Saturday, October 29, 2011

iPhone 4S, iPad 2 (iOS 5) တို့ ကို Jailbreak လုပ်နိုင်ပြီ

iPhone 4S (iOS 5) ကို အောင်မြင်စွာ Jailbreak ချနိုင်ပြီဖြစ်ကြောင်း Dev-team က MuscleNerd က သူရဲ့  Twitter မှာ iPhone 4S iOS 5 က Cydia အလုပ်လုပ်နေတဲ့ ပုံနှစ်ပုံနှင့် တစ်ကွ ဖော်ပြပြောကြားသွားခဲ့ပါတယ်။


ဒါဟာကျွန်တော်တို့  အတွက် သတင်းကောင်း တစ်ခုဖြစ်ပေမယ့်လို့  အရမ်းကြီး ပျော်မသွားပါနဲ့ ဦး... ၊ MuscleNerd က iPhone 4S jailbreak ကို အများသုံးနိုင်အောင် ပြုလုပ်ဖို့  ဆောင်ရွက်စရာတွေ အများအပြားရှိနေသေးလို့ 
လတ်တလောမှာတော့ ထုတ်ပေးလို့  မရသေးပါဘူးလို့ လဲ ပြောထားပါတယ်။ ဒါပေမယ့် စိတ်တော့လဲပျက်မသွားပါနဲ့ ဦး iPhone 4S ကို Jailbreak လုပ်လို့ ရနေပြီပဲ ကျွန်တော်တို့  သိပ်မကြာခင်လေးမှာ Jailbreak Tool ကိုထုတ်ပေးပါမယ်လို့  လဲအတည်ပြုခဲ့ပါသေးတယ်။

iPad 2 အတွက်လား....?

iPhone 4S ကို Jailbreak ရပြီဆိုမှတော့ iPad 2 အတွက် မပူပင်နဲ့ တော့လေ Jailbreak ရ,ရမှာပေါ့၊ ဘာကြောင့်လဲဆိုတော့ iPhone 4S နဲ့  iPad 2 က same bootrom ဖြစ်နေလို့ ပါပဲ။ ဒါပေမယ့် ကျွန်တော်တို့  နဲနဲတော့ စောင့်ကြရမှာပေါ့။
Online မှာ iOS 5 Untethered jailbreak ရပြီဆိုပြီး အချို့ စီးပွားရေး ကြော်ငြာတွေကို မယုံကြပါနဲ့  iOS 5 အတွက် Untethered Jailbreak တရားဝင်ထွက်လာရင် ကျွန်တော်တို့  အသိပေးမှာပါ လို့  ပြောသွားခဲ့ပါတယ်။

iPad 2 (iOS 5) jialbreak လုပ်ထားတဲ့ ဗွီဒီယိုကို အောက်မှာ လက်တွေ့ ကြည့်နိုင်ပါတယ် ဒါဟာ Dev-team ရဲ့  ဦးဦးဖျားဖျား Jailbreak ပါ။



ကျွန်တော်တို့  အားလုံးအတွက် iPhone 4S နဲ့  iPad 2 ရဲ့  Jailbreak ကို ဘယ်ရက်ထွက်မယ်လို့ တော့ ခန့် မှန်းလို့ မရသေးပါဘူး။
Tethered / Untethered ဆိုတာကလဲ Dev-team ရဲ့  ဆက်လက် လုပ်ဆောင်သွားမယ့် အခြေနေပေါ်မှာပဲ မူတည်နေပါတယ်။
ဒါပေမယ့် သေချာတာကတော့ iPhone 4S, iPad 2 iOS 5 ကို Jailbreak လုပ်နိုင်ပါပြီ....

4 comments :

  1. သတင်းကောင်းပါဘဲဗျာ။နေတိုင်းဝင်ကြည့်ဖြစ်ပါတယ်။

    ReplyDelete
  2. Iphone 4 ,iso 5 jailbreak can do it?

    ReplyDelete
  3. Ko moe ipad2 4.3.5 jailbreak redsnow nal ya Naing ma lar????

    ReplyDelete
  4. သီချင်းထည့်လိုက်တာ တခြားဟာတွေပါသုံးလို့မရတော့လို့ ဘယ်လိုလုပ်ရမလဲ မသိဘူး ipad2 မှာပါ

    ReplyDelete