Friday, July 20, 2012

iPhone 5 ကို Nano SIM card နှင့် ထွက်ရှိလာဖွယ်

Smart phone ထုတ်လုပ်သော ကုမ္ပဏီကြီးများ (Apple, Nokia, Motorola, and BlackBerry smartphones) အကြား "Nano SIM" ကို smart phone များ၏ standard SIM card အဖြစ် သတ်မှတ်ရန် အတည်ပြုရေး ကိစ္စအပေါ် သဘောထားကွဲလွဲမှုများ ပေါ်ပေါက်လျှက်ရှိသည်။

ကယ်လီဖိုးနီးယား ရှိ SIM card ထုတ်လုပ်သော ကုမ္ပဏီ တစ်ခုမှ အသေးစား SIM card စနစ် ကို ၂၀၁၁ ခုနှစ် မေလ ကထဲက ကမ်းလှမ်းထားခဲ့ခြင်းဖြစ်ပါသည်။

ယင်းကုမ္ပဏီမှ မိတ်ဆက်သော SIM card အသစ်မှာ ယခုလက်ရှိ iPhone, iPad တို့  တွင် အသုံးပြုနေသော micro SIM ထက်ပိုမိုသေးငယ်သော Nano SIM ဖြစ်ပါသည်။ ပုံမှန် SIM ၏ အရွယ် ( 25 x 15x 0.76)mm ၊ micro SIM (15 x 12 x 0.76)mm ဖြစ်ပြီး Nano Sim ၏ အရွယ်အစားမှာတော့ (12 x 9 x 0.646) mm သာရှိပါ၍ micro SIM ထက်ပင် ၄၀% ပိုမိုသေးငယ်ပါသည်။
Apple ၏ သဘောထားမှာ Nano SIM ကဲ့သို့  သေးငယ်သော SIM ကို အသုံးပြုခြင်းဖြင့် ပိုမိုအားကောင်းသော ဘက်ထရီတပ်ဆင်ရန် အတွက် နေရာရရှိလာမည် ဖြစ်ပြီး အနာဂါတ်တွင် ပိုမိုအသုံးဝင်လာမည့် ယင်း adapter ဖော်ဆောင်မှု အတွက်လည်း ကျေးဇူးတင်ထားပါသည်။

ပြိုင်ဘက် ကုမ္ပဏီများက Nano SIM မှုပိုင်ခွင့် မှတ်ပုံတင်မှုကို Apple က အနိုင်ရသွားမှာ စိုးရိမ်လျှက်ရှိသည်။ သို့ သော် NOKIA ကုမ္ပဏီကတော့ ETSI (European Telecommunications Standard Institute) အဖွဲ့ တွင် မဲအများအပြား ရရှိထားပါတယ်။ ETSI အဖွဲ့  မှ လာမည့် အပတ်အတွင်းမှာ Apple အပါအဝင် အခြားပြိုင်ဘက် ကုမ္ပဏီများ၏ အဆိုပြုချက် (proposals) များကို စဉ်းစား သုံးသတ်သွားမှာ ဖြစ်ပါတယ်။

မည်သို့ ပင်ဖြစ်စေကာမူ Apple ကတော့ ETSI မှာ မှတ်ပုံတင်နိုင်ရေး ခြေလှမ်းကို ETSI ရဲ့  Devision ခြောက်နေရာမှာ မနေ့ က စတင်လိုက်ပါပြီ။လက်ရှိ ဥပဒေအရ Division တစ်ခုမှာ ဝင်ငွေဘဏ္ဍာ ယူရို ၈ ဘီလီယံကျော် ရရှိသူက ETSI မှာ ၄၅ မဲရရှိမှာဖြစ်ပါတယ်။NOKIA က လက်ရှိမှာ ၉၂ မဲရရှိထားပြီး Apple ၏ လှုပ်ရှားမှုကို ကန့် ကွက်ခဲ့ပါတယ်။


အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

မိုးသိကြား

Facebook Comments

0 comments :

Post a Comment