Wednesday, August 1, 2012

Personal Hotspot ပျောက်ဆုံးခြင်းအတွက်

အခုတစ်လော Personal Hotspot ပျောက်ပျောက်သွားလို့  ဆိုပြီး မေးလာတာတွေ ခဏခဏ ရှိပါပြီ၊ အများအားဖြင့်တော့ iPhone အခုတစ်လော Personal Hotspot ပျောက်ပျောက်သွားလို့  ဆိုပြီး မေးလာတာတွေ ခဏခဏ ရှိပါပြီ၊ အများအားဖြင့်တော့ iPhone 4S နဲ့  မြန်မာပြည်မှာ Internet သုံးကြသူတွေမှာ ဖြစ်နေတတ်ကြပါတယ်။
ဟိုးတစ်လောက မိတ်ဆွေတစ်ယောက် ဖုန်းဆက်ပြီး လှမ်းမေးပါတယ်၊ စင်ကာပူမှာ သုံးနေတဲ့ iPhone 4S ကို မြန်မာပြည်ပို့ လိုက်ပြီး မြန်မာပြည် 3G SIM ကာဒ်ထည့်သုံးတော့ Internet ကို mobile ကနေ တိုက်ရိုက် သုံးလို့ ရပေမယ့် Laptop နဲ့ ချိပ်ပြီး သုံးဖို့ အတွက် Personal Hotspot ကို ON ပေးဖို့  လိုက်ရှာတော့ Personal Hotspot လုံးဝ ရှာမတွေ့ တော့လို့  ဆိုပြီး အကူညီတောင်းလာပါတယ်။

ကျွန်တော် ကိုယ်တိုင်ကလည်း မြန်မာပြည်မှာ mobile နဲ့  Internet မသုံးဘူးသေးတာကြောင့် FB ကတစ်ဆင့် မိတ်ဆွေများထံ အကူညီတောင်းခံရပါတော့တယ်....
အခုရေးသားမယ့် အကြောင်းရာလေးက FB မှ မိတ်ဆွေများ ဖြေကြားထားတာလေးတွေကို အဆင်ပြေအောင် ပြန်လည် ရေးသားလိုက်ခြင်းသာ ဖြစ်ပါတယ်...

မှတ်ချက်။ ။ မြန်မာပြည် ဖုန်းလိုင်း အတွက်သာ ဖြစ်ပါတယ်....

ပထမဦးစွာ Home screen ရှိ Settings -> General -> Network အောက်ရှိ Cellular Data နှင့် Enable 3G နှစ်ခုစလုံးကို "ON" ပေးလိုက်ပါ။


ဒုတိယအဆင့် Cellular Data Network သို့ သွားပါ။


တတိယအနေနဲ့  ပုံပါအတိုင်း Cellular Data အောက်ရှိ APN တွင် mptnet ဟု ရိုက်ထည့်ပေးလိုက်ပါ။


ထို့ နောက် ဖုန်းကို Reboot ပြန်လုပ်ပါ။

ဖုန်းပြန်တက်လာပါက Settings -> General -> Network အောက်တွင် Personal Hotspot ကို ရှာတွေ့ နိုင်ပါလိမ့်မည်။ 3G Tower တိုင်နှင့် နီးကပ်ပါက ဖုန်းလိုင်း အတုံးလေးများ ဘေးတွင် "3G" ပြနေပြီး ဝေးကွာပါက "E" ဟုသာ ပြနေပါလိမ့်မည်။
လုပ်လိုက်မှဖြင့် အဆန်းချည်းပဲ မြန်မာပြည်ရေ...


အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

မိုးသိကြား

4 comments :

  1. အကိုမိုးရေ..
    ကျနော့် ဖုန်းက iphone 4( 5.1.1 ) ပါ
    absinthe ဆိုတာနဲ့ ဂျေးဘရိတ်ချလိုက်ပါတယ်..
    မြန်မာဖောင့်တွေလဲ အကုန်အဆင်ပြေပီး ပါဝါပိတ်တာတွေလဲ အဆင်ပြေပါတယ်..
    ဘယ်လို reboot လုပ်ရမလဲခင်ဗျာ..
    redsn0w နဲ့ reboot လုပ်တော့လဲ error ပြနေတယ်..
    reboot အတွက် ပြောပြပေးပါဦး

    ReplyDelete
    Replies
    1. Reboot လုပ်တယ် ဆိုတာ ပါဝါ အဖွင့် အပိတ် လုပ်တာကိုပဲ ပြောတာလေ redsn0w နဲ့ ချိပ်ဖို့  မလိုပါဘူး...

      Delete
  2. အယ်ရာ...
    အဲလို မသိခဲ့တော့
    အနော် ဖုန်းကို i Tune နဲ့ ပြန်ချိတ်ပီး ရီစတိုး လုပ် မိနေတာ
    reboot လုပ်ပါဆိုတာမျိုးတက်လာရင် ငိုချင်နေတာ
    ကျေးဇူးထပ်တင်ရပြန်ပီပေါ့ဗျာ..
    သိနေတဲ့သူအတွက်ကျတော့ ဒါလေးများ ဆိုပေမယ့်
    မသိတဲ့လူအတွက်ကတော့ အဲဒါကြီး ဖြစ်နေပါရောလား...။

    ReplyDelete
  3. အကိုရေ
    ကျနော့် ဖုန်းရဲ့ personal hotspot က တခြားတခြားသော ဖုန်းတွေ အိုင်ပက်တွေ ဘာသာတွေနဲ့ အင်တာနက်မျှပီး သုံးလို့ရတယ်...
    ကွန်ပျူတာနဲ့ လုံးဝမရဘူးဖြစ်နေတာ ဘာကြောင့်များလဲဗျာ...
    အဲလိုမျှဝေ မရလို့ ဖုန်းအတွက် အင်တာနက် တလိုင်း ကွန်ပျူတာအတွက် တစ်လိုင်း အင်တာာနက်ကို နှစ်လိုင်းဝယ်သုံးနေရပါတယ်..
    ကျနော့် ဖုန်းနဲ့ မျှလို့ မရတဲ့ ကွန်ပျူတာကို တခြား အန်ဒရိုက်ဖုန်းနဲ့ မျှပီးသုံးတော့ ရနေတယ်
    စိတ်ထဲမှာ အိုင်ဖုန်းတွေက အဲလိုပဲ ကျက်သရေ တုံးတယ်လို့ အပြောခံရတာကို မခံချင်ဘူး
    ကျနော် နားမလည်တာပဲ ဖြစ်မယ်
    အကို သိရင် ပြောပြပေးဦးနော်

    ReplyDelete