Tuesday, February 28, 2012

Myanmar Font Problem... Solved...!!!

ဒီနေ့မနက် အိပ်ယာက ထ,ထချင်း ဆောင်းပါးအသစ် တစ်ခုလောက် ရေးမယ်ဆိုပြီး ကိုယ့်ဆိုက်ကို ဖွင့်ကြည့်လိုက်တော့ မြန်မာယူနီကုဒ်ဖောင့်တွေ ကမောက် ကမ ဖြစ်နေတာတွေ့ရတယ်၊ ကျွန်တော်လဲ connection ကြောင့်ဖြစ်မယ်ဆိုပြီး Browser ကို ခဏ ခဏ Refresh လုပ်ပေမယ့် ဒီအတိုင်းပဲ ပေါ်နေတယ်။

ဒါနဲ့ iPad ကနေ ဖွင့်ကြည့်လိုက်တော့ ယူနီကုဒ်ဖောင့်တွေက အရင်အတိုင်းပဲ အဆင်ပြေပြေ မြင်နေရပြန်ရော...
ကျွန်တော် မတွေးတတ်တော့ဘူး... တစ်ခုခုတော့မှားနေပြီ... ဘာမှားနေပြီလဲတော့ မသိ....

ဘာပဲဖြစ်ဖြစ် ကျွန်တော့်ဆိုက်က မြန်မာစာတွေကို အလွယ်တစ်ကူ ဖတ်မရလို့ စေတနာနဲ့ လှမ်းအော် သတိပေးနေကြတဲ့ မိတ်ဆွေတွေကို connection ကြောင့်လို့ ပြန်ပြောခဲ့မိတာ အားနာလာတယ်...

ဒါပေမယ့် သူတို့လဲ မမှားဘူး ကျွန်တော်လဲ မမှားပါဘူး... ဖတ်လို့ရတဲ့သူတွေက ဖတ်လို့ရနေတယ်လေ ကျွန်တော်လဲ လက်လှမ်းမှီတဲ့ စက်တွေကနေ စမ်းကြည့်ခဲ့သေးတာပဲ ရနေခဲ့တာကိုး...

အခုတော့ ထိပ်တိုက်တွေ့နေရပြီ....

ကျွန်တော် အရင်က မသုံးဖြစ်ခဲ့တဲ့ Unicode <--> Zawgyi-One switch လေးတစ်ခုကို ဆိုက်မှာ တင်ပေးထားလိုက်ပါပြီ။ ဒီတော့မှ Zawgyi-One ကိုပြောင်းလိုက်တော့ ဖောင့်တွေ အမှန်ပေါ်လာပြီး ဖတ်ရတာ အဆင်ပြေသွားပါလေရဲ့ဗျာ..




ဘာပဲဖြစ်ဖြစ်ပါ ကျွန်တော့်ဆိုက်ကို ဖတ်မရခဲ့တဲ့ မိတ်ဆွေတွေလဲ ဒါလေးနဲ့ အလွယ်တစ်ကူ ဖတ်ရှုနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။

အဆင်ပြေ မပြေ မှတ်ချက်လေးများလဲ ပြန်လည် ပေးခဲ့ကြပါဦး.....

1 comment :