Monday, December 19, 2011

Downgrade iPad 2 iOS 5 / 5.0.1 to 4.3.3

iPad 2 ကို iOS 4.3.3 မှာ Jailbreakme.com အသုံးပြုပြီး Untethered Jailbreak လုပ်လို့ရတယ်ဆိုတာ တော်တော်များများ သိကြပါလိမ့်မယ်။ ဒါပေမယ့် မတော်တစ်ဆ iOS (4.3.5 မှ 5.0.1) ထိ တစ်ခုခုကို Update လုပ်မိခြင်းတို့ကြောင့် Jailbreak လုပ်မရသူများစိတ်ညစ် မနေကြပါနဲ့တော့၊ iPad 2 iOS 5 / 5.0.1 jailbreak ကိုလည်း မျှော်နေစရာမလိုတော့ပါဘူး၊

TinyCFW အမည်ရတဲ့ application ကိုအသုံးပြုပြီး iPad 2 3G (GSM / CDMA) နှင့် iPhone 4 တို့ကို iOS 4.3.3 သို့ ပြန်လည် Downgrade ဆင်းနိုင်ပါပြီ။
ဒါပေမယ့် မိမိ Device ရဲ့ iOS 4.3.3 SHSH blobs တော့ရှိထားဖို့လိုပါတယ်...

TinyCFW ၏စွမ်းဆောင်ချက်များ

- iPad 2 GSM/CDMA , iPhone 4 အတွက် လက်ရှိ ipsw ကို မွမ်းမံခြင်း
- လက်ရှိ baseband မှLatest baseband ကို update လုပ်နိုင်အောင် ipsw ကို မွမ်းမံခြင်း
- shsh blobs ရှိသော iOS version ကို TinyUmbrella နှင့် iTunes သုံးပြီး Restore လုပ်နိုင်သော ipsw ဖန်တီးပေးခြင်း
- iPad 2 နှင့် iPhone 4 အတွက် အဓိကလုပ်ဆောင်ခြင်း

TinyCFW ၏ မစွမ်းဆောင်နိုင်မှုများ

- Jailbreak မလုပ်
- Unlock မလုပ်
- Baseband ကို မကာကွယ်နိုင်
- နှစ်သက်ရာ firmware ကို Restore မလုပ်ပေးနိုင်
- iPhone 3G, 3GS, iPad, iPhone 4S တို့အတွက်မရပါ

မိမိ Device ရဲ့ iOS 4.3.3 SHSH blobs ရှိရပါမည်

Downloads

> iOS 4.3.3 for iPad 2 (GSM / CDMA)

> iPhone 4

> Tiny Umbrella (Windows / Mac)

> TinyCFW (Windows / Jar)


လုပ်ငန်းစဉ် အဆင့်များ

အဆင့် - ၁ : TinyCFW application မှ (Windows သမားများအတွက်) .exe ကို Run ပါ။ (Mac သမားများအတွက်) .jar ကို Run ပါ။ (သင်၏ စက်သည် Java သွင်းထားပြီး အနည်းဆုံး 2.5Gb RAM ရှိဖို့လိုပါသည်)။

မှတ်ချက်။ ။ TinyCFW ဖွင့်မရသူများ အောက်ဆုံးမှာ ရှင်းပြပေးထားပါတယ်။

အဆင့် - ၂ : Box တစ်ခု တက်လာပါက အပေါ်ဆုံးမှ "Choose Current IPSW" ကိုနှိပ်ပြီးSHSH blob save ခဲ့သော IPSW ကိုရွေးပါ။



အဆင့် - ၃ : TinyCFW က firmware ကို scan လုပ်ပြီးbaseband version ကို ဖော်ပြပါလိမ့်မယ်။

အဆင့် - ၄ : "Save Target IPSW" ကိုနှိပ်ပါ။ တစ်မိနစ် နှစ်မိနစ်ခန့်ကြာပါလိမ့်မယ်၊ ပြီးနောက် သင် file name တစ်ခုရပါလိမ့်မယ်။ .bbupdate.ipsw

ယခုမှစ၍ အပေါ်တွင် အသစ်ဖန်တီးခဲ့သော Custom IPSW သုံးပြီး iPad 2 / iPhone 4 ကို Restore လုပ်ပါမယ်။

အဆင့် - ၅ : Tiny Umbrella ကို Run ပါ။ "Advanced" options တွင် "Set Hosts to Cydia on Exit" တစ်ခုကိုသာ အမှန်ခြစ်ရွေးပါ။



အဆင့် - ၆ : iPad 2 / iPhone 4 ကို PC နင့်ချိပ်ပြီး Power "OFF" ပါ။

အဆင့် - ၇ : iPad 2 / iPhone 4 ကို DFU mode ပြောင်းပါ။

အဆင့် - ၈ : iTunes မှ (Option / Shift + Restore) နှင့်အပေါ်တွင် အသစ်ဖန်တီးခဲ့သော Custom IPSW ကို သုံးပြီး Restore လုပ်ပါ။

သင်၏ iDevice သည် iOS 4.3.3 သို့ အောင်မြင်စွာ Downgrade ချပြီးပါက 4.3.3 ကို Jailbreak ပြုလုပ်ရန် ဒီနေရာတွင် ဖတ်ရှုပါ...

Windows တွင် TinyCFW ဖွင့်မရသူများ အတွက်

၁) PC တွင် Start -> Control Panel -> System and Security -> System -> Advanced system settings ကိုဖွင့်ပါ။


၂) Advance (tab) ကိုနှိပ်ပြီး "Environment Variables" ကိုဖွင့်ပါ။


၃) "User variables for...." အောက်ရှိ "New" ကိုနှိပ်ပါ။ ထိုနောက်..


၎) Variable name = _JAVA_OPTIONS
Variable value = -Xmx1g ဟုရိုက်ထည့်ပြီး "OK" နှိပ်ပါ။


အခုဆိုရင် tinycfw-0.1.exe လေး Run သွားပါပြီ။

မှတ်ချက်၊ SHSH blobs save ပြီးသားမရှိလို့ ကိုယ်တိုင် မစမ်းသပ်ရသေးပါ။။

9 comments :

  1. အကို ၄.၃.၃ shsh blobs ကဘယ်လိုလုပ်မှရမှာလဲ မသိဘူး ကျတော်လဲ မသိလို့ tinyumbrella နဲ့လျောက်လုပ်လိုက်တာ 5 ကျုsave မိလိုက်လားမသိဘူး ကုညီပါဦး အိုင်ပတ် ၂ ကို ဆင်းချင်လို့ပါ

    ReplyDelete
  2. အကို DFU mode ပြောင်းပီးရင် ဘယ် applicaation ကိုထပ်ဖွင့်ရဦးမှာလဲ red snow လား ဒါမှမဟုတ်မလိုတော့ဘူးလား itune ကိုတခါထဲ ဖွင့်လို့ရပီလား တချက်လောက်ရှင်းပြပေးပါဦး shsh blobs ကို save နည်းလေးပါ ရှင်းပြပေးပါ လေးစားစွာဖြင့်

    ReplyDelete
  3. ကျနော့်ဖုန်းက 2g ပါ။အခုedge connection ယူပြီး အင်တာနက်သုံးပြီး ပိတ်တာ connection က ပြတ်မသွားပါ။
    အင်တာနက်သုံးပြီးဖုံးပိတ်ထားရပါတယ်။ ကူညီပါဦး။
    ကျေးဇူးတင်စွာဖြင့်
    တင်ဝင်း။

    ReplyDelete
  4. This comment has been removed by the author.

    ReplyDelete
  5. ကိုမိုးရေ ၄.၂.၁ jailbreak
    ပြီးပါပြီ အခု လုံးဝဖတ်လို့ မရတော့ဘူး။

    ReplyDelete
  6. ios 5.0.1 untethered jailbreak.
    CLICK http://youtu.be/qdF58anFtiQ

    ReplyDelete
  7. ရဲ့ iOS 4.3.3 SHSH blobs ဆိုတာဘာပါလဲ လို့ဖြေကြားပေးပါရှင့် နားမလည်လို့ပါ။ ကျေးဇူးတင်ပါတယ်

    ReplyDelete
    Replies
    1. SHSH Blobs ဆိုတာ အလွယ်ပြောရရင် မိမိ လက်ရှိသုံးနေတဲ့ iOS version နဲ့  သက်ဆိုင်တဲ့ အချက် အလက်များကို မှတ်သားထားတာ ဖြစ်ပါတယ်။ Recovery / Backup လို့ ပြောရင်လဲ မမှားပါဘူး။ အဲဒီလို Backup လေးရှိထားတော့ Downgrade ပြန်ဆင်းဖို့  လွယ်ကူတာပေါ့။ အကယ်၍ Backup မလုပ်ထားခဲ့ရင် version ပြန်ဆင်းတဲ့ အခါမှာ အခက်အခဲ အများကြီးရှိပါတယ်။
      ဒီတော့ မိမိ သုံးနေတဲ့၊ သုံးခဲ့တဲ့ iOS တိုင်း အတွက် SHSH Blobs ကို iOS Update မလုပ်ခင်မှာ Save ထားသင့်ပါတယ်။

      SHSH blobs တည်ဆောက်နည်းကို အောက်ပါ နေရာတွင် ဖတ်နိုင်ပါသည်။
      http://www.moethagyar.info/2010/10/recovery-shsh-blobs_08.html

      Delete
  8. အကိုရေ ကျွန်တော်.အိုင်ပတ်၂ ကjailbreak လုပ်ပြီးသုံးနေတာ ကြာပြီအခုပါဝါပိတ်ပြီး ပြန်ဖွင်.တာ ဘာမှတက်မလာတော.ဘူး။ အလုံးလေးပဲလည်နေတယ်။အဲဒါဘာဆက်လုပ်ရမလဲမသိတော.လို.၊ဒီတိုင်းထားလိုက်ရတယ်။ updateလုပ်ရမှာလားကျွန်တော်ကနယ်မှာနေတာ ကွန်နက်ရှင်ကလဲ မကောင်းဘူး၊ဘာလုပ်ရမှာလဲ။ကူညီပါဦး။။

    ReplyDelete