Sunday, November 11, 2012

Untethered Jailbreak For iOS 6.xx အတုအယောင်!!

iOS 6, 6.0.1, 6.1Beta တို့ ကို Untethered Jailbreak ကို ABSINTHE 3.0 အသုံးပြုပြီး iPhone 5, 4S, iPad 3, iPad2, iPad, iPodTouch တို့ ကို လွယ်ကူစွာ Jailbreak လုပ်နိုင်ကြောင်း Video Tutorials နဲ့  Step by Step ရှင်းပြထားသော Site များကို ယနေ့  အများဆုံးရှာဖွေ တွေ့ ကြရပါလိမ့်မယ်။

ABSINTHE 3.0 Download ကိုတော့ အရင်လို လွယ်လွယ်ကူကူ မရနိုင်တော့ပဲ "Survery" ဖြေဆို၍သော်၎င်း၊ "PayPal" မှ တစ်ဆင့် ဝယ်ယူခြင်းခြင့်သော်၎င်း...

အချို့  Site များတွင် Torrent များမှ တစ်ဆင့် ရယူရန် ချိပ်ဆက် ပေးထားကြတာကို တွေ့ ရှိကြရပါလိမ့်မည်...

"လုံးဝ (လုံဝ) မယုံကြည်ကြပါနဲ့ " လို့  သတိပေးလိုက်ပါရစေ...

ယင်းတို့  အားလုံးမှာ FAKE Tool (အယောင်ဆောင်) များဖြစ်ပြီး၊ ယနေ့  iOS 6 နှင့် စိတ်ညစ်နေကြသော ပရိဿတ်ကို ဖြားယောင်း ထားခြင်းသာဖြစ်ပါတယ်။

ယင်း Tool များသည် အလွန် အန္တရာယ်များသည့် "maleware" သာဖြစ်ပြီး စက်ပေါ်တွင် Run မိပါက မိမိ PC နှင့် iOS device ရှိ Password များကို ခိုးယူခြင်း ခံရနိုင်ပါမည်။



ဒီ Tools များသည် "GreenPois0n" မှထုတ်ပေးလိုက်သော "Absinthe" မဟုတ်ကြောင်း ထပ်လောင်း သတိပေးပါရစေ...

"GreenPois0n" ၏ အစစ်အမှန် "ABSINTHE" ကို ထုံစံမပြတ် အခမဲ့ ထုတ်ပေးသွားမှာ ဖြစ်ပြီး၊ Tool ထွက်ရှိလာတာနှင့် တစ်ပြိုင်နက် Update အသိပေးသွားမှာ ဖြစ်လို့  စောင့်စားကြစေလိုပါတယ်..

Absinthe အတု ရဲ့  Video Tutorials အချို့ 







အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like" လုပ်နိုင်ပါတယ်

မိုးသိကြား

10 comments :

  1. တော်တေးလို့ ..ဘာမှမလုပ်မိသေးဘူး.....ကျေးဇူးပဲအကိုရေ....

    ReplyDelete
  2. ကိုမိုးရေ ... အကို့ဆိုဒ်မှာ Continue Reading.... အလုပ်မလုပ်ဘူး ဖြစ်နေတယ်ဗျ .. လေးစားစွာဖြင့်

    ReplyDelete
    Replies
    1. ညီညီရေ.. ကျေးဇူးပါ။ ပြန်စစ်လိုက်ပါဦးမယ်။

      Delete
  3. Continue Reading... ပြန်အလုပ် လုပ်သွားပါပြီနော်...

    ReplyDelete
    Replies
    1. hi ko moe!iphone 5 farmware 6.1 beta 2 ka download m tat lar buu phit nay tal,thanks you!

      Delete
  4. iphone 4s ios6.0.1 Jailbreak လုပ်လို့ မရသေးဘူးလားအကို ကျေးဇူးပြု၍








    ReplyDelete
  5. အစ်ကိုတို့ရေ
    အိုင်ဖုန်းအစုတ်လေးတစ်ခုအချိုအချောင်ရထားလို့ပါ
    IPhone-4/6.0.1(10A523)ပါ jailbreak လုပ်ဖို့ဘာတွေလိုအပ်လဲ
    ဘယ်လိုလုပ်ရမလဲ အဆင့်ဆင့်လေးပြောပြပေးကြပါ
    အကူအညီတောင်းဆိုပါတယ်
    တကယ်မသိလို့ပါ အနားမှာလဲသိတဲ့သူမရှိလို့ပါ အစ်ကိုတို့ပြောတဲ့အတိုင်းလုပ်ရမှာမို့ပါ.အားနာပါတယ် အပြည့်အစုံလေးတော့လုပ်ပေးကြပါဦး

    ReplyDelete