နာမည်ကျော် Jailbreak master တစ်ဦးဖြစ်သူ P0sixninja (အမည်ရင်း Joshua Hill) က သူဟာ Chronic Dev Team ကနေ ထွက်သွားတော့မှာ ဖြစ်ကြောင်း သူရဲ့  Twitter account မှာ အသိပေးကြေငြာလိုက်ပါတယ်။
P0sixninja ဟာ နာမည်ရ iOS Hackers အဖွဲ့ ဖြစ်တဲ့ Chronic Dev Team မှာ တီထွင်မှုတွေ ပြုလုပ်လုပ်ခဲ့ပြီး ယခုအချိန်ထိ ရှေ့ တန်းမှ ဦးဆောင်သူများထဲမှ တစ်ဦးဖြစ်နေဆဲပါ....
အခုချိန်ထိတော့ ဘယ်လို စိတ်ခံစားမှုကြောင့် သူထွက်သွားရတယ် ဆိုတဲ့ အချက်ကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး၊ သူရဲ့  Twetter မှာ နောက်ဆက်တွဲ ပြောကြားချက်တွေအရ ငွေရေးကြေးရေး ကိစ္စကြောင့်လဲ ဖြစ်နိုင်သလို ဒီထက် ပိုပြီးရှုပ်ထွေးတဲ့ အကြောင်းအရာများလည်း ရှိနေနိုင်ပါတယ်...
သူရဲ့  Twitter မှာတော့ အောက်ပါအတိုင်း ရေးသားထားတာတွေ့ ရပါတယ်...
P0sixninja ဟာ Jailbreak Tools တွေဖြစ်တဲ့ GreenPois0n တို့ လိုနဲ့  ယခုနောက်ဆုံး Tool တစ်ခုဖြစ်တဲ့ Absinthe တို့ ကို ဖော်ဆောင်ခဲ့တဲ့နေရာမှာ အခရာ လူတစ်ယောက်လည်းဖြစ်ပြီး Jailbreak community မှာ စံတင်ထားရတဲ့ ပုဂ္ဂိုလ်တွေထဲက တစ်ယောက် အဖြစ်လည်း အသိမှတ်ပြုခံရသူ တစ်ဦးလည်းဖြစ်ပါတယ်။
ခုချိန်ထိတော့ ရှေ့ ဆက်မယ့် သူရဲ့ အစီအစဉ်တွေကို မသိရသေးပါဘူး ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့  အတွက် အများကြီး ကြိုးစားပေးခဲ့တဲ့ P0sixninja တစ်ယောက် အနာဂါမှာ ပိုမိုအောင်မြင်ပါစေလို့  ဆုတောင်းပေးလိုက်ကြတာပေါ...
အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်.... မိုးသိကြား
0 comments :
Post a Comment