iDevice များအတွက် Application တွေကို iTune Store ကနေပြီး Download လုပ်နိုင်ရန် အတွက် iTune Account တစ်ခုရှိဖို့  လိုအပ်ပါတယ် ဒီလို iTune Account ဖွင့်ကြတဲ့ အခါမှာ Credit card မရှိလို့  ဖွင့်ရန် အခက်အခဲရှိနေတယ် ဆိုတဲ့ မိတ်ဆွေများအတွက် None အနေနဲ့  Account ဖွင့်နိုင်ဖို့  နည်းလမ်းလေးကို ပြောပြပေးချင်ပါတယ်...
ပထမဦးစွာ iTune Account ဖွင့်ဖို့ အတွက် မိမိမှာ e-mail Account တစ်ခုရယ် ဖုန်းနံပါတ် တစ်ခုရယ် လိုအပ်ပါတယ်... ရိုးရိုးတန်းတန်း Sing Up လုပ်မယ် ဆိုရင်တော့ Payment Method မှာ Visa,Master (သို့ ) American Express Card တစ်ခု မဟုတ် တစ်ခုကို ရွေးချယ်ရပါလိမ့်မယ် ဒီလိုဆိုတော့ ကျွန်တော်တို့ လို လူမျိုးတွေ အတွက် အကြီးအကျယ် ပြဿနာတက်ပြီပေါ့ဗျာ မပူပါနဲ့  ဘာ Credit card မှမလိုတဲ့ None ဆိုတဲ့ Option လေး ပေါ်လာအောင် ဒီလိုလုပ်လိုက်ကြပါလား....
၁) iTune ကို PC မှာ Download ဆွဲပြီး အရင် Install လုပ်ပါ (မရှိသေးဘူး ဆိုရင်ပေါ့)
၂) Install လုပ်ပြီးရင် iTune ထဲက iTune Store ကိုသွားပါ
၃) အဲဒီအထဲက Free ရတဲ့ App တစ်ခုကို Download လုပ်ပါ ဒီအခါမှာ Box တစ်ခုပေါ်လာပြီး Sing In လုပ်ဖို့  ပေါ်လာရင် Create New Account ကိုနှိပ်ပါ
၎) e-mail address တစ်ခုနဲ့  Sing Up လုပ်ပါ (Password ပေးရာမှာ အက0x081ခရာ အကြီး တစ်လုံး နှင့် ဂဏာန်း များ အပါအဝင် အနဲဆုံး (၈)လုံး ပေးရပါတယ်)
၅) လိုအပ်တာတွေကို ဖြည့်ပြီးရင် Continue ကိုနှိပ်သွားပါ
၆) ဒီအခါ "Payment Method" မှာ Credit card များအပြင် "None" ဆိုတာ တွေ့ ရပါလိမ့်မယ်
၇) "None" ကိုရွေးပြီး လိုအပ်တဲ့ ဖုန်းနံပါတ် လိပ်စာများ ဖြည့်သွင်းပြီး Sing up ဆက်လုပ်သွားနိုင်ပါပြီ
** နောက်ဆုံးမှာ သင့်အတွက် မည်သည့် Credit Card မှ မလိုပဲ iTune Account တစ်ခု ပိုင်ဆိုင်သွားပါလိမ့်မယ် **
iTune Account တစ်ခုပိုင်ဆိုင်ရေးသည် idevice သုံးဆွဲ သူများအားလုံး၏ ရပိုင်ခွင့် တစ်ခုဖြစ်သည်
မိုးသိကြား
Payment method မှာ none ပါတာက
ReplyDeleteUS store မှာပဲ လုပ်လု့ိရတယ် မဟုတ်လား အကိုရေ
SG storeမှာ noneနဲ့ ဘယ်လိုဖွင့်လည်း တဆိတ်လောက် ကူညီပါလား =)
Singapore Apple Store မှာလဲ ဒီလိုနည်းနဲ ့ပဲ None account ဖွင့်နိုင်ပါတယ်..
ReplyDeleteSG မှာ None မပါဘူးခင်ဗျ
ReplyDeleteဟုတ်ပါတယ် sg storeမှာ none မပါပါဘူး ဖွင့်ချင်ရင် US store ကို changeရပါတယ် noneနဲ့ဖွင့်နည်းလေး အကိုသိရင် နည်းလေးတစ်ဆိတ်လောက် မစပါလား =)
ReplyDeleteကျွန်တော် ဘယ်လိုရှင်းပြရမှန်းတောင် မသိတော့ဘူးဗျာ ဒီပိုစ့် နှင့်တစ်ကွ ဖော်ပြထားတဲ့ Screen shot တွေအားလုံးကို ကျွန်တော့် PC မှာပဲ ရိုက်ရင်း ကျွန်တော်နေထိုင်ရာ စင်ကာပူနိုင်ငံရှိ အခန်းကျဉ်းလေးထဲကနေပြီး တင်ပေးနေတာပါဗျာ.. ကျွန်တော်က US ဆိုတာ အိမ်မက်တောင် မမက်ရဲပါဘူးဗျာ...
ReplyDeleteitunes card ဝယ်ပြီးလုပ်ကြည်ပါလား ရမယ်လိုထင်ပါတယ်
ReplyDeleteFreeapps ကို click လုပ်ပြီးမှ Create account လုပ်ရင် none ဆိုတာပေါ်ပါတယ် တခါတည်းတန်းလုပ်ရင် မပေါ်ပါဘူး
ReplyDeleteမိုးသိကြား ကိုကျေးဇူးတင်ပါသည်
အကိုရေ....ကျွန်တော် iTune Account ဖွင့်နေတာကြာပြီး ဘယ်လိုမှ ဖွင့်လို့မရဘူး အခုမှဘဲ အဆင်ပြေသွားတော့တယ်
ReplyDeleteကျေးဇူးအထူးပါခင်ဗျာ....
sg storeမှာ noneလုပ်လို့ အဆင်ပြေသွားပြီအကိုရေ =D
ReplyDeleteအရင်က ကျွန်တော်လုပ်တာ မရလို့ free appတစ်ခုဒေါင်းပြီးမှ လုပ်တာပဲ
ခုရသွားပြီ thank you! =)
ဖိုးသကြားရေ ကျေးဇူဘဲဗျာ ....
ReplyDeleteကျနော်ရဲ ့ iphone လေးအခု မှအဆင်ပြေသွားတယ် ....
thank alot ...
ကိုမိုးသိကြားရေ mobile me ကိုလဲ အဲဒီ none ဆိုတဲ့ ဟာလေပေါ ်လာအောင်လုပ်တဲ့ နည်းလေးပြောပါဦး https://secure.me.com/wo/WebObjects/Signup.woa?svi=26AD400A85011A02-60000107E000032C
ReplyDeletemobile me account ဖွင့်တာတစ်နေတယ်... ??????
This post has been removed by the author.
ReplyDeleteကိုမိုးသကြားရေ ဦးဇင်း apple IDရဲ့ Security question မသိလို့ပါ၊ တစ်ခြားတစ်ယောက်က ဖွင့်ပေးထားတာပါ၊ Security question မသိတော့ ပိုက်ဆံနဲ့ ၀ယ်ရမယ့် appတွေ ၀ယ်မရဘူး ဖြစ်နေတယ် reset Apple ID security questions ဆိုတဲ့နည်းနဲ့ လုပ်ကြည့်တာလဲ မကျွမ်းကျင်လို့ မရဘူး ဘယ်လိုလုပ်ရင် ရနိုင်မလဲ၊ တတ်နိုင်ရင် ဦဇင်းအကောင့်ပေးမယ် လုပ်ပေးပါ့လား၊ လေးစားလျှက်
ReplyDeleteအရှင်ဘုရား Security question က မေ့နေရင် Forget ဆိုပြီး Rescue mail ကို ပြန်ပို့ပေးပါတယ်.. ဒါပေမယ့် Rescue mail လဲ ကိုယ့်မှာ မရှိတော့ဘူးဆိုရင်တော့.. ဘာမှ မတတ်နိုင်တော့ပါဘူး.. Apple ID က ကိုယ်တိုင် ဖွင့်တာ အကောင်းဆုံးဖြစ်ပြီး အာူလုံကို မှတ်သားထားဖို့ လိုအပ်ပါတယ်..
ReplyDelete