Saturday, February 25, 2012

How to get Refund from App Store..?

App Store ကနေ တစ်ခါတစ်ရံ Application တစ်ခုခုများ မှားပြီး ဝယ်ဖူးကြတဲ့သူများ ရှိကြပါသလား ခင်မျာ..?
တစ်ခါတစ်လေ App တွေမှာ ရေးထားတဲ့ အတိုင်း အလုပ်မလုပ်တဲ့ အာပလာ App တွေ တွေ့ဖူးကြမှာပေါ့။ ဥပမာ တစ်ခြားတစ်ယောက်ရဲ့ iPhone location detect လုပ်တဲ့ App မျိုးတွေပြောင်သလိုလို နောက်သလိုလိုနဲ့ တစ်ကယ်ဝယ်လိုက်ရတာ..၊ ဝယ်ပြီးတော့မှ ဘာမှလဲ မဟုတ်ဘူး။

ဟိုတစ်လောကလဲ "Jailbreak" ဆိုတဲ့ App တစ်ခု App Store မှာတင်ရာင်းတယ် တစ်ကယ်တမ်းကျတော့ ကျွန်တော်တို့ မျှော်လင့်ထားသလို မဟုတ်ဘူး။

ဒီလို App မျိုးတွေ အဝယ်မှားမိခဲ့ရင် App Store ကနေ ပိုက်ဆံ ပြန်တောင်းလို့ရတဲ့ နည်းလမ်းလေး ဖော်ပြပေးလိုက်ပါတယ်။

Get Refund form App Store:

၁) ပထမဦးစွာ မိမိ PC ကနေ iTunes ကို ဖွင့်ပါ။

၂) iTunes ကို Log In ဝင်လိုက်ပါ (Apple ID / Password) နှင့်။



၃) စောစောက "Sing In" ဆိုတဲ့ နေရာမှာ အခု မိမိ email address ဖြစ်သွားပါပြီ၊ အဲဒီဘေးလေးက မြှားလေးကို နှိပ်လိုက်ပါ အောက်ပါအတိုင်း ပေါ်လာပါမည်။


၎) "Account" ကိုရွေးလိုက်ပါ။ (ခတ0x081တစောင့်ပါ Accessing လုပ်နေပါပြီ)

၅) "Purchase History" ခေါင်းစဉ် အောက် ညာဘက်ထောင့်ရှိ "see All" ကို နှိပ်လိုက်ပါ။


၆) ဒီအခါမှာ မိမိဝယ်ယူခဲ့သော App များကို ဝယ်ယူခဲ့သော နေ့စွဲများနှင့် ဖော်ပြနေပါလိမ့်မည်။ အောက်နားရှိ "Report a Problem" ကိုနှိပ်ပါ။


၇) မိမိရည်ညွှန်းလိုသော App ဘေးနားရှိ "Report a Problem" ကိုရွေးပါ။


၈) ထို့နောက် မိမိတင်ပြလိုသော App ရဲ့ ပြဿနာကို Comments: မှာ ရေးသားပြီး။ Problem နေရာမှ တစ်ခုခုကို ရွေးချယ်ပြီးနောက် "Submit" လုပ်ပါ။


ဒါဆိုရင် ဒီ App ကို Report လုပ်ပြီးသွားပါပြီ။ ဒါပေမယ့် သင့်ပိုက်ဆံ တစ်ချိန်ထဲမှာ ချက်ချင်းရဖို့တော့ မမျှော်လင့်ပါနဲ့ဦး၊ Apple က သင့်ကိုဆက်သွယ်လာပြီး ပိုက်ဆံပြန်အမ်း ဖို့ရာ အချိန် တစ်ပတ်လောက်တော့ယူပါလိမ့်မယ်။

App တွေကို Report လုပ်တဲ့နေရာမှာ တစ်ခုသတိထားရမှာကတော့ တစ်ကယ်အလုပ်မလုပ်သော (သို့) ဖော်ပြပါရှိမှုနှင့် မကိုက်ညီသော App တွေကိုသာ Report လုပ်ပါ။

ဘာကြောင့်ဆိုသော Apple က Developer တွေဆီကသာ ပြန်အမ်းခိုင်းမှာဖြစ်ပြီး၊ ပြန်အမ်းမှု တစ်ခုအတွက် Developer တွေက $0.30 ထပ်မံပေးဆောင်ရမှာ ဖြစ်ပါတယ်။

Facebook Comments

0 comments :

Post a Comment