Saturday, June 23, 2012

နိုင်ငံ ၃၂ ခုတွင် App Store အသစ်များ ထပ်မံတိုးချဲ့ ဖွင့်လှစ်ခြင်း


Apple ရဲ့  CEO Tim Cook က ပြီးခဲ့တဲ့ အပတ်က ပြုလုပ်ခဲ့တဲ့ "WWDC Keynote 2012" မှာ Apple အနေနဲ့  ယခုလအတွင်းမှာ နောက်ထပ် App Store အသစ်များကို နိုင်ငံပေါင်း (၃၂) နိုင်ငံ အတွက် ထပ်မံ ဖွင့်လှစ်သွားမယ့် အစီအစဉ်တွေ ရှိပါတယ်လို့  ပြောကြားခဲ့ပြီးတဲ့နောက်မှာ သူ၏ ကတိအတိုင်း တည်ခဲ့ပြီး မနေ့ ကစလို့  Developers များထံ အသစ်ထပ်မံ ဖွင့်လှစ်လိုက်တဲ့ New App Store markets များကို email ဖြင့် ဆက်သွယ်ပေးပို့ ခဲ့ပါတယ်။

App Store အသစ်များကို အောက်ပါ နိုင်ငံများတွင် ထပ်မံ ဖွင့်လှစ်လိုက်တာ ဖြစ်ပါတယ်။

New App Store List:

01. Albania
02. Benin
03. Bhutan
04. Burkina Faso
05. Cambodia
06. Cape Verde
07. Chad
08. Congo
09. Fiji
10. Gambia
11. Guinea-Bissau
12. Kyrgyzstan
13. Laos
14. Liberia
15. Malawi
16. Mauritania
17. Micronesia
18. Mongolia
19. Mozambique
20. Namibia
21. Nepal
22. Palau
23. Papua New Guinea
24. Sao Tome e Principe
25. Seychelles
26. Sierra Leone
27. Solomon Islands
28. Swaziland
29. Tajikistan
30. Turkmenistan
31. Ukraine
32. Zimbabwe

စိတ်မကောင်းစရာတစ်ခုက ကျွန်တော်တို့  မြန်မာနိုင်ငံ မပါဝင်သေးပါဘူး၊ "လာအို" "ကန်မောဒီယား" တို့ တော့ စာရင်းဝင်သွားခဲ့ပါပြီ.....

အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....
မိုးသိကြား

3 comments :

  1. ကိုမို မြန်မာပြည် က စိတ်မကောင်းခြင်းများစွာနဲ့ ပါမလာဘူးတကယ်လဲ စိတ်မကောင်းဖြစ်မိကါတယ် apple ကလည်း သိနေပုံ ရတယ်နော် စစ်အစိုးရ ကိုယ်တိုင်ကိုက jailbreak လုပ်ထားပြီးသားဆိုတာလေ ကျနော် အမြင်လေးပါ ကိုမိုးရော ဘယ်လိုများ မြင်မိပါသလဲ ဗျုးပြီဗျာ

    ReplyDelete
  2. ကိုမိုး စိတ်မကောင်းခြင်းများစွာဖြင့် မြန်မာပြည် ပါမလာဘူးဗျာ တကယ်တော့ apple ကို အပြစ်တင်လို့မရဘူးဗျ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော်အထင်ပြောတာနော် ကျနော်တို့နိုင်ငံကို အုပ်ချုပ်သူလူတန်းစားတွေကိုယ်တိုင်ကိုက jailbreaks ဖြစ်နေပြီးသားဆိုတာ apple က သိနေလို့ ကြိုတင် ကာကွယ်ထားတာလို့ ထင်တယ် ကိုမိုး ရဲ့အမြင်လေးလဲ ပြောပါဗျာ ကဲ ကိုမိုးရေ ဗျုး ပြီဗျာ

    ReplyDelete
  3. Junction Square မှာ Apple Store ဆိုပြီး ဆိုင်တစ်ဆိုင်တွေ့တယ် iPhone, iPod Touch, iPad, Mac အကုန်တင်ထားတယ်
    နိုင်ငံတကာက Apple Store တွေအတိုင်းပဲ
    ဒါဆို ပုံမှားရိုက်ပြီး ဖွင့်ထားတာပေါ့

    ReplyDelete