Thursday, March 17, 2011

iOS 4.3 အတွက် Tethered Jailbreak


ရက်ပိုင်းလေး အတွင် မှာ အသစ်ထွက်ရှိလာတဲ့ iOS 4.3 ကို snOwbreeze 2.3b1 version အသုံးပြုပြီး Tethered Jailbreak ချလို့ ရပါပြီ။ Tethered jailbreak ဆိုတော့ သိတဲ့အတိုင်းပါပဲ Power OFF လို့  Unlock လုပ်ဖို့  အဆင်မပြေပါဘူး... ဘာပဲဖြစ်ဖြစ် jailbreak လုပ်လို့  ရနေသေးတယ် ဆိုတော့ ကျေနပ်စရာပါ။ iPhone 3G နှင့် iPod Touch 1,2 တို့ အတွက် IPSW မရတာကတော့ စိတ်မကောင်းစရာပါပဲ။

လိုအပ်တာလေးများ အရင် စုဆောင်းကြရအောင်
Download:
1) iOS 4.3 IPSW
* iPhone 4
* iPhone 3Gs
* iPod Touch 4
* iPod Touch 3
* iPad 2
* iPad

2) snOwbreeze 2.3b1 version
snOwbreeze 2.3b2 version
snOwbreeze 2.3b4 version

snOwbreeze version ကိုနှစ်သက်ရာ တစ်ခုသာရယူပါ update များတင်ပေးထားပါတယ်။
 

sn0wbreeze 2.3b4 
Details
* ultrasn0w now works for basebands (01.59.00 / 04.26.08 / 05.11.07 / 05.12.01 / 05.13.04 / 06.15.00)
* ultrasn0w is NOT compatible with the folllowing basebands! (02.10.04 / 03.10.01 / 04.10.01 / 05.14.02 / 05.15.04)
* Upgrading your iPhone 3GS baseband to the 06.15.00 iPad baseband hack to unlock MAY cause you to lose your GPS!
* Fixed minor GUI + iBooty bugs.

3) iTunes latest version

လုပ်ငန်းစဉ်

၁) snOwbreeze 2.3b1.exe ကို Run လိုက်ပါ။ OK နှိပ်ပါ --> Close Credit ကိုနှိပ်ပါ --> Next button (အပြာရောင်မြှား) ကိုနှိပ်ပါ။



၂) " ARE YOU SERIOUSLY SURE YOU WANT TO DO THIS? " ကို " Yes " နှိပ်ပါ။


၃) " Browse " ကိုနှိပ်ပြီး အပေါ်တွင် Download ဆွဲခဲ့သော မိမိ နှင့် သက်ဆိုင်ရာ Device ၏ IPSW file ကိုရွေးပေးပါ။



၎) snOwbreeze သည် IPSW ကို Identifying လုပ်နေပါမည်။


၅) IPSW Verified ဖြစ်သွားပါက " Next button " ကိုနှိပ်ပါ။


၆) Mode သုံးမျိုး ပေါ်လာပါက " Simple mode " ကိုရွေးပေးပါ ပြီးရင် " Next button " ကိုနှိပ်ပါ။


၇) Activate လုပ်မလား ဟုမေးသော message box တက်လာပါမည်။
" Yes " သည် မိမိ ဖုန်းကို hacktivate လုပ်ရန်လိုသူများသာ (SIM နှင့် Phone Activate မလုပ်နိုင်သူများ)
" No " သည် Official Carriers သုံးသူများ (SIM နှင့် Phone Activate လုပ်နိုင်သူများ)


၈) custom IPSW firmware စတင်ဆောက်နေပါပြီ " I'll stick to spinner " ကိုရွေးပြီး ထိုင်စောင့်ပါ
(သို့ ) " PacMan " ကိုရွေးပြီး Game ဆော့ရင်း ထိုင်စောင့်ပါ။



၉) firmware ဆောက်ပြီးပါက " Ok " နှိပ်ပြီး ညွှန်ကြားချက်အတိုင်း ဆက်လက်လုပ်ဆောင်ပါ။
ရရှိလာသော custom IPSW firmware သည် သင့်၏ Desktop ပေါ်တွင် အသင့်ရောက်ရှိနေပါပြီ။


**********************

DFU mode ပြောင်းရန်...

ဤအဆင့်မှ စပြီး သင့် iPhone ကို DFU mode ပြောင်းရန် PC နှင့်ချိပ်ဆက်ပါ။

၁) Device ကို PC နှင့်ချိပ် Power " OFF " ပါ။


၂) " Start " button ကိုနှိပ်ပြီး ညွှန်ကြားချက်အတိုင်း Timing ကိုက်လုပ်ဆောင်ပါ။

အကယ်၍ DFU mode မအောင်မြင်ခဲ့ပါက " Start " ကိုနှိပ်ပြီး ပြန်ကြိုးစားကြည့်ပါ။


၃) နောက်ဆုံး DFU mode အောင်မြင်သွားပါက " Your device is now in a PWNED DFU state (black screen) " ဟု message box တက်လာပါမည်။

၎) " Ok " button ကို မနှိပ်ပါနှင့် " iTunes " ကိုဖွင့်ပါ

၅) iTunes မှ " Restore " button ကို Shift နှင့်တွဲပြီး နှိပ်ပါ ( Shift + Restore )

၆) Desktop တွင် ရှိနေသော custom firmware ကိုရွေးပြီး " Restore " လုပ်ပါ။

၇) Restore လုပ်ပြီးသော အခါ Device reboot လုပ်နေစဉ် Apple logo တွင် တစ်နေပါမည်။

၈) ဒါဆိုရင် " iBooty-for-4.3 " folder လေးသည် သင့် Desktop ပေါ်တွင်ရှိနေပါတယ် (firmware ဆောက်ထဲက တစ်ခါတည်း ရရှိပါတယ်)

၉) iBooty.exe ကို Run ပေးလိုက်ပါ။ သင့်၏ Device ကိုရွေးပေးလိုက်ပါ။


အခုဆိုရင် အားလုံးအောင်မြင်သွားပါပြီ " iBooty-for-4.3 " folder လေးကိုတော့ သိမ်းထားနော် Device reboot လုပ်လို့  ပြဿနာတက်တိုင်း ဒါလေးနဲ့ ချိပ်ပြီး ပြန်သုံးရမှာမို့ ပါ။

ကျွန်တော်လဲ ပိုစ့်အသစ်တွေ မတင်ဖြစ်တာကြာသွားတယ် ဒီပိုစ့်လေးနဲ့  အားလုံး ကျေနပ်ကြလိမ့်မယ်လို့  မျှော်လင့်ပါတယ်။
အဆင်ပြေ မပြေဆိုတာလဲ ပြန်ကြားချင်ပါတယ်။

မိုးသိကြား

21 comments :

  1. ကိုမိုးသိကြားရေပထမဆုံးတော့ရသွားပါတယ် CYdia မှာSOurce ထည့်တော့ reboot ချရမယ်ဆိုပီးချလိုက်တာ Apple မှာတစ်နေတယ် လုပ်ပါဦး jailbreak ကတော့အောင်မြင်သွားပါပီး ...

    ReplyDelete
  2. တစ်နေရင် ibooty.exe ကို ပြန် run ပြီး Device select လုပ်ပေးလိုက်ပေါ့ ဒါဟာ reboot လုပ်တိုင်းပြန်လုပ်ရမှာပဲလေ...

    ReplyDelete
  3. ipod touch 4G မှာအဆင်မပြေသေးဘူးနော် ကိုမိုးသကြား

    ReplyDelete
  4. custom firmware လုပ်တဲ့နေရာမှာများ တစ်ခုခုမှားနေလား ဖြစ်တတ်လို ့ပါ IPSW နဲ ့ Device လွဲရင်လဲဖြစ်တတ်ပါတယ် သေချာအောင် ပြန်စစ်ကြည့်လိုက်ပါလား။ ကျွန်တော့်မှာ iPodTouch မရှိတော့ ကျိမ်းသေရပါတယ်လို ့တော့ မပြောချင်ဘူး ဒါပေမယ့် ရမှာပါ သူ့အတွက် IPSW ရှိနေတယ်ဆိုတော့။

    ReplyDelete
  5. 4.2 ကိုပြန်ဆင်းလိုက်ပီး ဒါပေမဲ့ baseband ကတော့မကျသွားဘူး jailbreak လဲ ရသွားပီ ဆိုင်သွားလိုက် တာ ဟီး.... 4.2.1 unlock ရတာပဲထိုင်စောင့်တော့မယ် ရတာနဲ့ တင်ပေးနော် ကိုမိုးသိကြား
    ကျေးဇူးတင်ပါတယ်

    ReplyDelete
  6. ရသွားပါပြီ ကိုမိုးသကြား sn0wbreeze-v2 3b3 နဲ့အဆင်ပြေသွားပါပြီ sn0wbreeze-v2 3b1 က ipod touch 4G အတွက်အဆင်မပြေပါဘူး jailbreak ကတော့ရပါတယ် Sleepဖြစ်ဖြစ်သွားတာလေးပါဘဲ အခုတော့အဆင်ပြေသွားပါဘီ ကျေးဇူးပါ

    ReplyDelete
  7. ကိုမိုးသိကြား ဒီ လင့်မှာ http://iphone.pandaapp.com/news/03172011/012518267.shtml os 4.2.1 ကို Unlock ရတယ်လို ့ပြောထားလို ့အဲဒါကဘာကိုပြောတာလဲဟင်.... ပြောပြပါလား

    ReplyDelete
  8. ကိုမိုးသကြား.. mac bookမှာ snOwbreeze 2.3b1.exe က run လို့မရဘူးဖြစ်နေပါတယ်. download ကတော့အားလုံးလုပ်လို့ရပါတယ်..mac window ကြောင့်များလားသိချင်ပါတယ်. mac အတွက်သပ်သပ်ရှိရင်လည်းတင်ပေးစေချင်ပါတယ်.. ကျေးဇူးပြုပြီးပြောပြပေးပါအစ်ကို..

    ReplyDelete
  9. ကိုမိုးကကြားရေ iPhone 4 4.2.1 ကို unlock လုပ်လို့မရဘူးဗျာ ဘယ်iphone မဆိုunlock လုပ်လို့ရတယ်ဆိုတဲ့ကြော်ငြာတွေယုံပြီးစမ်းကြည့်တာusတစ်ရာကျော်သသာကုန်သွားတယ်ကြောင်ချီးလောက်တောင်အစွမ်းမထက်ဘူးတကယ့်လူလိမ်တွေသိလားtintumberla ကလည်း downgrade ချလို့မရတော့ဘူးသိလား အုကုန်upgreade ဖြစ်သွားပြီအဲဒါတခြားနည်းလမ်းလေးရှိရင်ပြောပြပါအုံးကျေးပဲနော်

    ReplyDelete
  10. ဒီလင့်ကိုကြည့်ပီးပြောပါဦး http://www.youtube.com/watch?feature=player_embedded&v=WOkq9zbXCFc

    ReplyDelete
  11. ISO 4.3 မှာမြန်မာ font နဲ. Keybord ရမရပြောပေးပါ. ကိုမိုးသကြား.......

    ReplyDelete
  12. ှုှုItune မှာ Restore လုပ်လို့မရပဲနဲ့ တစ်နေတယ် Error Occurred (3194) ဆိုပြီးပြနေတယ် ဘာဆက်လုပ်ရမှန်း မသိတော့ဘူး

    ReplyDelete
  13. စိတ်မညစ်ပါနဲ့.......... iTune ကို reinstall လုပ် install ပြန်လုပ်ပြီး restore လုပ်ကြည့်ပါ ...ဒါမှမဟုတ်ရင် Window အသစ်တင်ထဲ့ဆီမှာ restore လုပ်ပါ...

    ReplyDelete
  14. အဆင်ပြေသွားပါပြီ 4.3.1 ကို update လုပ်ပြီးမှ jailbreak လုပ်မိလို့ snowbreeze 2.4b1 နဲ့ လုပ်တော့ရသွားပါပြီ

    ReplyDelete
  15. Itune မှာ Restore လုပ်လို့မရပဲနဲ့ တစ်နေတယ် Error Occurred (3194) ဆိုပြီးပြနေတယ် ဘာဆက်လုပ်ရမှန်း မသိတော့ဘူး
    အကြံညဏ်လေးပေးကြပါဦး

    ReplyDelete
  16. ကိုမိုးသကြားရေ ဒီဆော့ဝဲကို Nokia N97 နဲ့ရော သုံးလို့ရနိုင်မလားမသိဘူး ကိုမိုးသကြား ဆီမှာ Nokia N97 ကို jailbreak လုပ်နိုင်မဲ့ ဆော့ဝဲလေးနဲ့ လုပ်ပုံလုပ်နည်းလေးများရှိရင် ပြောပြပေးနိုင်မလား မသိဘူး... ကျေးဇူးပါပဲ ကိုမိုးသကြား း)

    ReplyDelete
  17. Anonymous ရေ ကျွန်တော် မသိလို ့ပါ Nokia N97 က Jailbreak လုပ်ဖို ့လို လို ့လားဗျာ...?

    ReplyDelete
  18. အစ်ကိုရေ...ကျွန်တော့်ရဲ iph4g ကိုကွန်ပြူတာနဲ့ချိတ်ပြီး APP တွေကို back up လုပ်ပြီးသိမ်းချင်လို့ဘယ်လိုလုပ်ရမလဲဆိုပြောပြပေးပါအုံး...အခုလက်ရှိ itune-10 ကိုလဲတင်ထားပြီးပြီ ဒါပေမဲ့ APP file တွေကို select လုပ်လိုမရဘူး..sync လုပ်လိုက်ရင်လဲဘာ APPlication မှမကျန်တော့ဘူးလို့ပြောတယ် (jailbrake နှင့် unlock လုပ်ပြီးသားပါ)

    ReplyDelete
  19. ဒီ Repo လေးကို သွင်းကြည့်ပြီး ပြန် Sync လုပ်ကြည့်ပါလား..
    Cydia -> Manage -> Source -> Edit -> Add -> မှာ http://sinfuliphonerepo.com ကိုထည့်ပါ ပြီးရင် Manage -> Source -> sinfuliphonerepo ထဲကနေ Installous 4 ကို install လုပ်ပေးလိုက်ရင် ရနိုင်ပါတယ်။

    ReplyDelete
  20. အစ်ကိုမိုးသိကြား... ကျွန်တော် ဖုန်းက 3gs ပါ ကျွန်တော်က installous 4 ကိုတင်ထားပါတယ် .. တချို့ app တွေကိုဒေါင်းတာအဆင်ပြေပါတယ် ဒါပေမဲ့ itune နဲ့ချိတ်လိုက်တာနဲ့တမ်းပြီးတော့ installous 4 ကဒေါင်းထားတဲ့ app ကိုတမ်းပြီး တော့ delete လုပ်ပြစ်ပါတယ် ကျွန်တော် itune ထဲမှာ ရှိတဲ့ apps ကလွဲရင် ကျန်တာတွေကို delete လုပ်ပစ်ပါတယ် ... ကျွန်တော့် installous ကဒေါင်းထားတဲ့ apps တွေကိုကော ကျွန်တော် backup လုပ်တဲ့အချိန်မှာ မဖျက်ပစ်အောင်ဘယ်လိုလုပ်ရမလဲခင်ဗျာ ... ကျေးဇူးတင်ပါတယ်...

    ReplyDelete
  21. ဟုတ်ကဲ့ပါ ကျွန်တော် ပိုစ့်တစ်ခု အနေဲ ့တင်ပေးပါမယ်.. ခဏတော့ စောင့်ပေးပါဗျာ...

    ReplyDelete