Wednesday, November 7, 2012

iPad 4, iPadMini Jailbroken...

iOS 6 ကို User တွေ အားလုံး Jailbreak လုပ်နိုင်တဲ့ Tools အနေနှင့် ထွက် မလာနိုင်သေးသော်ငြားလည်း Apple ရဲ့  နောက်ဆုံးပေါ် iDevice တွေ ဖြစ်တဲ့ iPadmini နှင့် iPad 4 တို့ ကို ရောင်းချလိုက်ပြီး ၂၄ နာရီ အတွင်းမှာပင် iOS Hacker တွေက Jailbreak လုပ်နိုင်ခဲ့ပါပြီ..


Jailbreak tools တွေကို အမြဲတမ်း develope လုပ်ပေးနေတဲ့ Hacker တစ်ဦးဖြစ်သူ "MuscleNerd" က iPhone 5 ကို Jailbreak လုပ်ခဲ့စဉ်တုန်းက အသုံးပြုခဲ့တဲ့ "Failbreak" method ကိုပဲ iPadMini မှာလည်း အသုံးပြုခဲ့တာပါ လို့  ပြောပါတယ်။

"Failbreak" ကို အားလုံး သုံးလို့ ရအောင် ထုတ်ပေးဖို့  ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် သူတို့  ကြိုးစားနေဆဲ ဖြစ်လို့  မကြာမီမှာ iPhone 5, iPadMini တို့ အတွက် Jailbreak ရလာနိုင်ပါလိမ့်မယ်။


iPadMini လိုပဲ iPad 4 ကို iOS Hacker "Chpwn" Jailbreak လုပ်နိုင်ခဲ့ကြောင်း သူ့ ရဲ့  Twitter မှာ ပြောပြသွားခဲ့ပါတယ်။
အသစ်ထွက်လာတဲ့ iPad ဟာ A6X processor ကိုသုံးထာပြီး အရင် မော်ဒယ်အဟောင်းတွေထက် ထူးခြားမူတွေ၊ စွမ်းဆောင်ရည်တွေ အများကြီးပါလာပါတယ်။ Jailbreak tool အနေနဲ့  Public ကို ထုတ်ပေးနိုင်ဖို့ တော့ အချိန်အနည်းငယ် စောင့်နေကြရပါဦးမယ်။

သူတို့ ရဲ့  ကြိုးစားမှု ရလာဒ်ကြောင့် အခုဆိုရင် iPhone 3GS, iPhone 4, iPodTouch 4G တို့ မှာ iOS 6 ကို Jailbreak လုပ်နိုင်ကြပြီ မဟုတ်ပါလား...




Credit to : iDownloadBlog


အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like" လုပ်နိုင်ပါတယ်

မိုးသိကြား

5 comments :

  1. post အသစ်တွေအမြဲတင်ပေးနေတဲ့အတွက်ကျေးဇူးပါအကို...4S နဲ့ ပက်သက်ပီးသတင်းထူးလေးတွေထွက်လာရင်လဲ တင်ပေးပါလို့ တောင်းဆိုပါတယ်..နေတိုင်းမျှော်နေရတာလဲ မောနေပီ..ဘယ်လိုပဲဖြစ်ဖြစ် iOS6 ကြောင့် 4s သမားတွေတော်တော်မျက်နှာငယ်နေရပီအကိုရေ...လေးစားလျှက်

    ReplyDelete
  2. i pad mini ကို i os 6.0.1 သို့ upgrade လုပ်လိုက်သော်လည်း G mail နှင့် Facebook သုံးရာတွင်အဆင်မပြေပါ၊ ဘာညဖစ်လို့ပါလဲခင်ဗျား

    ReplyDelete
    Replies
    1. iOS 6 က မြန်မာစာဖောင့်များ ပါတဲ့ စာမျက်နှာတွေကို ဖွင့်ရင် ပြန်ပြန်ပြုတ်ကျနေပါတယ် ဒါ့ကြောင့် အဆင်မပြေ ဖြစ်ရတာပါ၊ ဘာကြောင့် ဆိုတာ အတိကျမသိပေမယ့် အခြား webpage တွေ ဆိုရင်တော့ မဖြစ်တာတွေ့ ရပါတယ်။ iOS 6 ရဲ့  ပြဿနာပါပဲ။

      Delete
  3. This comment has been removed by the author.

    ReplyDelete
  4. Let's submit petitions and know apple about iOS 6 Problem

    http://www.change.org/petitions/apple-inc-popular-myanmar-burmese-unicode-fonts-are-frozen-on-ios6-devices
    http://www.ipetitions.com/petition/apple-inc-popular-myanmar-burmese-unicode-fonts/

    ReplyDelete