ကျွန်တော်တို့ Jailbreak / Unlock လုပ်ကြတဲ့ အခါများမှာ Custom Firmware တည်ဆောက်ပြီးမှ လုပ်ရတဲ့ အခြေအနေမျိုးတွေ ရှိတတ်ပါတယ်။ အဲဒီလို အနေအထားမျိုးမှာ iPhone 3G, 4, iPod Touch များတွင် ဘာမှ ပြဿနာမရှိသော်လည်း iPhone 3GS များမှာတော့ Old Bootrom / New Bootrom နှစ်မျိုးခွဲခြားထားလို့ မိမိရဲ့ iPhone 3GS ဟာ Old (သို့) New Bootrom လားဆိုတာ သိဖို့လိုအပ်လာပါတယ်။
ယခုတင်ပြပေးမယ့် အကြောင်းအရာကတော့ မည်သည့် Software အကူညီမှ မလိုပဲ iPhone 3GS ကို Old Bootrom / New Bootrom လားဆိုတာကို လွယ်ကူစွာ ခွဲခြားနိုင်မှာဖြစ်ပါတယ်။
Windows 7/ Vista / XP တွင် ခွဲခြားနည်း
အဆင့် ၁)
iPhone 3GS ကို PC နှင့် ချိပ်ဆက်ပြီး DFU mode ပြောင်းပါ။
> iPhone ကို Power OFF ပါ
> iTunes ကို ဖွင့်ပါ။
> Power + Home botton ကို ၁၀ စက0x081ကန့်မျှ တွဲနှိပ်ထားပါ။
> Power ကိုလွှတ်ပြီး Home ကို ကွန်ပျုတာမှ New USB device သိသည် အထိ နှိပ်ထားပါ။
iTunes က iPhone ကိုသိပြီး iPhone တွင် Black screen သာပေါ်နေမည်။
အဆင့် ၂)
Desktop ရှိ My Computer ကို Right click နှိပ်ပြီး Properties -> Hardware (tab) -> Device Manager သို့သွားပါ။
အဆင့် ၃)
"Universal Serial Bus Controllers" ဘေးရှိ "+" သို့ "တြိဂံ" ကိုနှိပ်ပြီး ဖြည်ချလိုက်ပါ။
အဆင့် ၄)
"Apple Mobile Device USB Driver" ကိုရှာပြီး Right click နှိပ်ပြီး Properties ကို ရွေးပါ။
အဆင့် ၅)
"Details" ကိုသွားပြီး "Device Instance Path" ကို ရွေးပါ။
အဆင့် ၆)
အောက်ဖော်ပြပါ ပုံများအတိုင်း Bootrom version (iBoot) ကို တွေ့မြင်ရပါလိမ့်မယ်။
iPhone 3GS : Old Bootrom ဆိုရင် 359.3 နဲ့ ဆုံးပြီး
iPhone 3GS : New Bootroom ဆိုရင်တော့ 359.3.2 (သို့) အထက် နဲ့ ဆုံးပါလိမ့်မယ်
Software သုံးပြီးမှ သိချင်ပါတယ်ပါတယ်ဆိုတဲ့ သူများအတွက် iDetector ကို ဒီမှာ ရယူပါ။
iDetector နဲ့ဘယ်လိုသုံးရတာလဲဗျို့
ReplyDeleteiDetector နဲ့ဘယ်လိုသုံးရတာလဲဗျို့
ReplyDelete