" Install လုပ်ပြီး စသုံးသုံးခြင်းကတော့ ဘာမှမဖြစ်သေးဘူး ။ ကွန်ပျူတာပိတ်ပြီး ပြန်ဖွင့်လိုက်မှ iTunes cannot read contents ဆိုပြီးပေါ်နေတယ် အစ်ကိုရယ်.. ဘယ်လို လုပ်ရမှာလဲ။ ပြီးတော့ restore လုပ်ခိုင်းနေပါတယ်။ iTunes ပြန်ဖတ်အောင် ဘယ်လိုလုပ်ရမှာလဲ အစ်ကို။ ကူညီပေးပါ။ "
ကျွန်တော်ထံ ဒီမနက် ရောက်လာတဲ့ မေးလ်လေးပါ။ " iTunes cannot read contents " error လို့ ပဲဆိုကြပါစို့ ဗျာ။
ပြဿနာကို အောက်ပါအတိုင်း ဖြေရှင်းပါ။
အခုပြဿနာကို ဖြေရှင်းရန် iFunBox (သို့ ) iphone Explorer တစ်ခုခုလိုအပ်ပါသည်။
>> Download iFunBox
>> Download iPhone Explorer
၁) iPhone ကို PC နဲ့ ချိပ်ပြီး iFunBox ကို Run လိုက်ပါ။
၂) ဘယ်ဘက် ကော်လံ အောက်ဆုံးရှိ "Raw File System" ကိုရွေးပြီး။ ညာဘက် ကောလံတွင် “/private/var/mobile/Media/iTunes_Control/iTunes/” လမ်းကြောင်းအတိုင်း လိုက်သွားပါ။
၃) နောက်ဆုံး iTunes folder ထဲရှိ "iTunesDB" file ကို Delete (ဖျက်ပစ်ပါ)။
၎) iPhone ကို PC နှင့် ချိပ်ဆက်ထားခြင်း မှ ဖြုတ်လိုက်ပါ။
၅) iTunes ကို Run ပါ။
၆) iPhone ကို PC နှင့် ပြန်ချိပ်ဆက်ပါ။ iTunes နှင့် iPhone ပြန်အဆင်ပြေသွားပါလိမ့်မယ်။
ItunesDB ကို Delete လိုက်ပြီ . ဒါပေမဲ့ မရသေးဘူး အစ်ကို။ ကျွန်တော့စိတ်ထင်တော့ 91 PC suite က phonedemon ကို install လုပ်မိလို့လားမသိဘူးနော်။ တစ်ခြားနည်းလမ်းများရှိသေးရင် ပြောပြပါနော် အစ်ကို။
ReplyDeleteကျနော်လဲ အဲ့ဒီပြသနာဖြစ်နေတာဗျ.. အခုုတော့ အဆင်ပြေသွားပီ... itunesDB တစ်ခုုထဲကိုု Delete လုုပ်ပြီး ပြန် အိုုင်ဖုုန်းကိုုပြန်ချိန်ကြည့်တာ မရသေးဘူးဗျ... itunesCDB ဆိုုတာကိုုပါ ဖျက်ပလိုုက်ပါ ပြီးမှ iphone ကိုုပြန်ချိပ်ကြည့်လုိုက်ပါ အဆင်ပြေသွားပါလိမ့်မယ်...
ReplyDelete(မှတ်ချက်) သိလိုု့လုုပ်တာမဟုုတ်ပါ..ရမ်းရင်းအဆင်ပြေသွားခြင်းဖြစ်သည်.. ဖြစ်လာမည့်အကျိုးဆက်များမှာ မိမိတာဝန်သာဖြစ်သည်..:)
itunesCDB ကို ဖျက်လိုက်မှ ရတော့တယ်။ ဒါပေမယ့် သီချင်းတွေ အကုန်လုံး ပျက်သွားရော။ Syn ပြန်လုပ်လိုက်ရတယ်။ ဘာပဲပြောပြောလေ itune က ပြန် read တော့ ၀မ်းသာပါတယ်။
ReplyDeleteအခု ios 5.0.1 ကို မလုပ်ပါဘူး update
ReplyDelete5.0 ကိုပဲလုပ်တာ error 3194 ပဲကျနေတယ်
host ဖိုင်လဲပြင်တယ်ရဘူးဗျ
ဘာလုပ်ရမလဲ......................ခင်ဗျာ