Sunday, October 21, 2012

iPad MiNi ရဲ့  ဈေးနှုန်းများ

အခုလာမယ့် October 23, 2012 (San Jose’s California Theatre) မှာ ပြုလုပ်မယ့် Apple ရဲ့  Media Event ကလည်း နီးကပ်လာပြီ ဖြစ်လို့  အဲဒီပွဲမှာ ပြသမယ့် ထုတ်ကုန်အသစ် ပစ္စည်းများဟာလည်း အဆင်သင့် ဖြစ်နေပါပြီ။ အဲဒီ အထဲမှာ အများမျှော်လင့်နေကြတဲ့ "iPad MiNi" လည်း ပါဝင်လာလိမ့်မယ်လို့  မျှော်လင့်ရပါတယ်...
"iPad MiNi" နဲ့  ပက်သက်လို့  အသေအချာ ဘာမှ မပြောနိုင်သေးပေမယ့် လာမယ့် November 2 ရက်နေ့ မှာတော့ တစ်ကယ် ထွက်လာနိုင်လို့  သိရှိထားပါတယ်...


"iPad MiNi" ရဲ့  ဈေးနှုန်းဟာ နောက်ဆုံးပေါ် Fifth Gen iPodTouch ($299) နဲ့  16GB iPad2 (WiFi) ($399) တို့ ရဲ့  ကြားအနေနဲ့  $329 လောက်နဲ့  US မှာ စတင်လိမ့်မယ်လို့  မျှော်လင့်ထားပါတယ်။
ထုံစံအတိုင်း Capacity ပေါ်မူတည်ပြီး ဈေးကွာသွားမှာ ဖြစ်လို့  အမြင့်ဆုံး $659 အထိ ရှိနိုင်ပါတယ်။


Amazon နဲ့  Google တို့ က ရောင်းတဲ့ Tablets တွေဟာ $200 အောက်မှာသာ ရှိနေလို့  iPad MiNi က $100 လောက် ပိုများနေတယ်လို့  ပြောလို့ ရပါတယ်။ Apple ကတော့ $100 လောက်ပိုပေးရတာဟာ ထိုက်တန်တယ်လို့  ယူဆထားပါတယ်။

အလွန်ပေါ့ပါး ပါးလွှာပြီး 7.85 inch Display သာရှိတဲ့ iPad MiNi မှာ LTE (4G) Option ပါဝင်လာလိမ့်မယ်လို့  မျှော်လင့်မိပါတယ်...


Credit to : iDownloadBlog


အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like" လုပ်နိုင်ပါတယ်

မိုးသိကြား

Facebook Comments

0 comments :

Post a Comment