Tuesday, July 24, 2012

iPhone Official Unlocking with Carriers

Unlock အတွက် သတင်းကောင်းတစ်ခု အနေနဲ့  U.S.A ရှိ ဖုန်းလိုင်းတစ်ခု ဖြစ်တဲ့ AT&T ကုမ္ပဏီက သူနှင့် စာချုပ်ပြည့်သွားသော customer များရဲ့  iPhone ကို Official Unlock ကို ယခုနှစ် ဧပြီ လဆန်းလောက်ထဲက အခမဲ့ ပြုလုပ်ပေးလျှက်ရှိနေပါတယ်။
ယခုလို Official Unlock ပြုလုပ်နိုင်ဖို့  အတွက် လုပ်ဆောင်ရမှာက...

AT&T ကုမ္ပဏီကို ဖုန်းနှင့်ဖြစ်စေ Online မှ ဖြစ်စေ ဆက်သွယ် ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ကုမ္ပဏီမှ လိုအပ်သော အချက်အလက်များကို သင့်ထံမှ တောင်းခံပြီးနောက် iPhone ကို Unlock အတွက် အတည်ပြု စစ်ဆေးချိန် (၇၂ နာရီမှ ၂ ပတ်ထိ) အချိန်ယူမှာ ဖြစ်ပါတယ်။

Unlock အတွက် ခွင့်ပြုချက် ရရှိလာပါက လုပ်ဆောင်ပုံ အဆင့် ညွှန်ကြားချက်နှင့် တစ်ကွ သင်ထံသို့  အောက်ပါပုံ အတိုင်း မေးလ်ဖြင့် ပေးပို့ ဆက်သွယ်ပါလိမ့်မည်။


Official Unlock ပြုလုပ်ရန် iPhone ကို Restore ပြန်လုပ်ရမည် ဖြစ်၍ အရင်ဦးဆုံး Backup လုပ်ထားဖို့  လိုပါလိမ့်မည်။
ဤနေရာတွင် Jailbreak လုပ်ထားပြီးသူ အနေနှင့် အစ အဆုံး ပြန်လည် Restore လုပ်ရန် မလိုပဲ သွင်းယူထားသော Apps, tweaks, contacts စသည်တို့ ကိုပါ မပျောက်ပျက်လိုပါက အောက်ပါအတိုင်း လုပ်ဆောင်ပြီးမှ iTunes နှင့် ချိပ်ဆက် Unlock လုပ်နိုင်ပါသည်။

အဆင့် ၁) Redsn0w Latest version ကို ဤနေရာတွင် Download ဦးစွာရယူပါ။ ထိုနောက် redsn0w ကို Run ပါ။

အဆင့် ၂) iPhone ကို ချိပ်ဆက်ပြီး "Jailbreak" option ကို နှိပ်ပါ။ (iTunes တက်လာပါက ပိတ်ပစ်ပါ)

အဆင့် ၃) "Next" နှိပ်ပြီး iPhone ကို DFU mode ဝင်ရန် လုပ်ဆောင်ပါ။

အဆင့် ၄) "Install Cydia" ကို အမှန်ခြစ် ဖြုတ်ပြီး၊ "Deactivate" ကို အမှန်ခြစ် ရွေးပေးလိုက်ပါ (ပုံပါအတိုင်း)။ "Next" နှိပ်ပါ။


အဆင့် ၅) Redsn0w က အလိုလျှောက် လုပ်ဆောင်သွားပါလိမ့်မည်။

အဆင့် ၆) ဖုန်း Reboot ပြန်တက်လာပါက iTunes ကို ဖွင့်ပါ၊ ထိုအခါ iTunes မှ သင့် iPhone Unlock ဖြစ်သွားကြောင်း
အာက်ပါအတိုင်း တွေ့ ရပါလိမ့်မည်။


မှတ်ချက်။ ။ AT&T မဟုတ်သော အခြားနိုင်ငံ အခြား Carrier များ အနေနှင့်လည်း မိမိ iPhone ၏ Carrier ကို Official Unlock service ပေး/မပေးကို ဤနေရာတွင် ဝင်ရောက် စုံစမ်းနိုင်ပါသည်။


အထက်ပါ ပုံတွင် Australia နှင့် China နှစ်နိုင်ငံလုံးသည် Locked Carrier အနေနှင့် ရှိနေသော်လည်း Australia နိုင်ငံက Official Unlocking အတွက် Service offer ပေးထားသည်ကို တွေ့ မြင်ရပေမည်၊ ဤနည်းနှင့် မိမိတို့ သက်ဆိုင်ရာ အခြေနေများကို စစ်ဆေးပြီး Carrier နှင့် ဆက်သွယ် ဆောင်ရွက်ပါ။


အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

မိုးသိကြား

19 comments :

  1. iPhone အစစ်လား အတုလားကိုအလွယ်ဆုံးစစ်လို့ရမယ့် နည်းလမ်းလေးရှိရင်ပြောပြပါလားဗျာ.

    ReplyDelete
    Replies
    1. iPhone မှာ အတုဆိုတာရှိသေးလား..? Touch က အလွန်နူးညံ့တယ်၊ အတုတော့ မပြောတတ်ဘူး အစစ်မှာတော့ Setting -> General -> About -> Legal မှာ Apple ရဲ့  Copyright ပါတယ်ဗျ။

      Delete
  2. iphone အတုက ios မသုံးပါဘူး .. android os ကိုသုံးတာပါ .. phone ရဲ့ general က about မှာ ကြည့်လိုက်ရင်လဲ သိသာပါတယ် ..

    ReplyDelete
  3. ကိုမိုးသကြား
    ကျွန်တော့ iphone4 က AT&T lock phone ပါ
    AT&T နဲ့ စာချုပ် ပြည့်မပြည့် ဘယ်လိုကြည့်ရမလဲ
    တကယ်လို့ပြည့်သွားပြီဆိုရင်ကော ဘယ်လို ဆက်လုပ်ရမလဲ
    ကျွန်တော့မှာက at&t account မရှိဘူး
    ကျေးဇူးပြုပြီး အလွယ်ဆုံးနည်းကို ပြောပြပေးပါ ခင်ဗျာ

    ReplyDelete
    Replies
    1. USA မှာတော့ မသိဘူးဗျာ "စ" မှာတော့ ဖုန်းနဲ့ ပက်သက်တဲ့ ကိစ္စ မှန်သမျှ မူလလျှောက်ထားသူ ကသာလျှင် လုပ်ကိုင်နိုင်ခွင့်ရှိတော့ Handset ကို တစ်ဆင့်ဝယ်လိုက်သူက တစ်ခုခုဖြစ်ရင် အဲဒီလူကို ဆက်သွယ်ပြီး ရှင်းခိုင်းမှ ရပါတယ်။ ဆိုတော့ USA မှာလဲ ဒီပုံစံပဲများ ဖြစ်နေမလားလို့ ...

      Delete
  4. ကိုမိုးသကြားအခုပေးထားတဲ့ redsnow က i device အားလုံးကို support လုပ်ပါသလား။
    ကျွန်တော့်ဖုန်းက 4 အက်စ်ပါ။

    ReplyDelete
  5. ကိုမိုးသကြား ခင်ဗျား အွန်လိုင်းကနေ ဘယ်လိုဆက်သွယ် ရမလဲ ခင်ဗျား...တဆိတ်လောက်လမ်းညွှန်ပေးပါဗျာ...

    ReplyDelete
  6. ကိုမိုးသိကြား ကျွန်တော် iphone4 ကို ios 5.1.1 တင်လိုက်တာ setting ထဲက wifi နေရာမှာ notwifi လို့ ပြပြီးအရောင်
    မှိန်နေပြီးဘယ်လို မှသုံးမရဖြစ်နေပါတယ်။Setting -> General -> network ထဲက wifi နေရာမှာလည်းဒီအတိုင်းပဲဖြစ်နေပါ
    သည်။မည်သို့ မည်ပုံပြုလုပ်မှပြန်ကောင်းမည်ကို ကျေးဇူးပြုပြီးအမြန်ဖြေကြားပေးစေချင်ပါသည်။

    ReplyDelete
    Replies
    1. Restore ပြန်လုပ်ကြည့်ပါ။

      Delete
  7. please help me my iphone is atandt i have lock my phone any idea to open my iphone i'm from thailand i hope u will help me to unlock my phone

    ReplyDelete
  8. Samsung Galaxy Note unlock လုပ်နည်းလေး ကူညီပေးပါလား ကိုမိုးသကြား

    ReplyDelete
    Replies
    1. အကိုရေ Samsung Glaxy Note က unlock ဖြစ်ပြီးသားမဟုတ်လားany sim cardထည့်လို့ရတယ်လေ။

      Delete
  9. အကို
    ကျွန်တော့် iPhone 4 Untethered Jailbreak & Unlock ဖြစ်ပြီးသား
    - iOS 4.3.2
    - Baseband 04.10.01 ကို iOS 5.1.1 တင်ချင်ပါတယ် . . . အဆင်ပြေနိုင်မလားခင်ဗျာ။

    ReplyDelete
    Replies
    1. တင်လို့ တော့ ရပါတယ် ဒါပေမယ့် Baseband မတက်သွားအောင် ချုပ်ပြီးမှ တင်ရင် Unlock အတွက် အဆေပြေတာပေါ့..

      Delete
    2. ဟုတ် . . ကျေးဇူးပါ ကိုမိုးသိကြား . . .
      Baseband ချုပ်ပြီးတင်နည်း ဖြစ်ဖြစ် . . . Application ဖြစ်ဖြစ် ညွှန်ပေးပါဦးဗျာ။

      Delete
  10. အကိုရေ....ကျတော်4sကလေ........iconတွေtextတွေမှာဟိုက်လိုက်တွေနဲ့ပေါ်နေတာဖုန်းပူလာရင်ပိုဆိုးပါတယ်.....offical unlockလုပ်ပြီးသွားချိန်မှာအဲဒီပြဿနာကပိုကြီးလာလို.....ဘယ်လိုထိန်းသိမ်းရမယ်ဆိုတာပြောပြပေးပါလား......iHeat Xferသုံး၇င်ေ၇ာရလောက်လား.iHeat Xferကိုကျတော်ဒေါင်းတာမရလိုပါ....

    ReplyDelete
  11. ဆက်ပြီးပါြပီ ။ ကျနော့်ဖုန်းက ကိုရီးယားဖုန်း။ unlock အတွက် support လည်း carrier ကပေးထားပါတယ်
    ဒါပေမဲ့ အေတီအန်တီက ဝယ်သွားတဲ့ဖုန်းတွေကိုပဲ လုပ်ပေးတာပါလို့ ပြောပါတယ်
    ဆိုလိုတာက အေတီအန်တီက ဝယ်ပြီး တခြား ကယ်ရီယာနဲ့ သုံးနေတဲ့ဖုန်းမျိုးကိုပဲ လုပ်ပေးတာပါ

    ReplyDelete
  12. အကိုရေ....ကျွန်တော့် i PHONE 4 ကို UNLOCK လုပ်လိုက်တာ 70000 KYATS ပေးရတယ်.. ပြီးတော့ version upgrade လုပ်လိုက်တာဖုန်းကသူများ call ရင်ကြားရတယ်..ပြန်ပြောရင်မကြားရဘူး...recording ကတော့ရတယ်အစ်ကိုအဲဒါဘာလို့လဲဆိုတာသိချင်လို့ပါ..HARDWAR ပြင်တော့လဲ၃၀၀၀၀ပေးရတယ်အစ်ကို....ဒါပေမဲ့ကောင်းမလာဘူးအစ်ကို...ပြောပြပေးပါလားဖြစ်နိုင်တဲ့အရာလေးတွေကိုလေ...USA lock ဖုန်းပါ။

    ReplyDelete