Wednesday, December 1, 2010

iPhone 3Gs, 3G (iOS 4.1, 4.2.1) ကို Unlockable Baseband ပြောင်း၍ Jailbreak လုပ်ခြင်း

iPhone 3Gs, 3G (iOS 4.1, 4.2.1) တို့  Jailbreak တော့လုပ်လို့ ရတယ် Unlock ချလို့  မရသူများ အတွက် RedsnOw 0.9.6b5 ထပ်မံထွက်ရှိလာပါပြီ...
သူရဲ့  အဓိကလုပ်ဆောင်ချက် ကတော့ iPhone ကို jailbreak လုပ်ပြီး Baseband များအားလုံးကို Unlock လုပ်နိုင်သော Baseband 06.15.00 သို့  အပြီးတိုင်ပြောင်းလဲ လိုက်ခြင်းပါ...

အောက်ပါ အချက်များကို သေချာစွာ နာလည်အောင် ဖတ်ရှုပြီး လက်ခံနိုင်ပြီ ဆိုမှ ဒီ Tool ကို သုံးပါ...

*** ဖြစ်ပေါ်လာသော နောက်ဆက်တွဲ များသည် သင်၏ တာဝန်သာဖြစ်သည်... ***

၁) Baseband 06.15.00 ကိုပြောင်းလဲခြင်းသည် အပြီးတိုင်ဖြစ်၍ နောက်ပြန်လှည့်လို့  မရနိုင်ပါဘူး သင့်ရဲ့  Warranty လဲ ပျက်ပြယ်သွားပါတယ်။

၂) နောက်ထပ် အနာဂါတ်မှာ ထွက်ရှိလာနိုင်တဲ့ Baseband များကို လဲ update လုပ်လို့ မရနိုင်ပါဘူး

၃) သင်ဟာ Baseband 06.15.00 ကိုပြောင်းလဲထားသူဆိုရင် Firmware 4.2.1 ကစပြီး Apple ရဲ့  stock firmware ကို Restore ပြန်လုပ်လို့ မရတော့ပါဘူး ( Restore လုပ်ချင်ရင် custom IPSWs တွေကိုသာ Restore လုပ်နိုင်မှာပါ)

မှတ်ချက်။ ။ RedsnOw ရဲ့  အဓိက ရည်ရွယ်ချက်သည် iPhone 3Gs,3G (iOS 4.1, 4.2.1) သုံးသူများ
ဘယ်လို unlock လုပ်လို့ မရသူများ အတွက်သာ ရည်ရွယ်ပါတယ်။

အကယ်၍ iPhone 4,3Gs,3G,iPad နှင့် iPod Touch (iOS4.1, 4.2.1) အသုံပြုသူများ အရင်တုန်းက unlock လုပ်ရာမှာ အခက်ခဲ မရှိခဲ့ဘူးဆိုရင်တော့ RedsnOw 0.9.6b4 အသုံးပြုပြီး jailbreak ချတဲ့ နည်းလမ်းလေး ကိုပဲ ညွှန်ပါရစေ..
ဒီနေရာမှာ ဖော်ပြပေးခဲ့ပါပြီ ပြန်ဖတ်လို့ ရပါတယ်...

** သဘောတူရင် စကြရအောင်..

၁) iOS 4.2.1 ကို Download အရင်လုပ်ပါ

၂) RedanOw 0.9.6b5 ကိုလည်း Download လုပ်ပါ

iPhone နှင့် PC ကိုချိပ်ဆက်ပါ...
၃) iTune ရဲ့  Restore ကနေ Download လုပ်ခဲ့သော iOS 4.2.1 IPSW file ကို Restore လုပ်ပါ..

၎) RedsnOw ကို Run လိုက်ပါ... Browse ကနေပြီးတော့ Download လုပ်ခဲ့သော iOS 4.2.1 IPSW file ကို ရွေးပြီး "Next" နှိပ်ပါ..


၅) "Install Cydia" နှင့် “Install iPad baseband” ကိုတော့ မဖြစ်မနေရွေးချယ်ပါ ကျန်တာကတော့ သင့်သဘောပါ...
မှတ်ချက်။  ။ သင့် Device သည် iOS4.2.1, 4.1 Jailbreak ဖြစ်ပြီးသားဆိုပါက "Install Cydia" ကို မရွေးပဲ ချန်ထားခဲ့ ပေးပါ “Install iPad baseband” ကိုသာရွေးပါ..

Custom boot logo, Custom recovery logo တို့ ကတော့ ဖုန်း reboot တက်လာတဲ့ အခါ သင်နှစ်သက်ရာ ပုံတွေကို ထည့်လို့ ရပါတယ်..
Emable multitasking, Enable battery percentage တို့ ကတော့ 3G သမားများ အတွက် သီးသန့် ပါ ရွေးချယ်ခဲ့မယ် ဆိုရင်တော့ multitasking,battery percentage တို့  ရသွားပါလိမ့်မယ် (ရွေးချယ်သင့်ပါတယ်)


၆) PC နဲ့ ချိပ်ဆက်ထားတဲ့ iPhone ကို Power OFF လိုက်ပါ ပြီးရင် "Next" နှိပ်ပါ...


DFU mode ဖြစ်ဖို့  RedsnOw ရဲ့  ညွှန်ကြားချက် အတိုင်း လိုက်နာဆောင်ရွက်ပါ..




၇) Installation စပြီဆိုရင်တော့ ခဏစောင့်နေလိုက်ပါ RedsnOw က အလိုလျှောက် ဆောင်ရွက်သွားပါလိမ့်မယ်..
အားလုံးပြီးသွားပြီ ဆိုရင်တော့ iPhone, iPod Touch ဟာ Auto Restart ပြန်ဖြစ်သွားပါမယ်..
အခုဆိုရင်တော့ သင့် Device ဟာ iOS4.2.1 (unlockable 06.15.00 baseband) ဖြစ်သွားပါပြီ..

*** Baseband 06.15.00 နဲ့ ဘယ်လို Unlock လုပ်ကြမလဲဆိုတာ ဒီမှာ ဆက်လက် ဖတ်ရှုနိုင်ပါတယ်...




14 comments :

  1. Can I use this software to unlock my iphone 4 OS 4.1 baseband 02.10.04 ?

    ReplyDelete
  2. If you don't need to Unlock your iPhone 4, you can jailbraek (iOS4.2.1)by reading this post (link below) and follow step by step.

    http://www.moethagyar.info/2010/11/jailbreak-for-ios-421.html

    ReplyDelete
  3. အကိုရေ...ကျွန်နော်မင်းခန့်ပါ .....ဒီနည်းလမ်းလေးနှင့် အဆင်ပြေသွားပါပြီး....အရမ်း ဝမ်သာမိပါတယ်...အကိုယ့်ကိုလည်းကျေးဇူးအထူးတင်ပါတယ်ဗျာ..
    အကိုမိုး..ပျော်ရွှင်အေးချမ်းပါစေဗျာ..။

    ReplyDelete
  4. အကို ရေ

    ကျတော် redsn0w 0.9.6b5 ကို run တော့ “Install iPad baseband” မပေါ်ဘူးဖြစ်နေတယ် ကူညီပါ iphone 4 ios 4.2.1 လက်ရှိ baseband က 03.10.01 ပါ

    ReplyDelete
  5. atkawzue ရေ ကျွန်တော့် ပိုစ့်ကို သေချာမဖတ်ဖြစ်ဘူးထင်တယ်နော်
    ကျွန်တော် ရေးထားတာ iPhone 3Gs နှင့် 3G အတွက်ပဲလေ..
    iPhone 4 (iOS 4.2.1) ဆိုရင်တော့ iOS 4.1 ကို Downgrade ချပြီးမှပဲ Jailbreak လုပ်လိုက်ပါ ဒါမှပဲ Unlock ရော Myanmar Font ပါ အဆင်ပြေပါလိမ့်မယ်..
    Downgrade ချတဲ့ နည်းကိုတော့
    "Downgrade Any iOS For All iDevices" ဆိုပြီးရေးခဲ့ ပြီးသားပါ။

    ReplyDelete
  6. ကျေးဇူးပြုပြီး ကူညီပါဦး
    ကျွန်တော့ ipad မှာ lock screen က slide to unlock and
    slide to off ကို ရွှေ့လို့မရတော့ဘူးဖြစ်နေတယ်။
    ကျွန်တော် 4.2.1 ကို upgrade လုပ်ပြီး jealbreak လုပ်လိုက်မိလို့
    ဖြစ်မယ်ထင်တယ်။ ကူညီပါဦး။

    ReplyDelete
  7. mzayar.. အကောင်းဆုံးကတော့ Apple Original stock firmware ကို iTune နဲ ့ချိပ်ပြီး Restore လုပ်ပါလို ့ အကြံပေး ပါရစေ.. အထက်ပါ ပိုစ့်ကို ဖတ်ပြီးလုပ်တာ ဆိုရင်တော့ သေချာ မဖတ်မိလို ့ဖြစ်မှာပါ ကျွန်တော် iPad အတွက် မရေးထားပါဘူး..

    ReplyDelete
  8. ကျွန်တော် itune နဲ့ ချိတ်ပြီး restore အကြိမ်ကြိမ်လုပ်ပြီးပြီ။
    မရဘူးအစ်ကို။အဓိက ပြဿနာက အဲဒီနေ့ ရုံးသွားတာ အသွားရောအပြန်ပါ
    မိုးမိတယ်။ ညကျတော့ အဲလိုဖြစ်သွားတာပါပဲ။ အခုတော့ screen လဲမှရတော့မယ်။
    တော်သေးတာက jealbreak လုပ်ပေမဲ့ warranty ရိှတော့ apple က ပြန်လဲပေးပါတယ်။
    ပိုက်ဆံတော့မပေးရဘူး။ ကျေးဇူးအများကြီးတင်ပါတယ် အစ်ကို။

    ReplyDelete
  9. ကိုမိုးသိကြား ရေ ကျတော် ကိုကူညီပါ downgrade က error 1004 တက်ပြီးတော့ baseband က 03.10.01 ဘဲဖြစ်နေတယ် sim lock မရသေးဘူး

    ReplyDelete
  10. အကိုရေ.
    Cydia ကိုဖွင့်လို့မရဘူး
    icon ကအဖြူရောင်ဖြစ်နေတယ်
    Iphone 4 iOS က 4.2.1(8C148)

    ReplyDelete
  11. Redsnow 0.96 zip file download lop pie zip pay tar 0 file bal shi tal,help me bro,thz'

    ReplyDelete
  12. ကိုဖြိုးApril 14, 2011 at 3:06 PM

    အကို redsnow 0.9 6b5 ကဒေါင်းလုပ်ချတာ page not found ဖြစ်နေတယ် အကို ကူညီပါဦး

    ReplyDelete
  13. jailbreak လုပ်ပြီး unlock လုပ်ဖို့ link ကိုဖွင့်လို့မရဘူးအကို ကူညီပါဦး

    ReplyDelete
  14. ကိုမိုးရေ ကျွန်တော်iphone3G Lockကို phပြောလို့ရအောင် လုပ်ဆောင်ချင်ပါတယ်ခဗျာ၊ ဆက်လုပ်ဆောင်ရမည့်အချက်တွေကိုညွှန်ပြပါအုံးအကိုရေ၊ JBလည်းလုပ်ပီီးသွားပါပီ၊ အဲဒီမှာပဲ ရပ်ထားပါတယ်အကို၊ဘာsoftware ကို သုံးပီးဘယ်လိုလုပ်ဆောင်ရပါမလဲအကို၊အကိုကူညီပါအုံးဗျာ၊အကို ကိုအစဉ်လေးစားလျက်။Modem Firmware05.15.04

    ReplyDelete