iOS 6 တွင် Safari, Mail အစရှိသော App များတွင် မြန်မာစာ ပါဝင်သော web Page, mail များကို ဖွင့်မိပါက အဆမတန် ကြန့် ကြာခြင်း၊ ရပ်နေခြင်း၊ App ပိတ်သွားခြင်းမျိုးကို iOS 6 သုံးနေကြသော သူများ ကြုံတွေ့  နေရမှာ မလွဲပါဘူး။ iOS 6 သည် သာမန်အားဖြင့် ပိုမို မြန်ဆန်လာတာကို တွေ့ ရပေမယ့် မြန်မာဆိုက်များ မြန်မာစာများနှင့်တော့ အဆင်မပြေတာ တွေ့ ရပါတယ်။ ထို့ အပြင် Website ထဲမှ Streaming Audio များ Play ရာတွင်လည်း ယခင် iOS အဟောင်းများကဲ့သို့  Background မှာ အလုပ်မလုပ်တာကို စိတ်ပျက်ဖွယ် တွေ့ ရပါတယ်။ A4 iDevice များအတွက် iOS 6 Downgrade ကို တင်ပြပေးခဲ့ပြီး ယခုတစ်ခါ အကြောင်းအမျိုးမျိုးကြောင့် iOS 6 ကို Update လုပ်မိသွားသော iPad 2 များအတွက် iOS 5.xx သို့  ပြန်ဆင်းနည်းကို တင်ပြပေးလိုက်ပါတယ်.. iOS 6 Downgrade လုပ်ငန်းမစမီ အောက်ပါ မှတ်ချက်များကို သေချာစွာ ဖတ်ရှုပါ...
- ယခုဖော်ပြမည့် နည်းလမ်းသည် iPad 2 အတွက်သာ ဖြစ်ပါသည်။
- ဤနည်းလမ်းကို အသုံးပြုနိုင်ရန် သင့် iPad 2 ၏ (iOS 5.xx နှင့် iOS 4.xx) SHSH blobs နှစ်ခုစလုံး Save ထားပြီးသား ရှိရန် လိုအပ်ပါသည်။
- iOS 5.xx restore.ipsw နှင့် iOS 4.xx restore.ipsw နှစ်မျိုးလုံးကို အသုံးပြုရပါမည်။ (ယင်း iOS version များမှာ သင့်တွင် Save ရှိထားသော SHSH blobs iOS version တို့  ဖြစ်ရပါမည်)
- ယခုနည်းလမ်းကို A5+ Device များဖြစ်ကြတဲ့ iPhone 5, iPad 3 တို့ တွင် အလုပ် မလုပ်နိုင်ပါ။
၁. iDevice ကို computer နဲ့ ချိပ်ဆက်ပါ။ ၂. iDevice ကို Power OFF ပါ။ ၃. Power + Home button ကို တွဲလျှက် ၁၀စက္ကန့်  နှိပ်ထားပါ။ ၄. Power button ကို လွှတ်လိုက်ပါ Home button ကိုတော့ PC မှ အချက်ပေးသံ ထွက်လာသည်အထိ ဆက်လက်ဖိထားပါ ( ၁၀စက္ကန့် မျှ)။ Black screen သာပေါ်နေပါမည်။ ၅. အချိန်အနည်းငယ် အကြာမှာ iTunes က Device ကို Detect သိပါလိမ့်မည်။ (iTunes ကို ပိတ်ပစ်နိုင်ပါသည်)အဆင့် ၁၂) Redsn0w က iOS 4.xx ကို Restore လုပ်နေပါပြီ။ အဆင့် ၁၃) iOS 4.xx ကို Restore လုပ်ပြီးတာနှင့် တစ်ပြိုင်နက် Recovery mode ထဲပြန်ရောက်သွားပြီး iOS 5.xx အတွက် image ကို ပြင်ဆင်နေပါပြီ။ အဆင့် ၁၄) iOS 5.xx ကို Restore စတင်လုပ်နေပါပြီ။ အဆင့် ၁၅) နောက်ဆုံးမှာတော့ iOS 5.xx ကို အောင်မြင်စွာ Restore လုပ်နိုင်သွားပါပြီ.... အားလုံး အဆင်ပြေပြေနဲ့  လုပ်ဆောင်နိုင်ကြလိမ့်မယ်လို့  မျှော်လင့်မိပါတယ်.... Credit to : iClarified အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်.... ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like" လုပ်နိုင်ပါတယ် မိုးသိကြား
0 comments :
Post a Comment