မိမိ iDevice ကို Jailbreak / Unlocked လုပ်လို့  ရမရ ကို ဟိုမေး ဒီမေး စမ်းတစ်ဝါးဝါး ဖြစ်စရာ မလိုအောင် "Jailbreak Wizard" ကို www.moethagyar.info ရဲ့  အောက်ဆုံး နေရာလေးမှာ ထည့်ပေးထားလိုက်ပါပြီ၊ မိမိ ကိုယ်တိုင် စစ်ဆေးပြီး လွယ်လွယ်ကူကူ လုပ်ဆောင်နိုင်ကြပါတယ်... Jailbreak လုပ်လို့ ရတယ်ဆိုရင်လည်း ဘယ် Tool နဲ့  လုပ်ရမယ်ဆိုတာကိုပါ တစ်ခါတည်း ညွှန်ပြပေးထားတဲ့ အတွက် အရမ်းလွယ်သွားပါတယ်... Jailbreak Wizard ကို ကျွန်တော့် Site မှာ ထည့်ထားချင်လို့  Embed Code ကို ပိုင်ရှင် "Nelutu" နဲ့  ဆက်သွယ်ပြီး နှစ်ကြိမ် တိတိ Request လုပ်ခဲ့ပါတယ်၊ ပထမ အကြိမ်မှာ (5 Mar 2012) သူခရီးထွက်နေလို့  ပြန်လာရင် ပို့ ပေးမယ်လို့  စာပြန်လာခဲ့ပေမယ့် အချိန်တော်တော် ကြာတဲ့ အထိ မပို့ ပေးခဲ့ပါဘူး။ ဒီလိုနဲ့  ဒုတိယ အကြိမ် (11 Sep 2012) မှာ ထပ်မံ ဆက်သွယ်ခဲ့ပေမယ့် ဘာမှ အကြောင်းပြန်ကြားခြင်း မရှိခဲ့ပါဘူး၊ ကျွန်တော် ထင်တာကတော့ မြန်မာဘာသာနဲ့  ရေးထားတဲ့ ကျွန်တော့် ဆိုက်မှာ Font တွေ လေးဒေါင့်တုံး ဖြစ်နေတာကြောင့် မလေးစားတော့ပဲ Embed Code ကို မပို့ ပေးတာလို့  ထင်မြင်မိပါတယ်။ ကိစ္စမရှိပါဘူး ခုတော့ "Jailbreak Wizard" site တစ်ခုလုံးကို ဆွဲသုံးထားလိုက်ပါပြီ (အခုလို မသုံးချင်လို့  တောင်းခံခဲ့တာပါ)။ မိမိ iDevice ရဲ့  Data တွေကို ရွေးပေးလိုက်တာနဲ့  အဖြေ အလွယ်တစ်ကူ ထွက်လာလို့  တော်တော်လေး အသုံးဝင်ပါတယ်၊ သိပြီးသားသူများလည်း ရှိကြမှာပါ..... အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်.... ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like" လုပ်နိုင်ပါတယ် မိုးသိကြား
ကိုမိုးရေ Ios 6 က jailbreak ဖြစ်ပြီးသွားရင် မြန်မာဖောင့်သုံးဖို့ အတွက်က အခက်အခဲရှိမရှိ သိချင်ပါတယ်.....
ReplyDeleteiOS 6 MMKeyboard available now....go n c this page...http://www.saturngod.net/
ReplyDeleteOFFICIAL New Jailbreak 6.0 iOS 6 Final iPhone 4, 3GS, iPod Touch 4g... also can do now....go n c this link.....http://www.insanelyios.com/videos/
ReplyDeletenow i already do jailbreak with my iphone4(Ios 6).no error..all ok....but...souces is have error.MMKeyboard also can't..have error.....
DeleteThis comment has been removed by the author.
ReplyDeleteredsn0w_win_0.9.15b2 is ok 4 all iphone4 (ios 6)......
Deleteအစ်ကိုရေ.. ကျွန်တော့် ဖုန်းက jailbreak လုပ်ပြီးသားပါ.. Cydia ထဲကနေ လိုချင်တာလေးတွေ ယူပြီးတော့ မလိုချင်တာတွေ ပြန်ဖျက်လိုက်တော့ cydia ပါ ပျောက်သွားတယ်.. မြန်မာစာ keyboard ကတော့ ကျန်နေပါသေးတယ်.. မြန်မာလိုလည်းဖတ်လို့ရပါတယ်.. Cydia ကို ဘယ်လိုပြန်ယူရမယ်ဆိုတာ ကျေးဇူးပြုပြီး သိပါရစေ... ကျေးဇူးပါနော်...
ReplyDeleteကျွန်တော့်ဖုန်းက iPhone 4s iOS 5.1.1 ပါ...
ReplyDeletei think....,Run redsn0w over it and choose the option install cydia
Deleteဟုတ်ကဲ့ ကိုညီညီ ... ကျွန်တော်အဲဒီအတိုင်း try ကြည့်လိုက်ပါ့မယ် .. ကျေးဇူးပါ အစ်ကို...
Deleteဟုတ်ကဲ့ .. ကျေးဇူးပါ
Deleteအကိုရေ အဲ့ဒီ Jailbreak Wizard လေးကို ကျနော့်ဆိုဒ်လေးမှာ ပြန်လည်မျှဝေခွင့်ပြုပါခင်ဗျာ..။ ကျေးဇူးတင်ပါတယ်..။
ReplyDeleteIphone 3GS , 4.1့ ပါဝါမတတ်တော.လို. ပါ ကူညီ ပါဦးဗျ
ReplyDelete