Monday, July 2, 2012

iOS အတွက် ခပ်မိုက်မိုက် Google Chrome App

iDevice များအတွက် "Chrome" browser App ကို Google က ထင်ဆက်လိုက်ပါပြီ၊ "Chrome" App ကို Apple နှင့် Android market နှစ်ခုလုံး အတွက် ရရှိနိုင်ပါတယ်။

Apple Device များမှာ "Chrome" အသုံးပြုရန် iOS 4.3 နှင့် အထက်လိုအပ်ပြီး iPhone, iPad နှစ်မျိုးစလုံး မှာအသုံးပြုနိုင်ပါတယ်။ Android အတွက် Android 4.0, Ice Cream Sandwish နှင့် နောက်ပိုင်း version များမှာ အသုံးပြုနိုင်ပါပြီ။ Browsing လုပ်ရာတွင် Safari မှာကဲ့သို့  လျှင်မြန်ပြီး အခြား နှစ်သက်ဖွယ်ရာ ထူးထူးခြားခြား လုပ်ဆောင်ချက်များစွာ ပါဝင်ပါတယ်။

"Chrome" ၏ search bar တွင် ပါဝင်သော Voice search feature က အလွန်ပင် တန်ဖိုးရှိပြီး လုပ်ဆောင်ချက် ပီပြင်လှပါတယ်။
microphone icon လေးကို နှိပ်ပြီး နှုတ်မှ မိမိသွားလိုသော / ရှာလိုသော အရာ ကို ပြောဆိုလိုက်ရုံနှင့် အနီးစပ်ဆုံး ရှာဖွေပေးပါတယ်၊ ဥပမာ FaceBook လို့  ပြောလိုက်တာနဲ့  အောက်ပါပုံအတိုင်း FaceBook ကို ရှာဖွေပေးပါလိမ့်မယ်။












နောက်တစ်ခုကတော့ Incognito mode လို့ ခေါ်တဲ့ private browsing ပါ၊ မိမိ သွားရောက်လည်ပတ် ရှာဖွေခဲ့သော အကြောင်းအရာများ၊ Password များကို History မှာ မမှတ်သားတဲ့ အတွက် နောက်တစ်ဦးက ပြန်လည် ဖော်ထုတ်လို့  မရနိုင်အောင် ပြုလုပ်ပေးထားပါတယ်။







iCloud ကဲ့သို့  မိမိ၏ Device family အားလုံးအတွက် Tab syncing ကိုလည်း လုပ်ဆောင်နိုင်ပါတယ်။

iPhone များအတွက် mobile version မှ Desktop version ကိုလွယ်ကူစွာ ပြောင်းလဲအသုံးပြုနိုင်အောင် စီစဉ်ပါရှိပါတယ်။

"Chrome" browser ကို App Store မှာ Free အနေနဲ့  iPhone, iPad version နှစ်မျိုးစလုံး ရယူနိုင်ကြပါပြီ....

"Chrome" App ရဲ့  ထူးထူးခြားခြား လုပ်ဆောင်ချက်များကို အောက်ပါ ဗွီဒီယိုတွင် ပိုမိုနားလည် သဘောပေါက်နိုင်အောင် ကြည့်ရှုကြပါကုန်...



Happy Browsing with "Chrome"....!

အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

မိုးသိကြား

Facebook Comments

0 comments :

Post a Comment