Tuesday, November 30, 2010

Jailbreak For iOS 4.2.1 (Tethered)


Apple ရဲ့  iOS 4.2.1 ကို update လုပ်မိကြတဲ့ iPad အပါအဝင် iPhone 4,3G,3GS (New Bootrom) နှင့် iPodTouch များအတွက် Jailbreak Tool အသစ်ဖြစ်တဲ့ redsn0w 0.9.6 b4 ကို Dev-Team ကနေပြီးတော့ update လုပ်ပေးလိုက်ပါပြီ... ** Ultrasnow နဲ့  unlock လုပ်ဖို့  လိုတဲ့ Device များအနေနဲ့ တော့ လက်ရှောင်စေချင်ပါတယ်... **

Jailbreak လုပ်နိုင်မယ့် Device များကို အောက်မှာဖော်ပြပေးလိုက်ပါတယ်


* iPhone 3GS (New Bootrom)
* iPhone 3G
* iPhone 4
* iPod Touch 2G (MC Model)
* iPod Touch 3G
* iPod Touch 4G
* iPad

လိုအပ်သော Software နဲ့  Firmware များကို Download အရင်ရယူပါ

RedsnOw Download
* RedsnOw 0.9.6 b4 (Win)
* RedsnOw 0.9.6 b4 (Mac)

Firmware Download
* iPhone 3GS (New Bootrom)
* iPhone 3G
* iPhone 4
* iPod Touch 2G (MC Model)
* iPod Touch 3G
* iPod Touch 4G
* iPad

မိမိ Device နှင့်သက်ဆိုင်သော Firmware (IPSW) ကိုသာ ရယူပါ
***************

လုပ်ငန်းစဉ်

၁) Device ကို PC နှင့်ချိပ်ဆက်ထားပါ

၂) Restore လုပ်ရန် iTune တွင် keyboard မှ Ctrl/Shift တွဲပြီး Restore button ကိုနှိပ်ပေးပါ
အပေါ်တွင် download လုပ်ထားခဲ့သော သက်ဆိုင်ရာ Firmware(IPSW) ကိုရွေးပေးလိုက်ပါ
Device Restore လုပ်နေပါပြီ

၃) Jailbreak လုပ်ငန်း စတင်ရန် RedsnOw ကို Run ပေးလိုက်ပါ

၎) RedsnOw တက်လာပါက Browse ကိုနှိပ်ပြီး စောစောက Restore လုပ်ပေးခဲ့သော Firmware(IPSW)ကိုပဲ Open ဖြင့် ထပ်မံရွေးချယ်ပေးလိုက်ပါ...ပြီးရင် Next ကိုနှိပ်ပါ...

၅) ပေါ်လာသော Box တွင် Cydia ကိုသာ အမှန်ဖြစ်ရွေးပေးပြီး Next ကိုနှိပ်ပါ...

၆) နောက်တစ်ခါ Next မနှိပ်ခင် Device ကို OFF ပေးလိုက်ပါ

၇) DFU mode ပြောင်းရန် သင့်ရဲ့  လက်ကို Power နှင့် Home button တို့ ကိုနှိပ်ရန် အသင့်ပြင်ထားပါ ပြီးမှ Next ကိုနှိပ်ပါ

၈) RedsnOw ကသင့်ရဲ့  Device ကို DFU mode လုပ်ရန် ညွှန်ကြားပါလိမ့်မည်... ညွှန်ကြားချက် အတိုင်း တစ်ဆင့်ခြင်း လုပ်ဆောင်ပါ

၉) DFU mode အတွက် လုပ်ဆောင်ချက်မှန်ကန်ပါက RedsnOw သည်အလိုလျှောက် Jailbreak လုပ်ဆောင်သွားပါလိမ့်မည်..

၁၀) အားလုံးပြီးစီးသွားပါက Device ပြန်လည်တက်လာပြီး Home screen တွင် Cydia ကိုတွေ့  ရှိမှာဖြစ်ပါတယ်

iPhone 4, 3GS (New Bootrom), iPod touch 4G / 3G / 2G, iPad များကသာ အောက်ပါ အဆင့်များကို ဆက်လက်လုပ်ဆောင်ရန် ကျန်ရှိနေပါတယ်

အဆင့် (၁၀) ထိအောင်မြင်စွာ ဆောင်ရွက်နိုင်ပြီး Home screen တွင် Cydia ကို တွေ့ နေရသော်လည်း Cydia ကို ဝင်လို့  မရပါ (tethered jailbreak) ကြောင့်ပါ...အောက်ပါအတိုင်း ဆက်လုပ်ပါ

၁၁) RedsnOw ကိုပြန် Run လိုက်ပါ

၁၂) အခု တစ်ကြိမ်မှာတော့ (just boot tethered right now) တစ်ခုကိုပဲ အမှန်ခြစ်ရွေးပေးပြီး Next နှိပ်ပေးလိုက်ပါ

၁၃) ပြီးသွားတဲ့ အချိန်မှာ နာနတ်သီပုံ လေးနဲ့  Boot ပြန်တက်လာမှာဖြစ်ပါတယ် အခုဆိုရင် Cydia က လုံးဝ အလုပ်လုပ်သွားပါပြီ...

အောက်က VIDEO လေးကို ကြည့်ပြီး လုပ်ဆောင်ကြပါကုန်...



မှတ်ချက်။ ။ ဒီတစ်ခါ ပုံများနှင့် တစ်ဆင့်ခြင်း မတင်ပေးတော့ပါဘူးနော် အရင် iOS တွေကို RedsnOw နဲ့  Jailbreak လုပ်ရာမှာ ပြည့်စုံစွာ ဖော်ပြပေးခဲ့ပါပြီ ဒီနေရာမှာ ပြန်လည် လေ့လာလို့ ရပါတယ် အဆင့်များ အားလုံး အတူတူပါ...

မိုးသိကြား

18 comments :

  1. အကိုရေ....
    ကျွန်နော့ iphone က 3G ပါခဗျာ...jailbreak လုပ်သာအောင်မြင်ပါတယ် ဒါပေမဲ့ sim card အလုပ်မလုပ်ဘူးဖြစ်နေတယ်
    no service ဖြစ်နေတယ်...အကိုပေးထာတဲ့ လုပ်နည်းက Wi-Fi ရှိမှရမှရမှာလေ...ခက်တာကကျွန်နော့မှာ Wi-Fi မရှိတော့အခက်တွေ့နေပါတယ်...ကျေးဇူးပြုပြီးတော့ တခြားနည်းလမ်းများရှိရင် ပြောပြပေးပါခင်ဗျာ....
    ကျေးဇူးတင်ပါတယ်
    စောင့်မျှော်လျှက်
    ( မင်းခန့် )minkhant005@gmail.com

    ReplyDelete
  2. Reboot လုပ်တိုင်း apple logo မှာရပ်နေပြီး ပြန်ပြီးတော့ RedSnowနဲ့ပြန်ပြန်ပြီးလုပ်နေရပါတယ်
    ကူညီပါဦး iphone 4 ပါ

    ReplyDelete
  3. ဒီ Redsnow version သည် Window 7 နှင့် ကောင်းစွာ အလုပ် မလုပ်ပါ ၍ Vista (သို ့ XP ပြောင်းသုံးကြပါကုန်....

    ReplyDelete
  4. Windows Vista နှင့်လုပ်တာ အဆင်မပြေပါ Reboot လုပ်နေချိန် Redsnow ရပ်သွားပါသည်။ Windows 7 တွင်အထက်ပါပြဿနာ အဆင်ပြေသော်လည်း
    iphone Reboot လုပ်တိုင်း Redsnow နှင့်ပြန်၍ (just boot tetherted...) လုပ်ရပါသည် ကူညီပါအုံး
    ကျေးဇူးတင်ပါသည်

    ReplyDelete
  5. ကျွန်တော်လဲ Reboot လုပ်ရင် Redsnow Logo မှာ ရပ်ရပ်သွားပါတယ်။
    နည်းလမ်းလေးများရှိရင် ကူညီပါအုံး

    ReplyDelete
  6. အခက်အခဲများကို အဖြေရှာရန် ကျေးဇူးပြုပြီး iPhone version,iOS နှင့် Baseband များကိုပါ ဖော်ပြပေးစေလိုပါတယ်

    ReplyDelete
  7. ဘယ်လိုမှ Jailbreak လုပ်လို ့မရတော့ဘူး ဆိုရင်တော့ အကြံပေးချင်တာ ကတော့ 4.1 ကိုသာ Downgrade ပြန်ချပေးလိုက်ကြပါ.. 4.1 မှာ မြန်မာဖောင့်လဲ ရပြီဆိုတော့ ပိုပြီး အဆင်ပြေပါတယ်..

    ReplyDelete
  8. ကူညီပေးပါအုန်း..
    Iphone 4 အသစ်သွားလုပ်လိုက်တယ်..iOS က 4.2.1(8C148)ဖြစ်နေလို့ အဲ့ဒါကို Jailbreak လုပ်ချင်လို့ မြန်မာ Font လဲသုံးလို့ရတဲ့ Unlock လဲ လုပ်လို့ရတဲ့ Software လေး ပေးပါ အစ်ကို...ဒီ Iphone 4 ကိုုအသုံး ပြုလို့ ရအောင်. အစ်ကို ကူညီပေးပါနော်..........
    ိုကျေးဇူးတင်ပါတယ်။

    ReplyDelete
  9. ကိုမိိုးသိကြားကျွန်တော် firmware ပြန်တင်တိုင်းpin lock ကျသွားပါတယ် AT&T ကsimcard ထည့်မြှပန်ရသွားတယ် အဲဒီsimcard ကကျွန်တော်မှာမရှိလို ့ဘယ်မှာရနိုင်မလဲမသိဘူး ကျွန်တော်ကမြန်မာကပါ ....ကျွန်တော်အဲဒီအဆင့်ရောက်ဖို ့ဆိုင်ကိုသွားနေရပါတယ်ကူညီပေးပါ

    ReplyDelete
  10. hi bro , i want to uninstall jail break , how to uninstall cycdia , thanks bro , my ph is i ph 4 , bro

    ReplyDelete
  11. iTunes နဲ ့ချိပ်ပြီး Power OFF ပါ DFU mode ပြောင်းပြီး iTunes မှာ Restore နှိပ်လိုက်ရင် Jailbreak ပျောက်ပြီး Original firmware ပြန်လည်ရရှိသွားမှာပါ...

    ReplyDelete
  12. yes ,bro , DFU mode is change in redsnow ? first redsnow run and then at iTunes Restore click ,thanks for explain .

    ReplyDelete
  13. ကိုမိုးသကြားဆိုက်ကိုမြန်မာပြည်မှာ ဘမ်းထားတယ်......ဘာလို့လဲ...၀င်ချင်ရင် ultrasulf တို့လို ကျော်တဲ့ sofware နဲ့ဝင်မှအဆင်ပြေတယ်....နိုင်ငံရေး အကြင်းမပါပဲနဲ့ ဘာလို့ ဘမ်းထားတာလဲ.....ကျွန်တော်တို့တော့ကျော်ရခွရတာတော်တော်ခက်ပါတယ်

    ReplyDelete
  14. ဟုတ်မှာပါ ကျွန်တော် မြန်မာပြည် ခဏပြန်တုန်းကလဲ ဒီလိုပဲ ကျော်ခြွပီးမှ ဝင်ရတယ်.. မေးကြည့်တော့ Blogspot တွေကို ဘမ်းထားတော့ ကျွန်တော်လဲ ပါသွားတာပေါ့ဗျာ အစကတော့ Domain ဝယ်လိုက်ရင် ရမယ်ထင်တာ အခုတော့ ပိုက်ဆံကုန်တာပဲ အဖတ်တင်ပါတယ်ဗျာ...

    ReplyDelete
  15. ကိုမိုးသကြားရေ.. pogoplank theme တွေ သုံးချင်လို့ .. အဲ့ဒီ pogo plank ကိုသွင်းတာ ရတော့ရပါတယ် ..ပြီးတော့မှ theme တွေကို cydia ကနေ install လုပ်တော့ သူက pogo plank ကို purchase လုပ်ပါပဲ ပေါ်နေတယ် အစ်ကို.. ဒေါင်းလို့မရဘူး ဖြစ်နေတယ် ... စက်ထဲမှာတော့ pogo plank က သွင်းပြီးသားဖြစ်နေတာ ဘာများမှားနေလဲ မသိပါဘူး ... ကူညီပါဦး အစ်ကို ... ကျေးဇူးတင်ပါတယ် ...:)

    ReplyDelete
  16. တစ်ကယ်တမ်းကျတော့ Cydia ဆိုတာလဲ AppStore လိုပါပဲ Apple က support မလုပ်တဲ့ App တွေကို သုံးလို ့ရအောင် Jailbreak လုပ်ဖို ့ စွဲဆောင်တယ် ပြီးမှ Cydia ထဲကနေမှ အချို ့ App,Themes တွေကို ပြန်ရောင်းပါတယ်။ ဒီလို Cydia ကရောင်းတဲ့ App တွေကို ပြန်ပြီး crack လုပ်ထားတာတွေလဲ ရှိပါတယ် ကတုံးပေါ် ထိပ်ကွက် တာပေါ့ဗျာ.. Cydia ထဲက အရာတိုင်း Free မရနိုင်ဘူးလို ့ ပြောချင်တာပါ။

    ReplyDelete
  17. ကျန်တော်ဖုန်းက3G bsseband က05.15.04moderm firmwareပါ redsnowနဲ့jailbreakလုပ်တိုင်း apple logoမှာရပ်နေပါတယ်
    ဆက်မသွားတော့ပါ

    ReplyDelete
  18. phone ကို PC နဲ ့ချိပ်ပြီး JB လုပ်ခဲ့တဲ့ Redsnow ကို run လိုက် Browse မှာ iOS4.2.1 Restore ကိုရွေးလိုက်။ Next လုပ် ပြီးရင် Install Cydia ကိုမရွေးပဲ (just boot tethered right now) ကိုရွေးလိုက်ပြီး ဖုန်းကို Power Off လိုက်ပါ ပြီးမှ Next နှိပ်ပြီး DFU mode ဝင်ရန် ညွှန်ကြားချက်အတိုင်း လုပ်ဆောင်ပါ။ အားလုံးပြီးရင် အဆင်ပြေသွားပါလိမ့်မယ်။

    ReplyDelete