iPhone 4, 3GS Lock ဖုန်းများ iOS 5.0.1 ကို untether jailbreak ပြုလုပ်ပြီး unlock ပြုလုပ်ရာတွင် အခက်အခဲဖြစ်နေပြီး၊ SIM Carrier ကိုမသိ၍ ဖုန်းအသုံးပြုလို့ မရသူများ အတွက် ကျွန်တော် ကိုယ်တိုင် စမ်းသပ်၍ အောင်မြင်စွာ jialbreak / unlock လုပ်နိုင်ခဲ့တဲ့ နည်းလမ်း အသစ်တစ်ခုကို တင်ပြပေးလိုက်ပါ့မယ်။
ယခုစမ်းသပ်မှုကို iPhone 3GS (Old bootrom) , Baseband 06.15.00, iOS 4.1 အသုံးပြုပြီး iOS 5.0.1 သို့ Preserve baseband နည်းနှင့် update လုပ်ပြီး jailbreak / unlock ပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။
ကျွန်တော် ဒီနေရာမှာ ရေးထားခဲ့စဉ်က အတိုင်း RedsnOw နှင့် Baseband မပြောင်းအောင် Custom IPSW တည်ဆောက်ပြီး iTunes နှင့် Restore ပြန်လုပ်ရာတွင် မည်သည့် အခက်အခဲမျှ မရှိသော်လည်း Jailbreak ပြုလုပ်ရာ iPhone screen တွင် Please wait ပေါင်းများစွာတတ်လာပြီး နောက်ဆုံးမှာ "ERROR!" "Giving up..." စာတန်းများနှင့် error တက်ခဲ့ပါတယ်။
အကြိမ်ကြိမ် ပြန်လည် ကြိုးစားသော်လည်း ထပ်တူ ထပ်မျှ ဖြစ်ပြီး Jailbreak လုံးဝ လုပ်လို့မရခဲ့ပါဘူး။ iTunes နဲ့ SIM activate မဖြစ်လို့ iPhone ရဲ့ Home screen တောင် မြင်ခွင့်မရတော့ပါ... (Official SIM ကိုသာ Insert လုပ်ခိုင်းနေပါတော့တယ်)
ကျွန်တော် နားထားလိုက်ပါပြီ.....။
ဦးဏှောက် ကိုပဲ အလုပ်ပေးရပါတော့မယ်.... လုပ်ရမယ့် အဆင့်တွေ တစ်ဆင့်ခြင်း ပြန်စဉ်းစားမိပါတယ်....
လှည့်ပတ်လုပ်ရမယ့် နည်းတစ်နည်းတော့ စဉ်းစားမိပါပြီ... အဲဒီနည်းနဲ့ပဲ လုံးဝ အဆင်ပြေသွားပါတယ်....။
ကဲ... စလိုက်ကြရအောင်...
မစခင် အောက်ပါ အချက်လေးတွေကို စစ်ဆေးဖို့ သတိပေးချင်ပါတယ်...
၁) baseband 06.15.00 ဖြစ်နေရပါမယ်
၂) 3GS ဆိုရင် Old bootrom လား..? New Bootrom လား...? သိရပါလိမ့်မယ်။ ဒီလိုနည်းနဲ့ စစ်ဆေးနိုင်ပါတယ်။
Downloads:
>> iOS 5.0.1_9A405_Restore
>> snOwbreeze 2.8b11
လုပ်ငန်းစဉ်ရဲ့ အနှစ်ချုပ်ကို ဦးစွာ ပြောပါရစေ...
ပထမ ။ ။ iOS 5.0.1_9A405_Restore (Main IPSW) ကို snOwbreeze သုံးပြီး baseband preserve iOS 5.0.1 ကို တည်ဆောက်ရပါတယ်။ ရလာတာကို (IPSW 1 လို့ မှတ်ထားပါစို့)
ဒုတိယ ။ ။ IPSW 1 ကိုသုံးပြီး iTunes နဲ့ Restore လုပ်ရပါမယ်။ (JB မဖြစ်သေးပါ)
တတိယ။ ။ (Main IPSW) ကို snOwbreeze သုံးပြီး jailbreak iOS 5.0.1 ထပ်မံတည်ဆောက်ရပါမယ်။ ရလာတာကို (IPSW 2 လို့ မှတ်ထားလိုက်ပါ)
စတုတ္ထ ။ ။ IPSW 2 ကိုသုံးပြီး iTunes နဲ့ Restore ထပ်မံ လုပ်ပေးရပါမယ်။ (JB ဖြစ်သွားပါပြီ)
Jailbreak ဖြစ်ပြီးသွားမှသာ UltrasnOw သုံးပြီး Unlock လုပ်ရပါမည်။
လုပ်ငန်းစဉ်
ပထမပိုင်း
၁) snOwbreeze 2.8b11 ကို Run ပါ။
၂) Browse ကိုနှိပ်ပြီး download လုပ်ထားခဲ့သော iOS 5.0.1_9A405_Restore ကို ရွေးပါ။ Next နှိပ်ပါ။ (Main IPSW)
၃) 3GS ဖြစ်ပါက Old bootrom / New bootrom ကို သက်ဆိုင်ရာကို ရွေးပေးပါ။
၎) Baseband Preservation Mode ကိုရွေးပြီး Next နှိပ်ပါ။ (ipsw ဆောက်နေပါပြီ...)
၅) snOwbreeze_iPhone **-5.0.1.ipsw ကို သင့် Desktop တွင် ရလာပါလိမ့်မည်။ (IPSW 1)
၆) snOwbreeze က သင့် iPhone ကို DFU mode ဝင်နိုင်ရန် လမ်းညွှန်ပါလိမ့်မည်။
၇) DFU mode ရောက်ပြီး iTunes နှင့် ချိပ်ဆက်မိပါက: snOwbreeze_iPhone **-5.0.1.ipsw (IPSW 1) ကို အသုံးပြု၍ (Shift + Restore) နှိပ်ပြီး Restore လုပ်ပါ။
** iTunes error 3194 တက်လာပါက ဒီနေရာ က အတိုင်း ဖြေရှင်းနိုင်ပါတယ်။
အထက်ပါ အဆင့်များ အောင်မြင်စွာ ပြီးဆုံးခဲ့ပါက သင့် iPhone သည် baseband update မလုပ်ပဲ iOS 5.0.1 ဖြစ်သွားပါပြီ။ (Jailbreak တော့ မဖြစ်သေးပါ)
** snOwbreeze_iPhone **-5.0.1.ipsw (IPSW 1) ကို Desktop မှာ Folder တစ်ခုဆောက်ပြီး သိမ်းပါ။**
Jailbreak ဖြစ်ရန် အောက်ပါ အတိုင်း ဆက်လက် လုပ်ဆောင်ပါဦး...
ဒုတိယပိုင်း
၁) snOwbreeze 2.8b11 ကို Run ပါ။
၂) Browse ကိုနှိပ်ပြီး download လုပ်ထားခဲ့သော iOS 5.0.1_9A405_Restore ကို ရွေးပါ။ Next နှိပ်ပါ။ (Main IPSW)
၃) 3GS ဖြစ်ပါက Old bootrom / New bootrom ကို သက်ဆိုင်ရာကို ရွေးပေးပါ။ (မသေချာပါက Detect it for me. နှင့် စစ်ပါ)
၎) Expert Mode ကိုရွေးပါ။ Next နှိပ်ပါ။
၅) General ကိုရွေးပြီး Next နှိပ်ပါ။
၆) Activate The iPhone [Hacktivate] တစ်ခုထဲကို အမှန်ခြစ်ရွေးပေးပါ (အရေးကြီးသည်)။ Next နှိပ်ပါ။
၇) (Install iPad baseband / Custom Boot Logo(s)) တို့ကို အမှန်ခြစ် ဖြုတ်ခဲ့ပြီး တောက်လျှောက် Next နှိပ်သွားပါ၊ နောက်ဆုံး General ပြန်ရောက်သည် အထိ။
၈) Build IPSW ကိုရွေးပြီး Next နှိပ်ပါ။ (snOwbreeze က Custom IPSW ဆောက်နေပါပြီ)
၉) snOwbreeze_iPhone **-5.0.1.ipsw သင့် Desktop တွင် ရလာပါလိမ့်မည်။ (IPSW 2)
၁၀) snOwbreeze က သင့် iPhone ကို DFU mode ဝင်နိုင်ရန် လမ်းညွှန်ပါလိမ့်မည်။
၁၁) DFU mode ရောက်ပြီး iTunes နှင့် ချိပ်ဆက်မိပါက: snOwbreeze_iPhone **-5.0.1.ipsw (IPSW 2) ကို အသုံးပြု၍ (Shift + Restore) နှိပ်ပြီး Restore လုပ်ပါ။
အထက်ပါ အဆင့်များ အောင်မြင်စွာ ပြီးဆုံးခဲ့ပါက သင့် iPhone သည် iOS 5.0.1 untether jailbreak ဖြစ်သွားပါပြီ။
Unlock ပြုလုပ်ရန် အောက်ပါ အဆင့်တွေ ခရီးဆက်ပါဦး...
အဆင့် - ၁ : Cydia -> Manage -> Sources -> Edit -> Add မှတစ်ဆင့် http://repo666.ultrasnOw.com ဟုရိုက်ထည့်ပါ။
အဆင့် - ၂ : Repo ကို ရိုက်သွင်း ပြီးသွားပါက Search တွင် ultrasnOw ကိုရှာပြီး Install လုပ်ပါ။
မှတ်ချက်။ ။ Repo သွင်းယူရာတွင် အချိန် အတော်တန်ကြာမြင့်တတ်ပြီး Connection ကောင်းမွန်ဖို့ လိုအပ်ပါသည်။
အခုဆိုရင် သင့် iPhone 4 / 3GS ဟာ unlocked ဖြစ်သွားပါပြီ။
အားလုံးပဲ အဆင်ပြေကြလိမ့်မယ် ထင်ပါတယ်.....
iphone4 ios 5.0.1, baseband 04.11.08 ကို unlocked လုပ်နိုင်တဲ့နည်းလေးရှိရင် ပြောကြပါဦးဗျာ....
ReplyDeleteရွာစော်ကြီးရဲ့ Baseband 04.11.08 ကို iOS 5.0.1 Unlock လုပ်ဖို့ဆိုရင် လုပ်ငန်းစဉ် (ဒုတိယပိုင်း) က စတင်ပြီး အဆင့် (၇) နေရာမှာ "Install 06.15.00 iPad Baseband" ကို အမှန်ခြစ်ရွေးပေးလိုက်ပါ၊ အခြား အဆင့်များက အတူတူပင် ဖြစ်ပါတယ်။
ReplyDeleteios 5.0.1 အတွက် ipad baseband change ဖို.က unlock က သုံးမဘူးဖြစ်နေတယ်ကော....ဘယ်လိုလုပ်၇မှာလည်း..............
ReplyDeleteကိုမိုးသကြားရေကူညီပါဦီးinstallous ကသုံးလီု့မရတေားဘူး ဘယိထဲကဝင်ရမလဲဆိုတာပြောပေးပါလားအကို thank a lot bro.
ReplyDeleteInstallous 4 အတွက် http://sinfuliphonerepo.com ကို source မှာထည့်ပြီး install လုပ်ပါ။
ReplyDeleteကိုမိုး ကျွန်တော့ ဖုန်းက 4g baseband 04.10,01 ပါ အဲဒါ baseband change လို့ရမလား ကျေးဇူးပြုပြီးကူညီပေးပါ iOs 5.0.1ပါ ကူညီပါအုံး၊ downgrade ဆင်းရင် ရနိုင်မလားကူညီပေးပါ hardware unlock နဲ့သုံးရတာအဆင်မပြေလို့ပါ no service ဖြစ်ဖြစ်သွားလို့ ကူညီပါအုံး ကျေးဇူးတင်ပါတယ်
ReplyDeleteကို မိုးသိကြားခင်ဗျ
ReplyDeleteinstall ipad base band ကိုအမှန်ခြစ်ဖြုတ်ပြီး next သွားလိုက်တဲ့အခါ
custom boot logo ဆိုတာတက်မလာပဲ custom app ဆိုတာကြီးတက်လာပါတယ်။ ဆက်သွားလိုက်ရင် general ကိုရွေးရတဲ့ဆီပြန်ရောက်ပြီး ပတ်လည်ရိုက်နေပါတယ်။
ဘယ်လိုလုပ်ရမလဲခင်ဗျာ။
Custom Boot logo အဆင့်ကိုလိုချင်ရင်တော့ General ကနေ Install 06.15.00 iPad Baseband ကို မရွေးခဲ့နဲ့ဦး (Hacktivate) ရွေးခဲ့ဖို့တော့ မမေ့ပါနဲ့။
ReplyDeleteUnlock ဆိုတာကိုသွားပြီး Install 06.15.00 iPad Baseband ကို အမှန်ခြစ်ရွေးပြီး Build IPSW လုပ်ပါ။
ကျွန်တော်ဆီမှာတော့ Custom Boot logo က ဘယ်ကနေသွားသွား ရောက်ပါတယ် (အမှန်တော့ Custom boot logo က အရေးမကြီးပါဘူး ဖုန်းဖွင့်လိုက်ရင် ပန်းသီးပုံအစား မိမိရွေး ထားတဲ့ ရုပ်ပုံအစားထိုးသွားတာလေးပါ)
ကျွန်တော့် 3GS 5.0.1 (05.16.05) ကိုလည်း unlock လုပ်ချင်လို့ပါ
ReplyDeleteဘယ်အဆင့်က စပြီးလုပ်ရမလည်း ပြောပေးပါနော်
ကျေးဇူးတင်ပါတယ်
2nd ipsw ကို restore လုပ်လိုက်တာ ပန်းသီးပုံမှာ ရပ်နေတယ်အစ်ကို။ အဲဒါဆို ဘယ်လိုဖြေရှင်းရပါမလဲခင်ဗျ
ReplyDeleteကိုမိုး ကျွန်တော့ ဖုန်းက 4g baseband 04.10,01 ပါ အဲဒါ baseband change လို့ရမလား ကျေးဇူးပြုပြီးကူညီပေးပါ iOs 5.0.1ပါ ကူညီပါအုံး၊ downgrade ဆင်းရင် ရနိုင်မလားကူညီပေးပါ hardware unlock နဲ့သုံးရတာအဆင်မပြေလို့ပါ no service ဖြစ်ဖြစ်သွားလို့ ကူညီပါအုံး ကျေးဇူးတင်ပါတယ်
ReplyDeleteအစ်ကိုရေ အစ်ကိုယ့်ရဲ့စာတွေက မြန်မာလိုရေးထားတာလားဟင် (Comment) ပေးတဲ့စာတွေကိုတော့ဖတ်လို့ရတယ် အစ်ကိုရေးထားတဲ့စာတွေက ဘယ်လိုဖတ်ကမှန်းကိုမသိတော့ဘူး ဘယ်လိုဖြစ်တာလဲဟင် အစ်ကို ဘလော့ခ် ပြန်ပြင်ကထဲကဆိုပါတော့....
ReplyDeleteYanaing: IPSW 2 နဲ့ပဲ Restore ပြန်လုပ်ကြည့်ပါ။
ReplyDeleteအကိုရေ ............
ReplyDelete3GS 5.0.1 (05.16.05) ကိုတော့ ဒုတိယပိုင်း ကနေစလုပ်ပြီး အဆင့်(7) မှာ Install 06.15.00 ipad baseband ကိုကလစ်ပေးပြီးလုပ်တာ
အားလုံးအဆင်ပြေစွာနဲ့ unlock လုပ်နိုင်ခဲ့ပါတယ်
အခု iphone 4 5.0.1 (04.11.08) ကို အဲ့ဒီအတိုင်းပဲ ဆက်ကျိုးစားကြည့်တဲ့အခါ Sn0wbreeze will NOT update the baseband .and
it NEVER will ဆိုပြီးစာတန်းပေါ်လာပြီး Install 06.15.00 ipad baseband ဆိုတဲ့အဆင့်ပါမလာတော့ဘူး ကိုမိုးရေ ..........
ဘယ်လိုလုပ်ရမလည်းခင်ဗျာ ...........baseband update လုပ်လို့မရတော့ ဆက်မလုပ်တော့ပဲ ဒီအတိုင်းထားလိုက်တယ်
ကိုးမိုး အဆင်ပြေရင် unlock လုပ်လို့ ရမယ့် နည်းလေး ဝေငှပါအုံးနော်
အခု post ကိုဖတ်ခွင့် ရခဲ့အတွက် ကျေးဇူးတင်ပါတယ်
ကျနော်ဖုန်း icon အောက်က lable တွေပျောက်နေလို့..အဲတာဘယ်လိုပြန်ရှာရမလဲ မသိဘူး....ကူညီပါဦး :(
ReplyDeleteကျေးဇူးအများကြီးတင်ပါတယ် အစ်ကို
ReplyDeleteေကဵးဇူးအမဵားဴကီးတင္ပၝတယ္ အစ္ကို
ReplyDeleteကုမိုးသိကြားရေ tether & untetherကွာခြားချက်လေး ပြည့်ပြည့်စုံစုံ သိချင်ပါတယ် ကျွန်တော်က ideviceတွေကို စပြီးလေ့လာနေသူပါ အကို ကူညီပါဗျာ လေးစားစွာဖြင့် www.zmsnail@gmail.com
ReplyDeleteအကို ဒုတိယအဆင့် ပြီးသွားလို့ ရီစတတ် ပြန်စတဲ့အခါမှာ ပန်းသီးပုံနဲ့ အောက်မှာ Loading အတန်းလေးက ဘာမှတက်မလာဘဲ အဲ့နားမှာ တင်ရပ်နေတယ် ကူညီပါဦး အကို
ReplyDeleteiphone 4s ko lei unlock loat lo ya aung shar pay par own naw a ko
ReplyDeleteကျွန်တော့်ဖုန်းက 05.16.05 ဖြစ်နေတယ်ခင်ဗျာ့
ReplyDeleteအဲဒါဘယ်လိုလုပ်ရမလဲကူညီပါအုန်းခင်ဗျာ
ကိုမိုး
ReplyDeleteကျွန်တော့် ဗားရှင်းပဲ။ 9A334 5.0v ပါဝါပိတ်ပြီး ပြန်ဖွင့်လိုက်တော့ APP တွေ မRun တော့ဘူး။ ပြန်ပြီး Reboot တင်ချင်တယ် ဒီနည်းအတိုင်းစမ်းကြည့်ဦးမယ်။ ရမလားမသိဘူး? ကျေးဇူးတင်ပါတယ်ဗျာ။
ကိုအေးချမ်း ၊ ရနိုင်မယ်ထင်ရင် ကြိုးစားကြည့်ပါလား။ အနည်းဆုံး အတွေ့ အကြုံ တစ်ခုတော့ ရတာပေါ့။
Deleteဟုတ် ဒီနေ့ စမ်းကြည့်မယ်။ မနေ့ ကတော့ ဒေါင်းလုပ်လုပ်တာ ၅နာရီကြာတယ်ဗျာ။ :)
Deletepleas help me ko moe i want to do iphone unlock model.mc603b i think you help me .pleas pleas pleas
ReplyDeleteiPhone ကို unlock လုပ်ဖို့  အတွက် အရင် Jailbreak ဖြစ်ဖို့ လိုပါတယ်၊ အခုနောက်ပိုင်း iOS အမြင့်တွေအတွက် Jailbreak တောင်ခက်နေလို့  Unlock က ပိုခက်ပါတယ်... သိချင်တာလေးတွေကို post အဟောင်းလေးတွေမှာ ပြန်ရှာဖတ်နိုင်ပါတယ်။
Delete