iOS 5.0.1 / 5 သုံးထားတဲ့ iPhone 4, 3GS, iPod touch 4G, 3G and iPad 1 တို့ ကို Jailbreak လုပ်ပြီးသော်လည်း Cydia icon က တစ်ခါတစ်ရံ အဖြူရောင်ပဲ ပေါ်နေတဲ့အခါမှာ ဖြေရှင်းဖို့  နည်းလမ်းလေး တစ်ခုပါ..
ယခုလို အဖြစ်ပျက်မျိုးကို အချို့  Tweaks တွေ install လုပ်လိုက်တဲ့ အခါမှာ မကြာခဏ ကြုံတွေ့ ရတတ်ပါတယ်။ ဒီအခါမှာ ဖြေရှင်းဖို့  အတွက် နည်းလမ်း သုံးသွယ်ကို တင်ပြပေးလိုက်ပါတယ်။
နည်းလမ်း (၁)
အဆင့် ၁) : RedsnOw 0.9.9b8 ကို Run ပါ (Download ရယူရန်)
အဆင့် ၂) : "Extras" button ကိုနှိပ်ပါ။
အဆင့် ၃) : "Just boot" ကိုနှိပ်ပေးလိုက်ပါ။
အထက်ပါဖြေရှင်းနည်းနှင့် မပြေလည်ပါက အောက်ပါနည်းနှင့် ကြိုးစားနိုင်ပါသေးတယ်။
နည်းလမ်း (၂)
အဆင့် ၁) : Home Screen ရှိ Cydia မှ Manage ကိုသွားပါ။
အဆင့် ၂) : Installed list and an Option မှ "Cydia Installer" ကိုတွေ့ ပါမည်။
အဆင့် ၃) : "Cydia Installer" ကိုရွေးပြီး "Modify" ကိုနှိပ်ပါ။
အဆင့် ၄) : နောက်ဆုံးတွင် "Re-install" button ကိုနှိပ်ပေးလိုက်ပါ။
အထက်ပါ နည်းလမ်း နှစ်မျိုးနှင့် အဆင်မပြေပါက အောက်ပါ နည်းတစ်နည်း ကျန်ပါသေးသည်။
နည်းလမ်း (၃)
အဆင့် ၁) : Home ရှိ Cydia ကိုဖွင့်ပြီးနောက် "Changes" tab ကိုနှိပ်ပြီး "Refresh" နှိပ်ပါ။ ဒီအခါ Cydia တွင် Update လုပ်ရန် လိုသည်များ တက်လာပါမည်။
အဆင့် ၂) : "Essential Upgrade" နှင့် Update လုပ်ပေးလိုက်ပါ။
အဆင့် ၃) : Update အလုပ်များ လုပ်ပြီးသည်နှင့် Cydia ကို ပြန်ပိတ်လိုက်ပြီး Reboot လုပ်ပါ။
အထက်ပါ နည်းလမ်းများထဲမှ တစ်နည်း နည်းနှင့် အဆင်ပြေလိမ့်မည်ဟု မျှော်လင့်ပါသည်။
ကျနော် ဂျတ်ဘရိတ်လုပ်လိုက်တာ ဆိုင်ဒီယာကိုဖွင့်လို့မရဘူးဖြစ်နေတယ် သိရင်ပြောကြပါ ဘယ်လိုလုပ်ရမလဲ
ReplyDeletepls i can't try.On home screen cydia not work.
ReplyDeletepls i can't try.On home screen cydia not work.
ReplyDeletejustboot ပြန်လုပ်ရင်cydiaကိုopenနိုင်မှာပါ.ကိုzczc
ReplyDeleteiOS 4.3.5/5.0 အထက်ဆီုရင်Jailbreak က၂ခါ လုပ်ပေးရတယ်နော်.Just Boot Tether right now ကိုပြန် လုပ်ပေးရပါတယ်..
ReplyDelete