Saturday, November 12, 2011

iOS 5.0.1 Jailbreak (RedsnOw 0.9.9b8)

နောက်ဆုံးထွက် iOS 5.0.1 အသစ်ကို RedsnOw 0.9.9b8 အသုံးပြု၍ Tether Jailbreak ပြုလုပ်နိုင်ပါပြီ။ Jailbreak လုပ်ပြီးနောက် Semi-Tether tool ကို သုံးပြီး Semi Untethered jailbreak အဖြစ် အသုံးပြုနိုင်ကြပါပြီ....

Jailbreak ပြုလုပ်နိုင်မယ့် iDevice များကတော့
  • iPhone 4 (semi untethered)
  • iPhone 3GS new bootrom (semi untethered)
  • iPhone 3GS old bootrom (untethered)
  • iPod touch 4G (semi untethered)
  • iPod touch 3G (semi untethered)
  • iPad 1 (semi untethered) တို့ ဖြစ်ကြပြီး....
iPhone 4S နှင့် iPad 2 တို့ ကိုတော့ Jailbreak မလုပ်နိုင်သေးပါဘူး တစ်ဆက်ထဲမှာပဲ iOS 5 Untethered Jailbreak စောင့်မျှော်နေကြသူများ iOS 5.0.1 ကို update မလုပ်ဖို့  သတိပေးချင်ပါတယ်။

>> Download RedsnOw 0.9.9b8 (Win)
>> Download RedsnOw 0.9.9b8 (Mac)

အဆင့် (၁)

iTunes 10.5 ကို Update လုပ်ပါ။

အဆင့် (၂)

မိမိ iDevice အလိုက် သက်ဆိုင်သော iOS 5.0 IPSW ကို Download ရယူပြီး Desktop တွင် Save ထားပါ။

အဆင့် (၃)

အထက်တွင် Download ခဲ့သော RedsnOw ကို Run ပါ။

အဆင့် (၄)

RedsnOw တွင် "Extras" ကိုရွေးပြီး "Select IPSW" ကိုရွေးပါ။ Browse အတွက် Desktop တွင် Download လုပ်ခဲ့သော iOS 5.0 IPSW ကိုရွေးပေးလိုက်ပါ။ Back ပြန်နှိပ်ပါ။


အဆင့် (၅)

iDevice ကို PC နှင့်ချိပ်ဆက်ပြီး RedsnOw တွင် ဒီတစ်ခါ "Jailbreak" ကိုနှိပ်ပါ။ ထို့ နောက် Next ကိုနှိပ်ပြီး DFU mode ပြောင်းရန် ညွှန်ကြားချက် အဆင့်လိုက် ဆောင်ရွက်ပါ။


အဆင့် (၆)

Jailbroken ဖြစ်သွားပါက Device Reboot လုပ်သွားပါလိမ့်မည်။

အဆင့် (၇)

Device ပြန်တက်လာပါက (PC နှင့်ချိပ်ဆက်လျှက်) RedsnOw ကိုပြန်ဖွင့်ပြီး "Extras" ကိုနှိပ် "Just boot" ကိုထပ်နှိပ်ပေးလိုက်ပါ။


အဆင့် (၈)

Semi Untethered အဖြစ် အသုံးပြုလိုပါက ဒီနေရာတွင် ဖတ်ပြီး ဆက်လက်လုပ်ဆောင်ပါ။

10 comments :

  1. iPhone 4G ကို iOS 5 ကို update လုပ်ချင်တာ iTune နဲ့လုပ်တော့ iOS 5.0.1 ကိုပဲလုပ်ခိုင်းနေတယ် အဲ့ဒါနဲ့ iOS 5.0.1 ကိုပဲ update လုပ်လိုက်ရတယ်။ iOS 5 ကိုဘာလို့လုပ်လို့မရတာလဲ။ တခြားဆော့ဝဲလ်နဲ့လုပ်ရတာလား။
    iOS 5.0.1 ကို update လုပ်ပြီးတော့ RedsnOw 0.9.9b8 နဲ့ Tether Jailbreak လုပ်တော့ "Select IPSW" ကိုရွေးတဲ့အခါမှာ “That IPSW is not supported by this version of redsn0w” ဆိုပြီး မရဘူးဖြစ်နေတယ်ခင်ဗျ..။

    ReplyDelete
  2. ဟုတ်တယ်အကို....ကျနော်လုပ်တာလည်း redsnow က support မလုပ်ဘူး အဲဒါနဲ့ကျနော် snowbreeze beta 11 နဲ့jail တာရတယ်...အဲကောင်က redmondpie.com မှာသွားဒေါင်းလ်ိုက်ပြီးတော့အဲမှာသူပြောတဲ့တိုင်းလုပ်ကြည့်လိုက် ကျနော် ကောင်က ipad ကတော့ရတယ်....ibooty နဲ့တော့ boot ပြန်တက်ရမယ်နော်.....အဆင်ပြေပါစေ...

    ReplyDelete
  3. iOS 5.0.1 ကို update လုပ်ထားရပေမယ့် Jailbreak လုပ်တဲ့ အခါမှာတော့ iOS 5.0 ကိုပဲသုံးပြီး လုပ်ရပါတယ်တယ်။
    ကိုမိုးသကြား သတိထားပြီး မဖတ်လိုက်တာထင်ပါတယ်။
    ကြိုးစားကြည့်ကြပါ။
    ဒီဗွီဒီယိုထဲက အတိုင်း ကြည့်ပြီးလဲ လုပ်ကြည့်နိုင်ပါတယ်။
    http://www.youtube.com/watch?v=L1d1sYJcQK8&feature=player_embedded

    ReplyDelete
  4. ကျနော့ ipod touch 3g မှာ ios 5ကို RedsnOw 0.9.9b7 ကိုရော b8 ကိုရောသုံးပြီး jailbreak လုပ်တာ Cydia က ၀င်လိုက်တာနဲ့ ချက်ချင်းပြန်ထွက်သွားတယ် အဲဒါနဲ့ sn0wbreez ကိုသုံးလည်း မရဘူး နောက်ထွက်တဲ့ ios 5.0.1 ကို update တင်ပြီး လုပ်လည်း ဒီအတိုင်းဘဲဗျ....လုပ်ကြပါအုံးခင်ဗျား နားမလည်တော့ဘူး

    ReplyDelete
  5. ကိုမိုးသကြားခင်ဗျ...
    ကျွန်တော်ယခုလက်ရှိသုံးနေတာiPhone 4G ပါ။Baseband က04.10.01 ပါ...4G ကိုကျွန်တော် iOS 5.0.1ပြောင်းချင်ပါတယ်...
    Basebandပေါ်မူတည်ပြီးipHONE 4 မှာ iOS 5.0.1တင်လို့ရမလားခင်ဗျ....

    ReplyDelete
  6. Cydiaကိုဘယ်လိုတင်ရမလဲဗျာ..သိတဲ့သူများ ဖြေပေးကြပါအုံးဗျာ...

    ReplyDelete
  7. 5.0.1 မှာကျွန်တော်ဖုန်းပြသနာတက်နေပါတယ်။ အဲပြသနာကဘာလဲဆိုတော့ သူများဖုန်းခေါ်ရင် ကိုယ်ဆီမှာ ဖုန်းဝင်ပြီ ဖုန်းက အသံကိုမမြည်ဘူးဖြစ်နေတယ်။ နောက်ပြီ ဖုန်းလိုင်းကလဲ ငြိမ်နေပြီးတော့ ကိုယ် ကိုယ်တိုင်လဲဖုန်းခေါ်မရဖြစ်နေပါတယ်...အဲဒါဘယ်လိုများပြန်ပြင်ရမလဲခင်ဗျာ...အဲဒီဖုန်းခေါ်တာတစ်ခုဘဲပြသနာကဖြစ်နေတယ်။ ကလိတာများသွားလို့ဖြစ်မယ်

    ReplyDelete
  8. ကိုမိုးသိကြား...
    4sအတွက်JBထွက်ရင်ညွှန်ကြားပေးပါဦးဗျာ။

    ReplyDelete
  9. :) အကို Locked iPhone တွေကို RedsnOw 0.9.9b8 နဲ့ Jailbreak လုပ်လိုက်ရင် တစ်ခါတည်း Unlock ပါဖြစ်တာလား ဒါမှမဟုတ် Ultrasn0w 1.2.4 ကိုထပ်သုံးရသေးလားဗျ။.......!i!

    ReplyDelete
  10. ဒီနည်းအတိုင်းလုပ်ကြည့်တာ
    အဆင်မပြေဘူးဗျာ screen အမဲရောင်ကနေဘာမှမပြောင်းလဲတော့ပါဘူး
    သိရင်ထပ်ပြောပြစေလိုပါတယ်

    ReplyDelete