Chrome Browser အကြောင်း ကို ဟိုတစ်လောက ကျွန်တော် မိတ်ဆက်ပေးပြီးနောက် Safari ထက်ပိုမို နှစ်သက်သွားကြတဲ့ မိတ်ဆွေများလည်း ရှိကောင်းရှိနေမှာပါ။ အဲဒီပုဂ္ဂိုလ်များအတွက် iPhone, iPad တို့ မှာ Default အနေနဲ့  Safari Browser အစား Chrome ကို ပြောင်းလဲ အသုံးပြုနိုင်မယ့် နည်းလမ်းလေး ပေးချင်ပါတယ်။
တစ်ကယ့် လွယ်လွယ်လေးပါ...
ပထမဦးစွာ Chrome Browser App ကို မိမိ iDevice မှာ သွင်းထားပြီးသားဖြစ်ရပါမယ်၊ အကယ်၍ မရှိသေးပါက ဤနေရာတွင် ရယူ Install လုပ်ပါ။
Cydia ကိုသုံးမှာ ဖြစ်လို့  iDevice ဟာ Jailbreak လုပ်ပြီးသား ဖြစ်ရပါမယ်...
၁) Cydia -> Serach တွင် "Browser Changer" ဟု ရိုက်ရှာလိုက်ပါ။ ပြီးရင် Install လုပ်ပါ။
၂) Home screen ရှိ "Setting" ကိုသွားပါ။ ပုံတွင်ပြထားသည့် အတိုင်း "Extension" section တွင် "Browser Changer" ကို တွေ့ ရပါမည်။ ရွေးပေးလိုက်ပါ။
၃) Enable Changer ကို "ON" ပေးလိုက်ပါ။
၎) Select Browser မှာ "Chrome" ကို ရှာပြီး ရွေးပေးလိုက်ပါ။
အခုဆိုရင် သင့် iDevice ရဲ့  Default Browser ဟာ "Chrome" ဖြစ်လို့  ဘာပဲဖွင့်ဖွင့် "Chrome" နဲ့  တက်လာပါလိမ့်မယ်။ ဤနေရာတွင် "Chrome" တင်မကပဲ အခြား Browser များကိုလဲ Install လုပ်ပြီး အထက်ပါနည်းနဲ့  Default ပြောင်းနိုင်ပါသည်။
Have Fun !!!!
အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....
မိုးသိကြား
Samsung Galaxy ကို unlock လုပ်စရာလိုလား ကိုမိုးသကြား၊samsung phone တွေက unlock ဖြစ်ပီးသားလား။
ReplyDeleteAndroid တွေမှာ iPhone လို Carrier ကန့် သတ်ချက် မရှိတဲ့အတွက် unlock လုပ်စရာ မလိုဘူးလို့  ထင်ပါတယ်။ Android အကြောင်းတော့ သိပ် မသိပါ။
Deleteအကိုရေ....ကျတော်4sကလေ........iconတွေtextတွေမှာဟိုက်လိုက်တွေနဲ့ပေါ်နေတာဖုန်းပူလာရင်ပိုဆိုးပါတယ်.....offical unlockလုပ်ပြီးသွားချိန်မှာအဲဒီပြဿနာကပိုကြီးလာလို.....ဘယ်လိုထိန်းသိမ်းရမယ်ဆိုတာပြောပြပေးပါလား......iHeat Xferသုံး၇င်ေ၇ာရလောက်လား.iHeat Xferကိုကျတော်ဒေါင်းတာမရလိုပါ....
ReplyDelete