Thursday, October 11, 2012

ထိထိမိမိ Cydia Tweak များ

iDevice တွေ ပြဿနာ တက်တက်လွန်းလို့  ကျွန်တော် Tweaks တွေ မရေးပေးတာ ကြာပါပြီ၊ ဒါပေမယ့် အန္တရာယ်လည်း ကင်းပြီး မရှိမဖြစ် အသုံးဝင်တဲ့ Tweak နှစ်မျိုးကို စိတ်ကူးပေါက်လို့  ဒီနေ့ ရေးပေးလိုက်ပါတယ်၊ ကျန်ရှိနေသေးတဲ့ Tweaks ကောင်းကောင်းလေးတွေကိုလည်း ဆက်လက် ဖော်ပြပေးသွားပါ့မယ်။

1. KillBackground

iPhone, iPod, iPad တို့ မှာ ရှိနေတာ ကြာပြီဖြစ်တဲ့ Multi-tesking function အလုပ် လုပ်ပုံကိုတော့ အားလုံး ရင်းနှီးပြီးသား ဖြစ်နေပါလိမ့်မယ်။ Multi-tesking ကြောင့် မိမိ သုံးထားတဲ့ App တွေကို တစ်ခုခြင်း လိုက်ပြန်ပိတ်ရတာ တစ်ခါတစ်လေ အများကြီး ဖြစ်နေတတ်လို့  တစ်ကယ်ကို စိတ်မရှည်ချင်စရာပါပဲ...
အဲဒီ ဖွင့်ထားခဲ့တဲ့ App တွေ အားလုံးကို Click တစ်ချက်ထဲနဲ့  ပိတ်သွားစေမယ့် Tweak လေးကတော့ "KillBackground" လို့  အမည်ပေးထားပါတယ်။ "BigBoss" က Free အနေနဲ့  ပေးထားပါတယ်။ iOS 4 နှင့် အထက် Jailbroken iDevice များအားလုံးတွင် အသုံးပြုနိုင်ပါတယ်..

Cydia -> Search -> KillBackground (သို့ ) Cydia -> Sources -> BigBoss -> KillBackground လို့  ရှာရင် တွေ့ နိုင်ပါလိမ့်မယ်။



Install လုပ်ပေးလိုက်ပါ။

SpringBoard Restart လုပ်ပြီးလို့  ပြန်တက်လာရင် Settings -> Extensions အောက်မှာ ပုံပါအတိုင်း KillBackground ကို တွေ့ ရမှာဖြစ်ပါတယ်။



သူရဲ့  Setting ကိုတော့ မိမိနှစ်သက်သလို ထားနိုင်ပါတယ်၊ ကျွန်တော့် Setting ကတော့ အောက်ပါပုံအတိုင်းပဲဖြစ်ပါတယ်..



အသုံးပြုပုံကတော့ Home button နှစ်ချက်နှိပ် Multi-tesking မှာ အောက်ပါအတိုင်း အရိုးခေါင်းပုံလေးကို နှိပ်လိုက်ရင် အားလုံး တစ်ချက်ထဲ ပတ်သွားပါလိမ့်မယ်..



.Deb file ကို သိမ်းထားချင်သူများ အတွက်
>> Download KillBackground.deb

>> .Deb file ကို Install လုပ်နည်း


*******************************************

2. 3G Unrestrictor 5

ကျွန်တော်တို့  ကြုံဖူးကြပါလိမ့်မယ် အထူးသဖြင့် WiFi Connection မရှိတဲ့ နေရာမှာ 3G Connection လေးနဲ့  သုံးနေတုန်း AppStore က မိမိလိုချင်တဲ့ App လေးကို Download ဆွဲလိုက်တဲ့အခါ 50MB ကျော်နေခဲ့ရင် ဆွဲလို့ မရတာမျိုးပေါ့။ ဒီ App လေးကို ကိုယ်ကလည်း ချက်ခြင်း သုံးဖို့  လိုတာမျိုးဆိုရင် ကလိကလိ ဖြစ်ရတော့တာပါပဲ။

အခု တင်ပြမယ့် "3G Unrestrictor" ဆိုတာကတော့ 3G Connection ကို WiFi Connection အဖြစ် Trick သုံးပြီး ရအောင် Download ဆွဲလိုက်တာ ဖြစ်ပါတယ်။ "BigBoss" က ထုတ်တဲ့ App တစ်ခုပါ ဒီတစ်ခါတော့ $3.99 နဲ့ ရောင်းချတာပါ။ ဒါပေမယ့် ဒီဟာကို Free ရယူပါမယ်...

SiNfuL iPhone Repo က "3G Unrestrictor 5 Cracked" ကို ရယူဖို့  Source မရှိသေးရင် Cydia -> Sources -> Edit -> Add -> " http://sinfuliphonerepo.com " ကို အရင်ထည့်ပါ။

Cydia -> Search -> 3G Unrestrictor 5 Cracked လို့  ရှာပါ တွေ့ ရင် Install လုပ်လိုက်ပါ။



Install လုပ်ပြီးပါက Home screen တွင် အောက်ပါပုံအတိုင် icon လေးကို တွေ့ ရပါလိမ့်မယ်...



ဖွင့်လိုက်တဲ့ အခါမှာ "Edit" ကိုနှိပ်ပြီး "+" မှာ "AppStore" ကို List ထဲကနေ ထည့်ပေးပါ၊ အခြား စိတ်ကြိုက်လည်း ထည့်သွင်းနိုင်ပါတယ်။



AppStore ကနေ 50MB ထက် ကျော်တဲ့ App တွေကို Download လုပ်တဲ့ အခါမှာ အောက်ပါပုံအတိုင်း ပြပါလိမ့်မယ် "OK" နှိပ်ပြီး Download ချနိုင်ပါပြီ...








အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like" လုပ်နိုင်ပါတယ်

မိုးသိကြား

6 comments :

  1. အစ်ကိုမိုးသကြားခင်ဗျာ cydia အသုံးပြုပုံ. ရှာဖွေ့ပုံ နည်းနည်းလောက်ရှင်းပြပေးလားခင်ဗျာ ဥပမာ (tweaks) (addons) ကျွန်တော်နားမလည်လိုပါ အခုမှ iPhone သုံးသူပါ

    ReplyDelete
  2. ကိုမိုး... Killbackground အစား Multicleaner ကို ပိုကြိုက်တယ်ဗျ ...ဘာ ခလုပ်မှနှိပ်စရာမလိုအောင်လုပ်လို့ရတယ်
    screen ပေါ်မှာတင် ကိုလုပ်ချင်တဲ့နေရာကို Active လုပ်ပေးလိုက်ရုံပဲ... ကျွန်တော်ဆို APP တွေကို kill ချင်ရင် status bar မှာ single touch လုပ်ထားလိုက်တယ်...one touch နဲ့ အားလုံးရှင်းသွားရောဗျ.....

    ReplyDelete
  3. ကိုမိုးသကြားရေ ကျွှန်တော့ဖုန်းက jsilbreak ဖောက်ပီးသား ပါဘားရှင်းက 5.1.1 ပါ ကွန်ပြူတာboot ပျောက်သွားလို့ဝင်းဒိုးအသစ်တင်လိုက်ပါတယ် ပီးတော့ itunesဒေါင်းပီးတော့ itunes နဲ့ iphone ချတ်လို့မရပါဘူး error 8000012 ပဲပြနေပါတော့တယ် ဘယ်လိုလုပ်ရမလည်းပြောပြပါဦးသီချင်းလေးဘာလေးသွင်းချင်တာမရတော့ဘူးဖြစ်နေတယ်

    ReplyDelete
    Replies
    1. 1. iTunes
      2. QuickTime
      3. Apple Software Update
      4. Apple Mobile Device Support
      5. Bonjour
      6. Apple Application Support

      တို့ ကို အမှတ်စဉ်အလိုက် Uninstall programs ထဲက နေဖျက်ပါ။ ပြီးမှ iTunes ကို download လုပ်ပြီး အသစ်ပြန်တင်ကြည့်ပါ။

      Delete
    2. မရပါဘူး error 8000012 ပဲပြနေပါတယ်

      Delete
    3. check this link
      u wil need to restore ios

      http://www.gsmreloaded.com/f81/iphone4g-error-0xe8000012-done-19525.html

      Delete