Sunday, October 23, 2011

iPhone တစ်လုံး လုံး မြန်မာလိုပြရန် ပြုပြင်နည်း


iPhone တစ်လုံးလုံးရဲ့  System Default font တွေကို မြန်မာဖောင့် နဲ့  နှစ်သက်ရာ ခေါ်အဝေါ်လေးတွေကို စိတ်ကြိုက် ပြောင်းနိုင်မယ့် နည်းလမ်းလေးကို သိချင်လို့  ကျွန်တော့်ထံ မေးလာခဲ့တဲ့ "aprilone86" နှင့်တစ်ကွ iPhone ကိုသူများနှင့် မတူအောင် တစ်မူထူးပြီး ကလိချင်ကြတဲ့ မိတ်ဆွေများ အတွက် တင်ပြပေးလိုက်ပါတယ်။

သတိပေးချက်

ယခုနည်းလမ်းကို လုပ်ဆောင်ရာတွင် နမူနာ အနေနှင့် အနည်းငယ်သာ ပြောင်းလဲ ဖော်ပြသွားမှာ ဖြစ်တဲ့ အတွက် ထပ်မံ၍ မိမိ စိတ်ကြိုက် လိုက်လံပြုပြင်ရာတွင် အမှားယွင်း တစ်စုံတစ်ရာ ဖြစ်ပေါ်ခဲ့ပါက ကာယကံရှင် ၏ တာဝန်သာ ဖြစ်ပါလိမ့်မည်။

လိုအပ်ချက်များ

> Jailbroken iPhone ဖြစ်ရပါမယ်။
> Microsoft Word
> iPhone Explorer (သို့ ) iFun Box

ဤနည်းလမ်းကို တင်ပြရာတွင် screen shot အနေနှင့် "iPhone Explorer" ကို အသုံးပြုသွားမှာဖြစ်ပါတယ်။ "iFun Box" သုံးသူများ အတွက် File လမ်းကြောင်း အတူတူပင် ဖြစ်လို့ စိုးရိမ်စရာမရှိပါ။

အဆင့် (၁)

ပထမဦးစွာ iPhone ကို USB အသုံးပြု၍ PC နှင့် ချိပ်ဆက်ပါ။

အဆင့် (၂)

iPhone Explorer (သို့ ) iFun Box ကို Run ပါ။

အဆင့် (၃)

iPhone Explorer ၏ ဘယ်ဘက် ကော်လံရှိ "Root Directory" ကို ရွေးပြီး ညာဘက် ကော်လံရှိ "System" folder ကို ဖွင့်ပါ။



အဆင့် (၄)

"System" folder ထဲတွင် "Library" folder ကို တွေ့ ပါမည်။ "Library" folder ကို ဖွင့်ပါ။



အဆင့် (၅)

"Library" folder တွင်းရှိ "CoreServices" folder ကို ထပ်ဖွင့်ပါ။



အဆင့် (၆)

"CoreServices" folder တွင်းမှ "SpringBoard.app" folder ကို ဖွင့်ပါ။


အဆင့် (၇)

"SpringBoard.app" folder ထဲမှ "English.lproj" folder ကို ထပ်မံဖွင့်ပါ။


အဆင့် (၈)

"English.lproj" folder ထဲရှိ "SpringBoard.strings" file ကို Copy ကူးပြီး Desktop တွင် Paste လုပ်ပါ။
Desktop တွင် Paste လုပ်ထားသော ယင်း File ကိုပင် မပြုပြင်သေးခင် အခြား သီးသန့်  Folder တစ်ခုဆောက်ပြီး Backup အနေနဲ့  ထပ် Save ထားပါ။



အဆင့် (၉)

Desktop တွင်ရှိသော "SpringBoard.strings" file ကို Right click, Open with Microsoft Office Word ရွေးပြီး ဖွင့်ပါ။ Unicode ပြောင်းရန် ရွေးခိုင်းပါက "Ok" သာနှိပ်ပါ။

အဆင့် (၁၀)

အောက်ပါပုံတွင် တွေ့ ရသော စာသားများ အတိုင်း တွေ့ ရပေလိမ့်မည်။
- ပထမဦးစွာ Text များအားလုံးကို Select All (Ctrl+A) နဲ့ ရွေးပြီး Font ကို "Zawgyi-One" ပြောင်းလိုက်ပါ။



အဆင့် (၁၁)

စာသားများကို မြန်မာလို စိတ်ကြိုက်ပြောင်းရာတွင် = ၏ ညာဘက် " xxx " အတွင်းမှ စာသားများကိုသာ ပြုပြင်ရပါမည်။
ဥပမာ။ ။ "AWAY_LOCK_LABEL" = "slide to unlock"; အတွက် "AWAY_LOCK_LABEL" = "မိုးသိကြား"; ဟုသာ ပြောင်းလဲပါ။



အဆင့် (၁၂)


အားလုံး စိတ်ကြိုက် ပြောင်းပြီးပါက "Save" လုပ်ပါ pop up message တက်လာပါက "Yes" ကိုသာနှိပ်ပါ။

အဆင့် (၁၃)

Desktop တွင်ရှိသော ပြုပြင်ပြီးသား "SpringBoard.strings" file ကို iPhone Explorer တွင် ကူးယူခဲ့သော File လမ်းကြောင်း အတွင်းသို့  "Drag and Drop" ချပြီး copy လုပ်လိုက်ပါ။
File လမ်းကြောင်း အစ/အဆုံးမှာ " /System/Library/CoreServices/SpringBoard.app/English.lproj/ " ပဲဖြစ်ပါတယ်။

အဆင့် (၁၄)

iPhone ကို Reboot လုပ်ပါ။
ဖုန်းပြန်တက်လာပါက သင့်စိတ်ကြိုက် ပြုပြင်ထားသော မြန်မာစာသားလေးများနှင့် တွေ့ ရပါလိမ့်မယ်။


Icon အမည်လေးတွေကို့ မြန်မာလို ပြောင်းရန်...

Cydia -> Search တွင် Icon Renamer ဟုရိုက်ရှာပြီး Install လုပ်ပါ။ Reboot လုပ်ပါ။

icon အမည်လေးတွေ ပြောင်းရန်အတွက် မိမိပြောင်းလိုသော App icon ကို long press ဖိထားပါ။
icon လေးတွေ လှုပ်တုပ် လှုပ်တုပ် ဖြစ်လာပါက နောက်တစ်ချက် ထပ်နှိပ်လိုက်ပါ ဒါဆိုရင် အမည်ပြောင်းဖို့  Box ကျလာပါလိမ့်မယ်။




15 comments :

  1. ကျနော်ကတော့ IconRenamer ပဲသုံးတယ်

    ReplyDelete
  2. ကိုမိုးရေ..သူခိုးဖမ်းမယ့် softwear လေးတော့လာပြန်ပြီ..ဒီတခါဖုန်းထဲက function တွေဘာအပျောက်အရှ
    မှရှိမှာမဟုတ်တော့ပါဘူး..နာမည်က IcaughtU.ကဲစမ်းကြည့်လိုက်ဦးနော်....

    ReplyDelete
  3. ကောင်းပါ့ဗျာ ကျေးဇူးတင်ပါတယ်

    ReplyDelete
  4. Flash movies များကို web browser player နှင့်မကြည့်လိုပါ.phone ဖြင့်တိုက်ရိုက်ကြည့်လိုပါသည်.
    ထို့ကြောင့်ဘယ်လိုလုပ်ရပါသလဲ.?ဘယ် softwear လို
    အပ်ပါသလဲ.??သူငယ်ချင်းတို့ထဲကသိတဲ့လူရှိရင်ကူညီပါဦးဗျာ...

    ReplyDelete
  5. ကျေးဇူးအများကြီးတင်ပါတယ် ကိုမိုးရေ ကျွန်တော်ကတော့ ဒီpostကို တောင်းထားတဲ့ aprilone86 ပါ နာမည်ကတော့ ကျော်ဇင်မိုး ပါ...အခုလိုကူညီတဲ့အတွက် ကျေးဇူးပါဗျာ.... အားလုံးအဆင်ပြေပါတယ် ဒါပေမယ့် ipod ထဲကစာတွေပြောင်းမရဘူး.ဖြစ်နေတယ်အကို...version နဲ့များဆိုင်သလား ကျွန်တော်သုံးတာက 3Gsပါ...နည်းလမ်းလေးများရှိရင် မစပါအုံး အကိုရေ.... ကျွန်တော်တို့က နဲနဲထုံတယ် ဒဲ့ပြေမှပဲ နားလည်တယ်အကိုရေ...စောက်သုံးမကျဘူးပြောရင်လဲခံရမှာပဲဗျို့..တစ်ကယ်ကိုမှ အသုံးမကျတာ

    ReplyDelete
  6. iPod ထဲက သီချင်းနာမည်၊ အဆိုတော် အမည်တွေက မူရင်း ဖိုင်မှာ မြန်မာလို ပေးထားရင် ပေါ်ပါလိမ့်မယ်။

    ReplyDelete
  7. အကိုရေ ကျွန်တော် ဖုန်းဘာဖြစ်တယ်မသိဘူး..... app store ကနေပြီးတော့ free app တစ်ခုကိုဒေါင်းလိုက်တာ... ၃၆ ခုအော်တိုတက်လာပြီးတော့ ဖုန်းပါ ဟမ်းသွားရောဗျာ....ဘာမှကိုလုပ်လို့မရတော့တာ.... ၃၆ခုလုံး waiting ပြနေတယ်.. အဲဒါနဲ့ဖုန်းကိုပိတ်လိုက်ရတယ် ပြန်ဖွင့်တော့ connection မရှိတဲ့နေရမှာပဲ ဖွင့်လို့အဆင်ပြေတယ်...wifi ရှိတဲ့နေရာမှာ ပြန်ဖွင့်မိလို့ကတော့ ပြန်ဟမ်းတော့တာပဲ....နောက်ပြီးတော့ ဖျက်ချင်တာတောင်ဖျက်လို့မရဘူး...အင်တာနက်တောင်မသုံးရဲသလောက်ဖြစ်နေတယ် အကိုရေ ကူညီပါအုံးဗျာ...

    ReplyDelete
  8. ကိုမိုးရေ အဲလိုပြောတာဟုတ်ဘူး.... အထဲမှာရေးထားတဲ့ Albums , Audiobook, Compilations , Gernes စတာတွေကို ပြောင်းချင်တာအကို အဲဒါဘယ်လိုပြောင်းလဲမသိဘူး နောက်ပြီး ပြက္ခဒိန် လဲပြောင်းမသွားဘူး...ကူညီပါအုံးအကိုရေ..အားကိုးပါတယ်

    ReplyDelete
  9. ဟလို..ကိုမိုးပြောသလိုလုပ်ပေမဲ့..ဖိုင်တွေက မပေါ်ဘူးဖြစ်နေတော့..အဆင့်၉ ကို open လုပ်တာမရဘူး။ဖိုင်တွေက ပျက်နေတယ်။ဘာလို့လဲဗျ

    ReplyDelete
  10. စမ်းကြည့်ပါဦးမယ်အကိုရေ..

    ReplyDelete
  11. စမ်းကြည့်ပါဦးမယ်အကိုရေ..

    ReplyDelete
  12. This comment has been removed by the author.

    ReplyDelete
  13. iFunBox,iTools တစ်ခုခုနဲ့ SpringBoard.strings နေရာထိသွားပါ။ ပြီးရင် iFunBox,iTools ထဲကပဲ SpringBoard.strings ကိုဖွင့်ပါ။ Backup တော့လုပ်ပေါ့။ Backup လုပ်ထားတဲ့ဖိုင်ကို ဖွင့်ရင်တော့ ကွိစိကွစတွေပဲပေါ်လာလိမ့်မယ်။
    နောက်တစ်နည်းက iPhone ထဲကနေလုပ်တာပါ။ iPhone မှာ iFile လေးသွင်း၊ ပြီးရင် အပေါ်က အဆင့်တွေအတိုင်း SpringBoard.strings ကိုဖွင့်ပြီးပြင်ရုံပဲ။ အားလုံးပြီးရင် iPhone ကို Reboot ပြန်လုပ်ပါ။

    ReplyDelete
  14. လုပ်လို့မရဘူး ကိုမိုးအကြံလေးပေးပါဦး..

    ReplyDelete
  15. where i can download for Iphone Explorer??http://www.tomsguide.com/us/download/iExplorer,0301-46194.html
    ... this web doesn't work really.....

    ReplyDelete