Tablets အသုံးပြုသူများ အတွက် အလွန်အသုံးတည့်မယ့် ဒေါက်တိုင်လေး တစ်ခုကို ညွှန်းလိုက်ချင်ပါတယ်။ ဒီဒေါက်လေးက အခြားဒေါက်များနှင့် မတူပဲ လေစုတ်ခွက် နည်းပညာ အသုံးပြုထားပြီး နေရာတစ်ကာမှာ အဆင်ပြေပြေ သုံးနိုင်အောင် စီစဉ်ဖန်တီးထားပါတယ်။
အောက်ခြေမှာ ဖြုတ်နိုင် တပ်နိုင်တဲ့ ဒေါက်အရှင် သုံးမျိုးပါရှိပြီး ၃၆၀ ဒီဂရီ မိမိ လိုအပ်တဲ့ ပုံစံအတိုင်း မည်သည့် နေရာတွင်မဆို ချိပ်နိုင် ထောက်နိုင်ပါတယ်။
ဆောက်လုပ်ရေး လုပ်ငန်းများတွင် အလွန်လေးလံသော မှန်ချပ်ကြီးများကို သယ်မရာတွင် အသုံးပြုသည့် လေစုတ်ခွက် နည်းပညာကို အခြေခံထားကာ Tablet များတွင် လွယ်ကူစွာ လိုသလို တပ်ဆင် အသုံးပြုနိုင်အောင် ထပ်မံပံ့ပိုး တီထွင်ထားတာဖြစ်ပါတယ်။
"Octa" က ထုတ်လုပ်ထားသော Product ဖြစ်ပြီး "Whale Kit" (ဝေလငါးမြီး) နှင့် "Monkey Kit" (မျောက်မြီး) ဆိုပြီး KIT နှစ်ခု ခွဲခြားထားပါတယ်။ ယင်း Kit များကို iPad တွင်သာမက အခြား Tablets များနှင့် e-reader များနှင့်ပါ အသုံးပြုနိုင်ပါတယ်။
လက်ရှိမှာ "Whale Kit" ကို $49.99 ၊ "Monkey Kit" ကို အရင်ဦးဆုံးမှာယူသူ အယောက် ၃၀၀ အတွက် $80 နှင့် ပုံမှန်ဈေး $90 သတ်မှတ် ရောင်းချပေးနေပါပြီ။ ပစ္စည်းများကိုတော့ ၂၀၁၃ ဧပြီလတွင် စတင်ပို့ ပေးနိုင်ပါလိမ့်မယ်။
စိတ်ပါဝင်စားသူများ ဤနေရာတွင် မှာယူနိုင်ကြပါပြီ....
အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....
ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like" လုပ်နိုင်ပါတယ်
မိုးသိကြား
0 comments :
Post a Comment