မကြာသေးမီ အချိန်လေးကပဲ Apple က iOS 5.1.1 ကို Update တင်ပေးလိုက်ပါပြီ။ Features အနေနဲ့  ဘာမှ အသစ်ထပ်မံ ထည့်ပေးထားတာမျိုး မရှိပေမယ့် system ပိုင်းအတွက် Bug Fix နဲ့  အခြား မွမ်းမံမှုတွေတော့ ထည့်သွင်းပေးထားပါတယ်။
ဒါကလည်း လုံခြုံရေး တိုးမြှင့်မှု တစ်ခုသာ ဖြစ်လို့  Jailbreak Tool တွေကို ထုတ်ပေးနေသူများအတွက် အခက်အခဲတွေကို ပိုမိုတွေ့ စေပါတယ်။
ဒီအတွက်ကြောင့် jailbreak လုပ်ရန် ရည်ရွယ်သူများအား iOS 5.1.1 ကို မတော်တဆ၊ တမင်သက်သက် Update မလုပ်မိကြစေဖို့  သတိပေးပါရစေ...။
ပြောရင်း ဆိုရင်းနဲ့  ခြေလွန် လက်လွန်ပြီး iOS 5.1.1 ကို Update လုပ်မိသွားကြရင်လဲ မစိုးရိမ်ကြပါနဲ့  iOS 5.1.1 Tethered Jailbreak လုပ်နည်းလေးကို တင်ပြပေးလိုက်ပါတယ်။
ပထမဦးဆုံး Dev Team က ထုတ်ပေးလိုက်တဲ့ Redsn0w Latest version ကို အောက်မှာ Download လုပ်ပါ။
>> Download Redsn0w (Win)
>> Download Redsn0w (Mac)
>> Download (iOS 5.1) IPSW
မိမိ Device နှင့် သက်ဆိုင်သော (iOS 5.1) IPSW ကို download လုပ်ပါ။
အောက်ပါ လုပ်ငန်းစဉ်များမှာ iOS 5.1.1 ဖြစ်ပြီးသား A4 Device များအတွက် ဖြစ်ပါသည်။
လုပ်ငန်းစဉ်
အဆင့် ၁)
Redsn0w ကို Run လိုက်ပြီး Extras -> Select IPSW ကိုနှိပ်ပါ။
အဆင့် ၂)
အထက်တွင် Download လုပ်ခဲ့သော မိမိ Device ၏ သက်ဆိုင်ရာ iOS 5.1 IPSW ကို ရွေးချယ်ပေးပါ။
အဆင့် ၃)
Redsn0w ၏ main screen ကို ပြန်သွားပြီး "Jailbreak" ခလုပ်ကို နှိပ်ပါ၊ "Install Cydia" ကို ရွေးချယ်ခဲ့ရန် မမေ့ပါနှင့်။
အဆင့် ၄)
Redsn0w က သင်၏ Device ကို DFU mode သို့ ဝင်ရန် ညွှန်ကြားပါက တစ်ဆင့်ခြင်း လိုက်နာဆောင်ရွက်ပါ။
အဆင့် ၅)
DFU mode သို့  အောင်မြင်စွာ ရောက်ရှိပါက ကျန်သော အဆင့်များကို Redsn0w က အလိုလျှောက် ဆက်လက် လုပ်ဆောင်သွားပါလိမ့်မည်။
အားလုံး အဆင်ပြေစွာ ပြီးဆုံးသွားပါက Device Reboot လုပ်ပါလိမ့်မည်။
Tethered jailbreak ဖြစ်သည့်အားလျှော်စွာ Reboot / Restart လုပ်သည့် အချိန်တိုင်း Apple logo တွင် ရပ်တန့် နေပါလိမ့်မည်၊ ထိုအခါ အောက်ပါ အဆင့် တစ်ဆင့်ကို လုပ်ဆောင် ပေးရပါမည်။
>> Run Redsn0w -> Extras -> Just Boot
** iOS 5.1.1 အတွက် Semi-Untethered ဖြစ်ရန် ဤနေရာတွင် ဆက်လက်ဖတ်ရှုပါ **
အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....
မိုးသိကြား
အကိုiphone4 04.12.01 ကို unlock လုပ်နိုင်တဲ့Gevey sim ထွက်ပီလားသိခြင်းလို ပါ"
ReplyDeleteThis comment has been removed by the author.
ReplyDeleteiphone4s 5.1 jailbreakမထွက်တော့ဘူးလား အကို..
ReplyDeleteထွက်ရင် ဘယ်တော့လောက်ထွက်မလဲမသိဘူးနော်....
Official unlock ပဲသုံးတယ် Jailbreak မလုပ်ပဲသုံးတယ်။ International Warranty နဲ့။ ပြောသံကြားတာက Jailbreak လုပ်ရင် Warranty ပျက်တယ်လို့ပြောတယ်။ ရန်ကုန်က စင်္ကာပူ Apple Store ဆိုင်ခွဲ တော်ဝင် Super Center က iTAB က ပြောတာ။ တစ်ခုတည်းသော နိုင်ငံတစ်ကာဖြင့် တိုက်ရိုက်ချိတ်ထားသော ဆိုင်လို့လဲပြောသေးတယ်။ ဒါ့ကြောင့် i Device တွေသုံးမယ်ဆိုရင် Jailbreak မလုပ်ရင် သုံးလို့မရဘူးလို့ထင်နေကြတဲ့ End User တွေအတွက်ပြောချင်တာလေးက Official Unlock ဖုန်းတွေဆိုရင် Lock လဲ ပြန်ဖြည်စရာမလိုသလို အပြင် Software တွေ Myanmar Font တွေ မတင်ဘူး ဆိုရင် Jailbreak လုပ်စရာမလိုပါဘူး။ မိမိဖုန်းကို တန်ဖိုးထားရင် International Warranty ကို အပြည့်အဝရချင်ရင် Jailbreak မလုပ်ကြပါနဲ့။ ကျေးဇူးတင်ပါတယ်။ Software သုံးချင်ရင် iTunes Gift Card တွေနဲ့ ဝယ်သုံးပါ။
ReplyDeleteညီလေးပြောတာ အကုန်မှန်ပါတယ် ဒါပေမယ့် လိုအပ်ချက်တွေပေါ်မှုတည်ပြီး jailbreak ဆိုတာ လုပ်နေကြရဦးမှာပါ။ မလုပ်ပဲသုံးနေတဲ့သူတွေလဲ အများကြီးပါ။
DeleteWarranty နဲ့  ပက်သက်ပြီးပြောရရင် iPhone, iPad အသစ်စက်စက် ဆိုရင် ဗူးခွံထဲက ဖေါက်ပြီးတာနဲ့  iTunes မှာ ချိပ်လိုက်ရင် Register လုပ်ခိုင်းပါတယ်၊ များသောအားဖြင့် Register ကို ဖုန်းကုမ္ပဏီ (သို့ ) ရောင်းတဲ့ဆိုင်တွေက လုပ်ပေးလိုက်တာပါ။ Warrenty ရှိတိုင်းလဲ တစ်ခုခုဖြစ်ရင် အသစ်စက်စက် တစ်လုံး လဲပေးလိမ့်မယ်လို့  မထင်ပါနဲ့ ၊ မြန်မာပြည်မှာဆို ပိုဆိုးပေါ့။ ဒီတော့ ပိုက်ဆံတောင်းချင်တော့ jailbreak ဖုန်းတွေ တစ်ခုခုဖြစ်ရင် Warrenty နဲ့  ဖြဲချောက်တာပေါ့။ Jailbreak လုပ်ပြီး သုံးသူတွေ ဘာမှ မပူပါနဲ့  တစ်ခုခု ဖြစ်ရင် Restore သာပြန်လုပ်လိုက်ပါ ပြီးမှ ဆိုင်သွားပြပေါ့ ၊ ကဲ... ဘယ်လို စစ်ဆေးမလဲ ဒီဖုန်းက jailbreak လုပ်ထားလား မလုပ်ထားဘူးလားဆိုတာ..? ဒါပါပဲ...
အော်..ဆရာတို့ က jailbreak ဆိုတာ myanmar fonts မှာတင်ရပ်နေတာကိုးဗျ။ cydia က ပေးထားတဲ့ app/tweak /themes တွေက cydia က လွဲပီး ဘယ်မှာမှ မရနိုင်လို့  jailbreak လုပ်ကြတာပေါ့ဗျ။
Deleteitunes gift card ဘယ်မှာယူရမလဲ ?
Deletegift card နဲ့ full game တွေ အများကြီး ( ဥပမာ - game 200 ,300 ) ရမလား ?
Delete့iphone ကို ကလိ ချင်လို့  ၀ယ်တာ ပျက်၇င် center ပို့  software ပြန်ထည့်  Ok ပ. korea မှာပြောတာ..ကလိလွန် သွားလို့  ဖွင့်လို့  ကို မ၇တော့တာ ယ ခု Ok သွားပြီး. ပျက်စဉ် ပြင်ခဏ ပါ :P
Deleteyah...is right..i like jailbreak.bczo....everything can do in jailbreak phone.. :)
Deleteကိုမိုးသကြား iphone password မေသွားလို့ဖွင့်မရဖြစ်နေတယ် ဘယ်လိုလုပ်ရမလဲ ကူညီပါအုံး
ReplyDeletePassword မေ့သွားရင် Restore ပြန်လုပ်မှပဲ ရပါလိမ့်မယ်။
Deleteအကို Restore က ဘယ်လို ပြန်လုပ်ရမလဲ..လုပ်လိုက်သောအခါ ဘာတွေ ဖြစ်သွားမလဲ ...ဗျ
Delete4s iOS 5.1 အတွက် JB က မျှော်လင့်လို့ရသေးလား? ဒါမှမဟုတ်. 5.1.1 ကိုပဲ Tethered Jailbreak လုပ်လိုက်ရမလားခင်ဗျာ.
ReplyDeleteiOS 5.1 / 5.1.1 နှစ်ခုစလုံးအတွက် ဘာ Jailbreak မှ မရသေးပါဘူး။ ကျွန်တော် ရေးထားတဲ့ အထဲမှာ A4 processor Device တွေလို့ ပါ ပါတယ်၊ iPhone 4S, iPad 2 တွေ က A5 Device တွေပါ။
DeleteHi bro how to backup the I phone? Can u explain to me pls. Be happy.
ReplyDelete