Sunday, April 8, 2012

How to Save the SHSH Blobs With iFaith

ကျွန်တော်တို့ ရဲ့  iDevices တွေကို လက်ရှိ iOS မှ အရင် iOS အဟောင်းတွေဆီကို Downgrade ပြန်ဆင်းချင်တဲ့ အခါ၊ ပြန်ဆင်းလိုတဲ့ iOS ရဲ့  shsh Blobs ရှိထားမှသာလျှင် TinyUmbrella ကဲ့သို့ သော Tool သုံးပြီး ပြန်ဆင်းနိုင်ပါတယ်။ iOS version အတွက် blobs ကို save လုပ်တဲ့နေရာမှာလည်း Apple က အဲဒီ iOS အတွက် Signs ဖြစ်နေချိန်မှာသာ အဆင်ပြေပါတယ်။ Apple က iOS version အသစ်ကို ထပ်မံထုတ်ပေးလိုက်တဲ့ အချိန်မှာတော့ အရင် version အတွက် Signing လုပ်တာကို ရပ်ပစ်လိုက်ပါတယ်။ အဲဒီလို အခြေနေမျိုးမှာ သင့်ရဲ့  blobs ကို save မလုပ်ခဲ့မိဘူးဆိုရင် Downgrade ဆိုတာကြီးကို မစဉ်းစားပါနဲ့ တော့။

ဤကဲ့သို့ သော ပြဿနာများကို ဖြေရှင်းနိုင်ဖို့  ih8sn0w က iFaith tool ကို ထုတ်ပေးလိုက်တာဖြစ်ပါတယ်။ Apple ရဲ့  လက်ရှိ iOS version က ယခု ကျွန်တော်တို့  အသုံးပြုနေတဲ့ iOS version ထက် မြင့်သွားပါစေ၊ iFaith က ကျွန်တော်တို့ ရဲ့ လက်ရှိ iOS အတွက် shsh blobs ကို save ပေးနိုင်ပါတယ်...။

ဘယ်လို အသုံးပြုကြမလဲ.....

၁။ Download iFaith 1.4.2 (Win)

၂။ iFaith ကို Run လိုက်ပြီး Welcome note ကို "OK" နှိပ်ပါ။



၃။ "Dump SHS" ကို နှိပ်ပါ။


၎။ နောက်ထပ် ပေါ်လာသော Window ရှိ ဖော်ပြပါ အကြောင်းအရာများကို ဖတ်ပြီး အဆင်ပြေရင် "Proceed" နှိပ်ပါ။


၅။ "Let's Go" ကို နှိပ်ပြီး process လုပ်ပါ။


၆။ iFaith က Apple TV 2 အတွက် dumping လုပ်မလားမေးပါမယ်။ လုပ်ချင်ရင် "Yes" မလုပ်ချင်ရင် "No"


၇။ Device ကို Power Off လိုက်ပြီး screen မှာ ညွှန်ကြားသကဲ့သို့  DFU mode ပြောင်းရန် လုပ်ဆောင်ပါ။


၈။ DFU mode ထဲ ရောက်သွားတာနဲ့  တစ်ပြိုင်နက် iFaith က Dumping process လုပ်ဆောင်နေပါပြီ၊ အချိန် အနည်းငယ် စောင့်ပါ။


၉။ Process complete ဖြစ်တာနဲ့  iFaith က SHSH ကို save ဖို့  location တောင်းပါလိမ့်မယ်၊ နှစ်သက်ရာမှာ သိမ်းပါ။


၁၀။ နောက်ဆုံးမှာ သင့် iDevice အတွက် SHSH blobs ကို iFaith နဲ့  အောင်မြင်စွာ သိမ်းထားနိုင်လိုက်ပါပြီ။




အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

Facebook Comments

0 comments :

Post a Comment