နေပါတယ်...အဲဒါဘယ်လိုလုပ်ရမလဲဆိုတာသိချင်လို ့ပါ
ကျွန်တော်မိတ်ဆွေ ipad mini ကမသုံးတာ ၅ လလောက်ကြာသွားတော့ ပြန်ဖွင့်ကြည့်တဲ့အခါ lock screenပဲပေါ်ပြီး ဘာမှဆက်ဖွင့်လို့ မရ တော့ဘူး။ connect to itunes ဆိုတဲ့စာသားပဲပြနေတာကြောင့် itunes နဲ့ချိတ်ဆက်ကြည့်တဲ့အခါလည်း ဘယ်လိုမှဖွင့်လို့မရ ဘူးဖြစ်နေတယ်။ ကြိုးကြောင့်ထင့်ပြီး အခြား ipad တွေကိုဖွင့်ကြည့်တော့ဖွင့်လို့ရတယ်။ ကူညီပေးပါအုံး အစ်ကိုရေ....
ReplyDelete