iOS 6.1 beta 1 ကို Redsn0w 0.9.15b3 နဲ့  Jailbreak လုပ်နိုင်ခဲ့ပါတယ်၊ ယခု iOS 6.1 beta 2 ကိုလည်း beta 1 နည်းလမ်းအတိုင်း Pre A5 Device များဖြစ်တဲ့ iPhone 3GS, iPhone 4 နှင့် iPodTouch 4G တို့ ကို အောင်မြင်စွာ Tether Jailbreak ပြုလုပ်နိုင်ကြပါပြီ... >> Download iOS 6.1 beta 2 >> Download iOS 6.0 >> Download Redsn0w 0.9.15b3 လုပ်ငန်းစဉ် အဆင့် ၁) ပထမဦးစွာ သင့် iDevice ကို iOS 6.1 beta 2 သို့  ဤနည်းအတိုင်း Update လုပ်ပါ။ အဆင့် ၂) iDevice ကို PC နှင့် ချိပ်ဆက်ထားပြီး DFU mode သို့  ဝင်ပါ။ အဆင့် ၃) Redsn0w 0.9.15b3 ကို RUN လိုက်ပြီး Extras -> Select IPSW -> ကို သွားပြီး အထက်တွင် download လုပ်ခဲ့သော iOS 6.0 ကို ရွေးပေးလိုက်ပါ။ အဆင့် ၄) Redsn0w ၏ Main Menu သို့  ပြန်သွားပြီး "Jailbreak" ကိုနှိပ်ပါ။ အဆင့် ၅) "Install Cydia" ကို ရွေးပေးထားပြီး "Next" နှိပ်ပါ။ Jailbreak လုပ်သွားပါလိမ့်မည်။ အဆင့် ၆) Jailbreak လုပ်ပြီးသွားပါက သင့် Device ကို DDU mode ပြန်ဝင်ပါ။ အဆင့် ၇) Redsn0w က Extras -> Select IPSW -> မှာ iOS 6.0 ကိုပဲ ထပ်မံရွေးပေးလိုက်ပါဦး။ အဆင့် ၈) Extras -> Just boot ကို နှိပ်ပါ။ Tether boot လုပ်သွားပါမည်။ အဆင့် ၉) သင့် Device မှာ နာနတ်သီးပုံနဲ့  Boot လုပ်နေပါမည်။ အဆင့် ၁၀) Device Boot ပြန်တက်လာသည့် အခါ Home screen တွင် Cydia ပုံလေးကို တွေ့ ရပါလိမ့်မည်။ iOS 6.1 beta 2 ကို Tether Jailbreak လုပ်ခြင်း အောင်မြင်စွာ ပြီးဆုံးပါပြီ... Video Tutorial Credit to : iDownloadBlog အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်.... ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like" လုပ်နိုင်ပါတယ် မိုးသိကြား
4s တွေအတွက်ရသေးဝူးပေါ့နော်?
ReplyDeleteကျွန်တော့ 4sလေး တိုင်ပတ်နေပြီး...လုပ်လဲပြီးရော No Service ဖြစ်နေတယ်...Down Grade လုပ်နည်းလေး ပြောပြပေးပါဦးအစ်ကိုရေ....
ReplyDeletebrother pls help me i can`t jailbreak my i phone 3 Gs
ReplyDeleteအကိုမိုးရေ..
ReplyDeleteအကိုပြောတဲ့ အတိုင်း လုပ်တာ အားလုံး အဆင်ပြေသွားတယ်ဗျာ...
ဒါပေမယ့် အခု မနက်မှာ ကျနော် စီရီလေး ထည့်ကြည့်လိုက်တာ
ပီးတော့ reboot လုပ်ပါဆိုလို့ လုပ်တာ
ဖုန်းက လုံးဝပြန်တက်မလာတော့ဘူးအကို
ပန်းသီးလေးပြနေတယ်.. ပီးရင် လုပ်ဒင်း အဝိုင်းလေး ပေါ်လာပီး တခါ ပန်းသီးပဲ ပြန်ဖြစ်သွားပြန်တယ်အကို..
ဘယ်လိုများ ဖြစ်သွားလို့လဲမသိဘူးအကိုရာ
ကွန်ပျူတာမှာလဲ ဖုန်းက မတက်လာဘူး
နည်းလမ်းလေးတွေ ရှိရင် မျှဝေပါဦးအကို..
ကိုးရီးယားမှာ Apple စင်တာက တော်တော် ရှာရခက်လို့ပါ
ReplyDeleteတွေ့ပြန်တော့လဲ ပြောရဆိုရ အခက်ခဲကြောင့်
အကို့ဆီက နည်းလမ်းကို စောင့်နေမယ်နော်..
အဆင့် 1) iDevice ကို PC နှင့် ချိပ်ဆက်ထားပြီး DFU mode သို့  ဝင်ပါ။
ReplyDeleteအဆင့် 2) Extras -> Just boot ကို နှိပ်ပါ။ စောင့်နေပါ။နာနာသီးပုံ လာပြီးပြန်တက်လာပါလေ့မယ်။
iphone 4s လဲလုပ်လို့ရပါသလားခင်ဗျာ....
ReplyDeletebro ရေ ကျွန်တော် ip 4 gsm ကို 6.0.1 ကို bro ပြောသလို 6.1 beta 2 တင်တာ တော့ အဆင်ပြေပါတယ် .. jb လုပ်တော့ ပထမအကြိမ် RSnow ကို run ပြီး လုပ်တာ အားလုံးအ ဆင်ပြေပေမဲ့ .. restart ပြန်ဖြစ်တော့ ပုံမှန်အတိုင်း တက်လာတယ် os က .. အဲ့ဒါနဲ့ dfu mode ပြောင်းပြီး rsnow နဲ့ ပြန်ပြီး boot လုပ်တော့လဲ .. နာနာတ်သီး နဲ့ boot လုပ်လာတယ် နဲနဲတော့ စောင့်ရတယ်နော် .. အဲ့ဒါနဲ့ အားလုံး ပုံမှန်ပြန်တက်လာသော်လည်း .. cydia မပါလာသလို ဖုန်းကလဲ jb မဖြစ်တဲ့အတိုင်းပဲ .. ပါဝါ ပိတ်ဖွင့်လို့လဲရနေပါတယ် .. အဲ့ဒါ 6.0.1 တုန်းကလဲ .. jb လုပ်တာ အဲ့ဒီအတိုင်းပါပဲ jb မဖြစ်ဘူး .. အရင် os တွေတုန်းကလဲ teter jb လုပ်ဘူးပါတယ် .. အခု က ဘာဖြစ်တာလဲ မသိဘူး .. ကူပါအုံး .. 6.1 beta 2 က ပိုမြန်လာသလိုပဲ .. ကျေးဇူးပါ.
ReplyDeleteလုပ်တာကလုပ်လို့ရပါတယ် ဒါပေမယ့်ဖြစ်နေတာတစ်ခုက ဖုန်းက reboot ဖြစ်သွားတာနဲ့ jailbreak ကအလုပ်မလုပ်တော့ပါဘူး
ReplyDeleteပြန်ပြီးတော့ redsn0w ကနေ just boot ပြန်ပြန်လုပ်ပေးရတယ် အဲ့ဒါကိုဖြေရှင်းလို့ရမယ့် နည်းလမ်းလေးရှိရင် အမြန်ဆုံးလေးပြောပြပေးပါ