Tuesday, January 15, 2013

Apple က Cellular iPad mini နှင့် iPad 4 တရုပ်တွင် စတင်ဖြန့် ဖြူး

Apple က WiFi + Cellular version iPad mini နှင့် Retina display ပါရှိတဲ့ iPad 4 တို့ ကို အခုလာမယ့် သောကြာနေ့  (၁၈ ဇန်နဝါရီ) မှာ တရုပ်နိုင်ငံတွင် စတင်ဖြန့် ဖြူးမယ်လို့  ယနေ့ ကြေငြာလိုက်ပါတယ်။

ယခုလက်ရှိ iPad mini နှင့် iPad 4 တို့ ကို US, Australia, Canada, China, France, Germany, Japan နှင့် UK တို့ အပါအဝင် ကမ္ဘာတစ်ဝှမ်းလုံးရဲ့  နိုင်ငံပေါင်း ၁၀၀ ကျော်မှာ ရရှိနေပါပြီ...

လတ်တစ်လော သွားရောက်ခဲ့တဲ့ Apple ရဲ့  CEO Tim Cook ၏ တရုပ်နိုင်ငံ ခရီးစဉ်အတွင်း တရုပ်ရဲ့  နည်းပညာ ဝန်ကြီးနှင့်အပြင် အခြား ထိပ်တန်း ခေါင်းဆောင်များနဲ့ လည်း တွေ့ ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါတယ်။

Tim Cook ရဲ့  တရုပ်ခရီးစဉ် ရည်ရွယ်ချက်ကို အတိအကျ မသိခဲ့ရသော်လည်း အဲဒီခရီးစဉ် အပြီးမှာ Apple က သူရဲ့  iDevices တွေကို ကမ္ဘာမှာ Cellular Carrier အကြီးဆုံးဖြစ်တဲ့ တရုပ်မိုဘိုင်း နယ်ပယ်ထဲကို သွပ်သွင်းပြီး လက်တွဲ ဆောင်ရွက်မယ်လို့  ပြောကြားလိုက်ပါတယ်။


Credit to : iClarified


အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like" လုပ်နိုင်ပါတယ်

မိုးသိကြား

1 comment :

  1. jailbreak မလုပ်ထားရင် ဘယ်လို သွင်းရမလဲ မသိဘူး ဆော.၀ဲကို ပြောပြပါဦး အကို ကျေးဇူးပါ

    ReplyDelete