iPhone,iPad,iPod Touch အသုံးပြုသူများ အတွက် အသင့်တော်ဆုံး နှင့် အကောင်းဆုံး ဖြစ်မယ့် Bluetooth Headst လေးတစ်ခုကို လက်တို့ လိုက်ပါရစေ... ကျွန်တော် iPhone စသုံးကတည်းက အဆင်ပြေနိုင်မယ့် bluetooth headset လိုချင်လို့  အများကြီးရှာဖွေခဲ့ပါတယ် အချို့  Headset တွေ တန်ဖိုးက မသေးလို့  ခပ်ဝေးဝေးပဲ နေခဲ့ရပါတယ် ဈေးကြီးပြီ ဆိုမှတော့ ကောင်းမှာ ကျိမ်းသေပဲ...
Jabra,Motorola,Samsung စတဲ့ Brand တွေထဲကနေ iPhone နဲ့  အဆင်ပြေမယ့်ဟာလေးတွေ တွေ့  ပေမယ့် ဒီဇိုင်း၊ ဈေးနှုန်း တစ်ခုခုကြောင့် စိတ်တိုင်းမကျခဲ့ပါဘူး၊ နောက်တော့ iTech ဆိုတဲ့ Headset လေးတစ်ခု ဝယ်ဖြစ်သွားတယ် အသံကွာလတီ ကောင်းပါတယ် ဒါပေမယ့် ဖုန်းပြောတဲ့ အခါမှာ Noise တွေဝင်တာကြောင့် တစ်ဖက်လူက နားကြပ်ဖြုတ်ပြီး ပြောကွာလို့  ပြောရတဲ့ အထိပါ၊ ဒီထက်ပိုဆိုးတာက နားကြပ်နှစ်ခုကို ဝါယာ အပျော့နဲ့ သွယ်ထားလို့  ဖြုတ်လိုက်ရင် ကြိုးက လိမ်သွားပြီး ပြန်တပ်ရင် တော်တော်အလုပ်ရှုပ်ပါတယ်...
ဒီလို ဟိုရှာ ဒီရှာနဲ့ ပဲ NOKIA BH-505 Bluetooth Headset လေးကို သွားတွေ့ တော့ ဒီဇိုင်းနဲ့ တင် ကျွန်တော် တော်တော်ခိုက်သွားတယ်။
ဒါနဲ့ ပဲ သူနဲ့ ပက်သက်သမျှတွေ ရှာဖတ်ကြည့်တော့ iPhone နဲ့ အဆင်ပြေတယ်၊ အသံကွာလတီ အလွန်ကောင်းတယ် ဆိုတာ တော်တော်များများက ထောက်ခံထားကြတယ် ဒီလိုပဲ အားလုံး နီးပါး ပြောထားတာ တစ်ခုက ဒီ Headset တပ်ပြီး ဖုန်းခေါ်ရင်တော့ တစ်ဖက်လူ ကြားရအောင် အသံကျယ်ကျယ်နဲ့  ပြောမှရတယ်လို့  ဆိုထားကြပါတယ်။
ဘယ်လိုပဲ ဖြစ်ဖြစ် ဒီကောင်က လိုချင်နေပြီလေ၊ NOKIA Store ရောက်ပြန်တော့လဲ salesman လေးက အထက်ကပြောသလို အားနည်းချက်ရှိတယ်လို့  ပြောပြီး အခြား Latest model တစ်ခုကို သုံးဖို့  promote လုပ်ပါလေရော၊ ဘာရမလဲ ဖြစ်ချင်ရာဖြစ်ကွာ ဒါပဲကြိုက်တယ်ကွာ ဆိုပြီး ဝယ်ချလာပါရောဗျာ..
အိမ်ပြန်ရောက်တော့ iPhone ကသီချင်းဖွင့်ပြီး စမ်းလိုက်တယ် အသံကတော့ ရှယ်ပဲဗျို့ ၊ Volume Control က အပေါ်အောက် ဆွဲရုံပဲ၊ သီချင်း ရှေ့ /နောက် ကျော်လို့ ရတယ်။ OK, GOOD သွားပြီ...
ဖုန်းခေါ်ကြည့်လိုက်တယ် ပုံမှန် အသံနေအသံထားနဲ့ ပဲ တစ်ဖက်က LOUD & Clear ပဲတဲ့.. ပြီးသွားပြီပေါ့ဗျာ..
မကျေနပ်သေးဘူး စမ်းစရာတစ်ခုကျန်သေးတယ် ဘယ် Forum မှာမှ မရေးထားတဲ့ ကိစ္စ၊ PC က Bluetooth ကို ON လိုက်ပြီး Search လုပ်ခိုင်းလိုက်တယ်... တွေ့ ပါပြီဗျာ.. PC က ရုပ်ရှင်၊ သီချင်း၊ ဂိမ်း အားလုံးကို wireless နားကြပ် အသွင်သုံးပေတော့ဗျာ.. ဈေးနှုန်းကလည်း သင့်တင့်ပါတယ်..
No One is Perfect ဆိုသလို ဘယ်အရာမဆို အားနည်းချက်တော့ရှိစမြဲပါ၊ တစ်ခုထဲသော အားနည်းချက် ကတော့ အိပ်ယာထဲမှာ ပက်လက် အိပ်ရင်း အနေအထားနဲ့  ဘယ်လိုမှ အဆင်မပြေပါဘူး ခင်ဗျာ...
မှတ်ချက်။ ။ ဒီဆောင်းပါးရေးလို့  NOKIA က တစ်ပြားမှ မရဘူးနော် ကိုယ့်မိတ်ဆွေတွေ အတွက် စေတနာ အရင်းအတိုင်း အခမဲ့ ဖောက်သည် ပြန်ပေးတာပါ ခင်ဗျား...။
** Specifications **
Dimensions
* 4.92 x 5.39 x 2.30 inches
Weight
* 1.26 oz
Operating keys
* Music and call controls on the headset:
- On/off (incl. pairing)
- Answer/end
- Play/pause
- Next track/FF, previous track/RW
- Volume up/down
* Last number redial
* Voice activated dial
Battery Life (Fully Charged)
* up to 12hrs Talk time
* up to 10hrs Music play time
* up to 375hrs Standby time
နောက်တိုး စမ်းသပ်မှု အရ Gtalk ကိုလဲ wireless ပြောနိုင်ပါတယ်.. Gtalk Setting ကို အောက်ပါပုံ အတိုင်းပြောင်းပေးလိုက်ရုံပါပဲဗျာ... ကောင်းလိုက်တဲ့ Headset..
စျေးကဘယ်ေလာက်လဲ ကိုမိုး... ?
ReplyDeleteHow much is it, Ko Sky Sugar?
ReplyDeleteS$128(Nokia Store)
ReplyDeletehard* xP
ReplyDeleteLuckily,I got that set with S$78! =D
ReplyDeleteBtw,it's very hard to charge bro. The pin cover is had to take out. =(
ဟုတ်ပါတယ် ကျွန်တော်ရေးဖို ့ကျန်သွားတယ် Window XP မှာ ဆို Detect သိတော့သိတယ် အလုပ်မလုပ်ဘူးဖြစ်နေတယ်။ Window 7 မှာတော့ Driver ကို update လုပ်ပေးလိုက်ရင် ကောင်းကောင်း အလုပ်လုပ်ပါပြီ...
ReplyDeletewindows7 မှာ အသံကိုမဝင်ဘူးဖြစ်နေတယ် အကိုရေ driver ကလည်း ရှာလို့မရဘူးဆိုလား အဲ့လိုပဲတက်နေတယ်
ReplyDeleteဘယ် driver ကို update လုပ်ရမလဲ တစ်ချက်လောက် ပြောပေးပါခင်ဗျာ
ReplyDeleteကိုဖြိုးရေ.. Control panel ထဲက Device Manager အောက်က Other Devices ထဲမှာရှာရင် Bluetooth P... Devices ဘေးမှာ အဝါရောင်တြိဂံ လေးပြနေတာကို right click ခေါက်ပြီး update driver ကို နှိပ်ပါ နောက်ထပ် window box တစ်ခုပေါ်လာရင် option နှစ်ခုထဲက အပေါ်ကဟာကို ရွေးပြီး update လုပ်ပါ Internet connection တော့ လိုပါလိမ့်မယ်..
ReplyDeleteမရဘူးခင်ဗျာ. windows can't find ဆိုတာပဲတက်နေတယ် =(
ReplyDelete၀ယ်လိုက်ပြီဗျို့ 85S$ အောက်လမ်းပစ်စီးဘဲဝယ်လိုက်တယ် ပစ်စီးကတော့စစ်ပါတယ် original seal & 1 year ,iphone နဲ့ကော window 7 ကောအဆင်ပြေတယ်။သတင်းပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။
ReplyDeleteလြှပီဗျို့။ iPhone က Skype နဲ့ gtalk ပြောရအောင် ၀ယ်လိုက်တယ်။ ဘာသံမှ မထွက်ဘူးဗျို့။ သီးချင်းနားထောင်လို့ရတယ်၊ ဖုန်းပြောလို့ရတယ်။ အဓိက iphone က skype နဲ့ပြောချင်လို့ အသံထွက်မယ့်နည်းလမ်းလေးများရှိရင် ရှာဖွေပေးပါအုံးဗျာ။
ReplyDeleteဝေဖြိုး ...