Friday, August 16, 2013

Steve Jobs (ကိုယ်ရေးအတ္ထုပ္ပတ္တိ) ePub

အားလုံးကို တင်ကြိုပြီး ကျွန်တော် လေသံပစ်ထားတဲ့ အတိုင်း 'Walter Isaacson' က မူရင်းရေးသားထားပြီး ဆရာ 'နိုင်ရဲကျော်' ဘာသာပြန်ဆိုထားသော "Steve Jobs" "နည်းပညာတစ်ဖက် အနုပညာတစ်ဖက်နှင့်လူသား" စာအုပ်လေးကို eBook အဖြစ် အောင်မြင်စွာ အဆုံးသတ်နိုင်ခဲ့ပြီး အားလုံးကို ဖတ်ရှုနိုင်ရန် အခမဲ့ ဝေမျှပေးလိုက်ပါပြီ...

ယခု eBook ကို (Grade 1 နှင့် Grade 2) ဆိုပြီး အမျိုးအစား နှစ်ခုခွဲပြီး ရေးသားထားပါတယ်...



ဒီစာအုပ်ကို Original English version ထွက်ကထဲက ဖတ်ချင်နေပေမယ့် မဖတ်ဖြစ်ခဲ့ပါဘူး။ မြန်မာလို ဘာသာပြန် ထွက်လာလိမ့်မယ်လို့လည်း လုံးဝ မျှော်လင့်မထားတာပါ။ ဒါပေမယ့် သိပ်မကြာခင်မှာပဲ မြန်မာလိုထွက်လာပါတယ်။

"ဖတ်ချင်လိုက်တာ.." ဒါပေမယ့် စာအုပ်က 'စလုံး' ကို ရောက်မလာပါဘူး။ လူကြုံမှာပေမယ့်လည်း အဆင်မပြေလို့ ဖတ်ခွင့် မရခဲ့ပါဘူး။

ဒီလိုနဲ့ ဖေဖော်ဝါရီလ ကျွန်တော် ခတ္တပြန်စဉ် မြန်မာပြည် ရောက်ပြီး နောက်နေ့မှာပဲ စာအုပ်ကို ဝယ်ဖတ်ခွင့် ရလိုက်ပါတယ်။ ဒါပေမယ့် တစ်ထိုင်ထဲတော့ ဖတ်ခွင့် မရလိုက်ပါဘူး။

သင်္ကန်း ငါးရက်စည်းနေချိန် အတွင်းမှာ သိမှတ်ဖွယ်ရာ ဘာသာရေး စာအုပ်များ ဖတ်ရှုခြင်း၊ တရားထိုင်ခြင်း စသည့် ရဟန်းတို့ ပြုဖွယ်ကိစ္စများထဲမှ အနားရသော အချိန်တစ်ချို့မှာ ပြတ်တောင်း ပြတ်တောင်း ဖတ်ရင်း သုံးရက်လောက်နဲ့ တစ်အုပ်လုံး ဖတ်ပြီးသွားပါတယ်။ အဲဒီအချိန်မှာပဲ eBook လုပ်ချင်တဲ့ ဆန္ဒ ကျွန်တော့်မှာ ဖြစ်ပေါ်လာပါတယ်။ စာအုပ်ဖတ်နေစဉ်က အချို့အခန်းလေးတွေမှာ ဒီနေရာလေးကတော့ ဓါတ်ပုံလေးပါရင် ကောင်းမယ်၊ ဒီလူကိုမြင်ဖူးချင်လိုက်တာ...
အစရှိသည်ဖြင့် ချဉ်ခြင်း တပ်မိပါတယ်။

ဒါ့ကြောင့် ပြန်ရောက်တဲ့ အခါ eBook လုပ်ရင် ဒါတွေကို ရှာထည့်မယ်လို့ တေးမှတ်ထားလိုက်ပါတယ်...

ကတုံးကြီးနဲ့ 'စလုံး' ပြန်ရောက်လာပေမယ့် ချက်ချင်း အကောင်ထည် မဖော်နိုင်ခဲ့ပါဘူး။ လွန်ခဲ့တဲ့ နှစ်လလောက်ကမှ စပြီး တစ်ခန်းခြင်း အပိုင်းလိုက်ကို iPad ရဲ့ "Note" သုံးပြီး အလုပ်ထဲမှာ အားနေတဲ့အချိန် နဲ့ နားရက်တွေမှာ တစ်ဖြည်းဖြည်းချင်း အချိန်တွေ အများကြီးယူပြီး စရိုက်လာခဲ့ရပါတယ်။
ပြီးနောက် လိုအပ်တဲ့ ဓါတ်ပုံ၊ ဗီဒီယိုများကို စုဆောင်း တည်းဖြတ်ပြီး တစ်ဆင့်ခြင်း လှမ်းလာခဲ့ရပါတယ်....။

ဒီလိုနဲ့ ပြီးခါနီးမှာ အခုလို ကိုယ်ပိုင်အချိန်တွေများစွာ သုံးစွဲ ရင်းနှီးပြီး၊ ပြီးသွားတဲ့ အချိန်မှာ "ကဲ..ယူကြကွာ" ဆိုပြီး 'ပက်ကနဲ' ပေးလိုက်ရမှာကို ကျွန်တော့်စိတ်က ဘာဖြစ်မှန်းမသိ တွန့်တိုသလို ခံစားနေမိပါတယ်။

လူတိုင်းဟာ မိမိရဲ့ အချိန်တွေကို နှမြောတတ်ကြမှာပါပဲ ဒါပေမယ့် ကျွန်တော်ကိုက ပိုလွန်းပါတယ် (ဒီလိုကြားထဲက ဒီအလုပ်ကို လုပ်မိနေတာ ဝါဿနာအားက အလွန်ကြီးနေတာရယ်၊ တစ်ခုခုကို အမြဲသင်ယူ လေ့လာချင်နေတဲ့ စိတ်တွေကြောင့်ပါ) ရိုးသားစွာ ဝန်ခံရရင် ဒီ eBook အပေါ်မှာ ကျွန်တော် အားထုတ်ထားတွေ အတွက် တစ်ခုခုကို ပြန်ပြီးရချင်နေပါတယ် (ဘာလေးပဲဖြစ်ဖြစ်ပေါ့)။ အဲဒီစိတ်တွေနဲ့ ဒီeBook လေးကို ထိန်းချုပ်နိုင်ဖို့ နည်းလမ်းတွေ စဉ်းစားရှာဖွေလာပါတယ်။ ကျွန်တော် လုပ်နိုင်တဲ့ နည်းလမ်းရော မလုပ်နိုင်တဲ့ နည်းလမ်းတွေပါ ရခဲ့ပါတယ်။

အဲဒီ အတောအတွင်းတော့ ကျွန်တော့် စိတ်ဟာ ပူလောင်ပြီး ညတွေမှာဆို ကောင်းကောင်း အိပ်မပျော်တတ်ပါဘူး။ နောက်ဆုံးမှာတော့ ဒီလိုနေလို့ မဖြစ်တော့ဘူး စိတ်ကို ထွက်ပေါက် ပေးရမယ်လို့ ခံစားမိပြီး ကျွန်တော့်ရဲ့ အိမ်သူနဲ့ ကျွန်တော် ခင်မင်ရတဲ့ သူငယ်ချင်း တစ်ယောက်ကို ဒီအကြောင်းတွေ ရင်ဖွင့်ချ လိုက်ပါတော့တယ်။ ထူးဆန်းစွာပဲ အဲဒီလို ရင်ဖွင့် ဆွေးနွေးပြီး နောက်ပိုင်း ကျွန်တော့် စိတ်ထဲမှာ စွဲလန်းမှုတွေ ကင်းစင်သွားပြီး နဂိုမူလက လမ်းကြောင်းအတိုင်း "အားလုံးကို ဖတ်စေချင်လို့ လုပ်တာပဲ 'အခမဲ့' ပဲ ဖြန့်ဝေမယ်ကွာ" ဆိုတဲ့စိတ် ပြန်ရလာပြီး ပြန်လည် ငြိမ်းချမ်းသွားခဲ့ပါတယ်။

နောက်တော့မှ အေးအေးဆေးဆေး ကျွန်တော် ပြန်စဉ်းစားမိတယ် ဒီeBook ကို လုပ်နေစဉ်အတွင်းမှာ "Steve Jobs" တစ်ယောက် ကျွန်တော့်ကို ညှိုငင်ခဲ့တာပဲလို့၊ ဟုတ်ပါတယ် သူ့ရဲ့ အယူအဆက "ကိုယ်ဖန်တီးလို့ ရတာတွေကို အလကားပေးပစ်မယ် ဆိုတဲ့ အမြင်မျိုးကို လက်မခံပါဘူး" ။ ဒီစာအုပ်ကို တစ်ကြောင်းခြင်း ဖတ်ပြီး ရိုက်ခဲ့ရတဲ့ ကျွန်တော့်အတွက် ဒါကို ဘယ်တုန်းက စွဲလန်းသွားမှန်းမသိ စွဲလန်းသွားခဲ့တာပါ၊ ဒါဟာ ကျွန်တော် ကိုယ်နှိုက်က sensitive(အနုစိတ်ရသ ခံစားတတ်လွန်းခြင်း) ဖြစ်လွန်း၍သာ ဖြစ်ပါလိမ့်မယ်....

ဒါတွေကတော့ အခု eBook လေးအပေါ်မှာ အကြီးကြီးထားမိသွားတဲ့ ကျွန်တော့်ရဲ့ ဖြစ်စဉ်အချို့ပါပဲ...

Grade ခွဲထားလိုက်ရတဲ့ အဓိက အကြောင်းရင်းကတော့ File size ကြောင့်ပါ။ Grade 1, ရဲ့ size ဟာ (37MB) ရှိပြီး Grade 2, မှာတော့ (2MB) ပဲရှိပါလိမ့်မယ်။ စာချစ်သူများ download ဆွဲဖို့ အဆင်မပြေမှာ စိုးလို့ Grade ခွဲလိုက်ရပေမယ့် Grade 2, ဟာ ကျွန်တော် ဖန်တီး တင်ပြချင်ခဲ့တဲ့ ပုံစံမျိုးထက် အနည်းငယ် လျော့ပါတယ်။ မီဒီယာတွေ ထပ်ထည့်လေ File size က တက်လေဖြစ်နေတော့ Grade 1, မှာလည်း အများကြီး လျှော့ချထားခဲ့ရပါတယ်၊ ဒါပေမယ့် မဖြစ်မနေ လိုအပ်တဲ့ နေရာလေးတွေကိုတော့ မလွှတ်ပေးထားပါဘူး။

ကျွန်တော် ဖြစ်စေချင်တဲ့ ပုံစံကို Grade 1, မှာ ခံစား တွေ့မြင်နိုင်ပါတယ်။ ဒီ eBook များကို iOS, Android တို့အပြင် Kindle နှင့် Nook တို့မှာပါ အဆင်ပြေပြေ ဖတ်ရှုနိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။
Grade 1 version ကို ဖတ်ရှုရာတွင် iPhone, iPad တို့အတွက် အထူးပြောစရာ မလိုအောင် အဆင်ပြေမယ့် Android အတွက်တော့ အပြည့်အဝ အလုပ်လုပ်နိုင်ဖို့ Reader Application ရွေးရပါလိမ့်မယ်။ ဒီအတွက် ကျွန်တော် Samsung မှာ စမ်းကြည့်ထားပြီး သေချာပေါက် ၁၀၀% အလုပ်လုပ်တဲ့ App တစ်ခုကို လမ်းညွှန်ပေးပါမယ်။

ဂျပန်က ထုတ်လုပ်ထားပြီး "Himawari Reader" လို့ အမည်ရတဲ့ App ကို GooglePlay မှာ "Free" "Pro" version နှစ်ခုလုံး ရယူနိုင်ပါတယ်။ "Free" version မှာတင်ပဲ အပြည့်အဝ အလုပ်လုပ်နိုင်ပါလိမ့်မယ်။

**Downloads**

>> Steve Jobs (Grade 1)
>> Steve Jobs (Grade 2)


ကျွန်တ်ာရဲ့ eBook လေးအတွက် ဝေဖန်အကြံပြုချက်လေးများလည်း ပြန်လည် ကြားချင်ပါသေးတယ်...


**Android နှင့် ဖတ်ရှုလိုသူများ အတွက် Application**

>> Himawari Reader


**PC နှင့် Mac ပေါ်တွင် ဖတ်ရှုလိုသူများအတွက် Software**

>> Adobe Digital Editions


**အခြားမြန်မာ ePuub များe**

>> Download Other Myanmar ePub HERE!!




အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like" လုပ်နိုင်ပါတယ်

မိုးသိကြား

24 comments :

  1. Epub နဲ့ လုပ်ထားတာပဲ ကျေးဇူးအရမ်းတင်ပါတယ်

    ReplyDelete
    Replies
    1. ဖတ်ရှုတဲ့အတွက် ကျေးဇူးပါ...

      Delete
  2. လေးစား ပါတယ် ခင်ဗျာ ။ ရှယ် ခွင့် ပြု ပါ ။

    ReplyDelete
    Replies
    1. မူရင်းအတိုင်း လွပ်လပ်စွာ Share နိုင်ပါတယ် ခင်ဗျာ..

      Delete
  3. Thank a lot ..
    ဖတ်ချင်နေတာကြာပါပြီ
    အင်္ဂလိပ်လို အားနည်းတော့ မြန်မာလိုထွက်ရင် ကောင်းမှာပဲလို့ မျှော်လင့်ခဲ့တာ
    အခုတော့ ဖတ်ခွင့်ရလို့ ကျေးဇူးကမ္ဘာပါဗျာ။

    ReplyDelete
  4. Myanmar font နဲ့ epub ebook ဘယ်လိုလုပ်ရတာလဲ။ PDF ကို epub ပြောင်းချင်လို့ပါ။

    ReplyDelete
  5. ဘယ်လိုပြောရမလဲ ... ပေးရတာ ပိုပြီး တန်ဖိုးရှိအောင် လူတိုင်းလူတိုင်း ကို ထပ်ပြီဒ မျှပေးမယ်ဗျာ

    ReplyDelete
  6. ကျေးဇူးအများကြီးတင်ပါတယ်။ Share ခွင့်ပြုပါ

    ReplyDelete
  7. ကျေးဇူးအရမ်းတင်ပါတယ် Blog မှာ ပြန်တင်ဖို့ ခွင့်တောင်းပါတယ် .....

    ReplyDelete
  8. စာအုပ်ထွက်ကတည်းကဖတ်ချင်နေပေမယ့်အင်္ဂလိပ်စာအားနည်းလို့မဖတ်နိုင်ခဲ့ဘူး။ခုလိုဘာသာပြန်ပေးတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ် :D

    ReplyDelete
  9. တကယ်ကိုကျေးဇူးတင်ပါတယ်ဗျာ

    ReplyDelete
  10.ိ်File ကို ဘယ်လို ဖြည်ရမှာလဲ win war နဲ့ ဘဲ ဖြည်ရမှာလား

    ReplyDelete
    Replies
    1. ဖြည်စရာမလိုပါဘူး၊ တိုက်ရိုက် ဖုန်းထဲထည့်ဖတ်ရုံပါပဲ

      Delete
  11. ကျေးဇူးပါ ဒီ blog ကို ဟိုးအရင် ၄ နှစ်လောက်ကတည်းကထင်ပါတယ်။ reader နှင့်အမြဲဖတ်ပါတယ်။
    မြန်မာပြည်သား IOS သမားတွေအတွက် ရွှေတွင်းပေါ့ကွာ။
    အခုလည်း ရေငတ်နေတုန်း ရေတွင်းထဲ ကျသလိုပါပဲ။ မြန်မာလို အရသာရှိရှိ ဖတ်ခွင့်ရပြီ။
    သာမန် PDF ဖိုင်နဲ့ လုပ်ရင်လည်း အရမ်းကျေးဇူးတင်အုံးမှာပါ။ mobile device မရှိသူတွေ PC မှာ ဖတ်စေချင်လွန်းလို့ပါ။

    ok thanks again.
    kochinlay.
    the netherlands.

    ReplyDelete
  12. ကျေူးဇူးပါ ကိုမိုးသကြား

    ReplyDelete
  13. Steve Jobs ရဲ့ စာအုပ်ကို ကိုနေဇာအောင် ကျေးဇူးကြောင့် တစ်အုပ်လုံးဖတ်လိုက်ရပါတယ် အတော်လေးဖတ်လို့ကောင်းတဲ့ စာအုပ်ပါပဲ
    အဓိက တင်ပြသွားတာကတော့ Thnik Different ဆိုတာပါပဲ ကိုယ်ပိုင် စွန့်ဦးတီထွင်မှုမျိုးကိုကြိုက်ပါတယ်။ ကိုယ်ဖန်တီးတဲ့ အရာလေးတွေပေါ်မှာ ဖြစ်ပေါ်လာတဲ့ စိတ်ခံစားမှုမျိုး ပီတိမျိုးကို သေးသေးပဲဖြစ်ဖြစ် ကြီးကြီးပဲဖြစ်ဖြစ် ဖန်တီးဘူးသူတိုင်း ခံစားနားလည်မှာပါ ကိုနေဇာအောင်ရဲ့ စိတ်ဓါတ်ကိုချီးကျူးအားကျမိပါတယ် IBM နဲ့ Apple ကို ကျွန်တော် 1996 လောက်ကတည်းက တွဲပြီး အသုံးပြုခဲ့ဖူးပါတယ်။ အဲ့ဒီတုံးက ကွန်ပျူတာသင်တန်းဆိုတာ အတော်လေး နည်းပါတယ် ကျွန်တော် CSS Training Center မှာ အခြေခံစတက်ခဲ့ပါတယ်။ Window 95 နဲ့သင်တာပါ IBM ပေါ့။ နောက်တော့ ကွန်ပျူတာကို အတော်လေးစိတ်ဝင်စားသွားတယ်။ အစိုးရသတင်းစာတိုက်တစ်ခုမှာ အလုပ်ဝင်လုပ်တော့ Apple Macintosh တွေနဲ့ အသုံးပြုခဲ့ရတယ်။ Win 95 နဲ့ Mac ကြားမှာ အတော်လေးကွာပါတယ် iMac ကိုလည်း အနည်းငယ်အသုံးပြုခဲ့ဖူးပါတယ်။ အခုမှ ကိုနေဇာအောင် ပေးတဲ့စာအုပ်ကို ဖတ်ပြီး အဲ့ဒါတွေကို ပြန်မှတ်မိနေမိတယ်ဗျာ။ မြန်မာပြည်ဈေးကွက်မှာတော့ Apple က အတော်ဈေးကြီးနေတော့ အပြင်ပုဂလိကမှာတော့ Win ကိုပဲ အသုံးပြုတာများနေပါတယ်။ နောက်ပိုင်း ဒီအစိုးရအလုပ်ကထွက်လိုက်တော့ Apple နဲ့ အတော်လေးကို အလှမ်းဝေးသွားခဲ့ပါတယ်။ အခုချိန်ထိလည်း Window ကိုပဲ သုံးနေရတယ်. Apple နဲ့ပတ်သက်လို့ကတော့ လက်ထဲမှာ ipod လေးပဲရှိပါတယ်။ အခုလိုမျိုး အသိပညာတွေကို ဖြန့်ဝေပေးတဲ့သူတွေကို မြင်ရင် Steve Jobs စိတ်ထဲမှာ သူတို့ကို(ဥပမာ ကိုနေဇာအောင်တို့လို) ဘယ်လိုအမြင်မျိုးနဲ့ ပြောမလဲ၊ ဘယ်လို ဝေဖန်မလဲ ဆိုတာ သိချင်တယ်၊ ဘာကြောင့်လဲဆိုတော့ ဂျော့ ရဲ့အစွဲက ဘာကိုမှ အလကားမပေးချင်တဲ့သူလေ - - - ကိုယ်ချင်းစာပါတယ် ကျွန်တော်လည်း ကိုနေဇာအောင် မာတိကာမှာ ရေးထားသလို ကိုယ့်ဖန်တီးမှုကို လွယ်လွယ်နဲ့ချပေးလိုက်ရမှာကို တွန့်မိမှာပါပဲ - - လေးစားပါတယ်ဗျာ - - ဖြစ်နိုင်ရင် ဘီလ်ဂိတ် အကြောင်းလည်း သိချင်တယ်ဗျာ (ဖြစ်နိုင်ရင်လို့ ပြောတာပါ အလွယ်လိုက်တာမဟုတ်ပါဘူး ကိုယ်တိုင်လည်း ရှာပြီးဖတ်ကြည့်ပါတယ် အင်္ဂလိပ်လိုက အားနည်းတော့ ခရီးမတွင်ဘူးဖြစ်နေတာပါ) - - ကျွန်တော် အခုရေးပေးထားတာတွေထဲမှာ အမှားပါရင် ခွင့်လွှတ်ပါ
    ကျွန်တော့် မေလ်းက set.kaung@gmail.com ပါ
    ကိုယ့်ထက်ငယ်ပေမယ့်လည်း လေးစားပါတယ် ကိုနေဇာအောင် (မိုးသကြား)

    ကိုသက်ဦး

    ReplyDelete
    Replies
    1. အခုလိုအားပေးတဲ့ အတွက် ကျေးဇူးအထူးတင်ပါတယ် "ကိုသက်ဦး"...

      Delete
  14. ကိုမိုးသကြားရေ ကျွန်တော့် Facebook မှာသွားဖွလိုက်မယ် ဟဲဟဲ ကျွန်တော်ခွင့်တောင်းသွားတယ်နော်
    ကျွန်တော့် iphone 4 မှာထည့်ပြီးဖတ်တာတော်တော်လေးမိုက်တယ်ရှင်းနေရောဘဲ
    ...........ကျေးဇူးအများကြီးတင်ပါတယ် အခုလိုဖန်တီးပေးတဲ့အတွက်

    ReplyDelete
  15. ကိုမိုးသကြားရေ ကျွန်တော့် Facebook မှာ Share ခွင့်ပြုပါ

    ReplyDelete
  16. Is there any way to change text align in epub book? Text align justify option on Myanmar text makes heavy spaces between words. This is not good for small screen ipod touch 4 user like me. Help me Bro!!!!

    ReplyDelete
    Replies
    1. Try to adjust with font size,no other way bro.

      Delete
  17. အလုပ်တွေများလို့နဲနဲချင်း ဖတ်နေတာဒီနေ့မှပိးတယ် တော်တော်စိတ်ဝင်စားဖို့ကောင်းသလို့ Steve Jobs ကအရမ်းထူးဆန်းတဲ့လူသားတယောက်ပါအခုလိုအဖိုးတန်စာအုပ်ကိုမျှဝေးပေးတဲ့အတွက်. ကျေးဇူးတင်ပါတယ်

    ReplyDelete