Friday, July 20, 2012

Smartphone User များ iPhone ကို ပိုမိုသဘောတွေ့ လာ...

Apple ကုမ္ပဏီ၏ ထင်ရှားသော ဆန်းစစ်လေ့လာသူ (Analyst) တစ်ဦးဖြစ်သော "Munster" ၏ United States နှင့် အာရှနိုင်ငံများအပါအဝင် လူပေါင်း ၄၀၀ အပေါ် survey တိုင်းတာချက်များအရ iPhone အတွက် အလားအလာကောင်းများကို ဖော်ပြပါ စစ်ဆေးချက်များမှာ တွေ့ ရှိနေရပါတယ်။

"ဘယ်လိုအမျိုးအစား mobile phone ကို ဝယ်ယူဖို့  အစီအစဉ်ရှိပါသလဲ" ဆိုတဲ့ မေးခွန်ရဲ့  အဖြေမှာ ၆၅% က iPhone၊ ၁၉% က Android၊ ၆.၅% က smart phone စိတ်မဝင်စားသူများ၊ ၆% က မဆုံးဖြတ်နိုင်ကြသူများနှင့် ၂.၅% ကတော့ BlackBerry လို့  စစ်တမ်းရရှိပါတယ်။
အဖြေများ၏ ၅၁% မှာ iPhone ကသာ smartphone ဖြစ်ပြီး iPhone သုံးနေသည်ဖြစ်စေ မသုံးနေသည်ဖြစ်စေ iPhone 5 ကို စောင့်မျှော်နေကြောင်း သိရှိရသည်။
လက်ရှိ iPhone သုံးစွဲနေသူများ၏ ၅၄.၂% မှာ iPhone ကိုသာ ဆက်လက်ဝယ်ယူ သုံးစွဲရန် ဆန္ဒရှိနေကြပါတယ်။ တဆက်ထဲမှာပဲ Screen size အကြီး အသေး အတွက် စာရင်းကောက်ခဲ့ရာ ၅၆% က small screen ကို အားသာခဲ့ကြပါတယ်။



အထက်မှာ ဖော်ပြခဲ့တာတွေကတော့ "Munster" ရဲ့  စစ်တမ်းဖြစ်ပါတယ်...
အကယ်၍များ သင့်အနေနဲ့  smartphone တစ်လုံးကို ဝယ်ယူဖို့  စဉ်းစားနေတယ်ဆိုရင် အဲဒါ ဘာဖုန်းများ ဖြစ်နေမလဲ...?

အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

မိုးသိကြား

Facebook Comments

0 comments :

Post a Comment