Wednesday, September 14, 2011

Downgrade 4.3.5 to 4.3.3 without SHSH Blobs

အရင်တစ်ခါက iOS4.3.5 ကနေ 4.3.3 ကို SHSH Blobs မလိုပဲ Downgrade ချနည်းကို ကိုယ်တိုင် မစမ်းရသေးပဲ ရေးပေးခဲ့ဘူးပါတယ်။ တစ်ကယ် ပြန်စမ်းကြည့် တဲ့အခါမှာ လုံဝ အဆင်မပြေတဲ့ အတွက် အဲဒီပိုစ့်ကို ပြန်ဖြုတ်ထားခဲ့ပါတယ်။ အဲဒီပိုစ့်လေးကြောင့် တစ်စုံတစ်ရာ အခက်ခဲဖြစ်ခဲ့ကြတဲ့ သူတွေကိုလည်း တောင်းပန်ပါတယ်။

ဒီတစ်ခါတော့ အမှန်အကန် 4.3.5 ကနေ 4.3.3 ကို Downgrade ဆင်းနိုင်မယ့် နည်းလမ်းကို ကိုယ်တိုင် စမ်းသပ်ပြီး၍ တင်ပြလိုက်ပါတယ်... Video Tutorial လေးပါ တင်ချင်လို့  ပြင်ဆင်နေခဲ့တာကြောင့် အနည်းငယ် ကြန့် ကြာနေခဲ့ပါတယ်... ကျွန်တော်ရဲ့ စမ်းသပ်မှုကို iPhone 3Gs (Old Bootrom), iPhone 3Gs (New Bootrom), iPhone 4 တို့ နဲ့ ပြုလုပ်ခဲ့ပါတယ်...

ဒီနေရာမှာ ကျွန်တော့် အတွက်တော့ iPhone 3Gs (Old Bootrom) တစ်ခုသာ မည်သည့် Error မျှ မတက်ပဲ 4.3.3 သို့  အောင်မြင်စွာ Downgrade ဆင်းနိုင်ခဲ့ပါတယ်။

iPhone 3Gs (New Bootrom) နှင့် iPhone 4 တို့ မှာတော့ Downgrade လုပ်စဉ် ပြီးလုပြီးခင်မှာ Error(37) တက်လာပါတယ်၊ Fix Recovery 34 နဲ့ ပြန်ထွက်ပေမယ့် Failure ဖြစ်ပြီး DFU mode က မထွက်တော့ပါဘူး။ နောက်ဆုံးမှာ iTunes ကနေ 4.3.5 ကို ပြန်လည် Restore လုပ်ရပါတော့တယ်... နှစ်ခါ သုံးခါ ပြန်လည် စမ်းသပ်ပေမယ့် ထိုနည်း0x158င်း ပါပဲ။

DOWNLOAD:

4.3.5 to 4.3.3 Downgrade Tools
password: moethagyar

iOS 4.3.3(Restore) Download

* iPhone 3Gs
* iPhone 4
* iPod Touch 3G
* iPod Touch 4G
* iPad 1


လိုအပ်သော Downgrade Tools နှင့် iOS 4.3.3 တို့ ကို ဦးစွာ download ရယူပါ။

၁) 4.3.5 to 4.3.3 Downgrade Tools folder ထဲမှ SnOwbreeze v2.7.3 ကို Run ပါ။



၂) Browse မှ တစ်ဆင့် အထက်တွင် ရယူခဲ့သော iOS 4.3.3(Restore) ကို ထည့်သွင်းပါ။



မှတ်ချက်။ ။ iPhone 3Gs ဖြစ်ပါက (Old Bootrom/ New Bootrom) ရွေးပေးရပါမည်။ အကယ်၍ Old/New မခွဲခြားနိုင်ပါက iPhone ကို PC နှင့် ချိပ်ဆက်ပြီး SnOwbreeze တွင် "Detect it for me" ကို နှိပ်ပြီး ညွှန်ကြားချက် အတိုင်းဆောင်ရွက်ပါ။

၃) Simple mode ကိုရွေးပါပြီး Next နှိပ်ပါ။ မိမိဖုန်းက Carrier activate လုပ်ဖို့ လိုရင် "Yes" မလိုရင် "No" ပါ။

၎) သင့်ဖုန်းအတွက် iOS4.3.3 Firmware အသစ်တစ်ခုကို SnOwbreeze ကဆောက်နေပါပြီ။ IPSW create လုပ်ပြီးသွားရင် OK နှိပ်ပါ။
Desktop ပေါ်မှာ " snOwbreeze iPhone() 4.3.3.IPSW " ဆိုတဲ့ firmware တစ်ခုရရှိမှာဖြစ်ပါတယ်။
(DFU mode မဝင်ခင် အောက်ပါ အဆင့်များကို လုပ်ဆောင်ပါဦး)

၅) 4.3.5 to 4.3.3 Downgrade Tools folder ထဲမှ TinyUmberella v5.00.09 ကို Run ပါ။

၆) Start TSS server ကိုနှိပ်ပါ။

၇) snOwbreeze ညွှန်ကြားချက် အတိုင်း DFU mode ပြောင်းပါ။

၈) DFU mode ပြောင်းသွားပြီး iTunes တက်လာပါမည် (မတက်လာပါက iTunes ကိုဖွင့်ပါ)

၉) iTunes မှ Restore လုပ်ရန် ညွှန်ကြားပါလိမ့်မည်၊ ဒီအခါ Shift + Restore နှိပ်ပြီး desktop ပေါ်မှ "snOwbreeze iPhone() 4.3.3.IPSW" ကိုရွေးပေးလိုက်ပါ။

၁၀) iTunes မှ iOS4.3.3 ကို ပြန်လည် Restore လုပ်နေပါပြီ။ iPhone Screen မှာ snOwbreeze logo လေးနှင့် loading တတ်နေပါမည်။
အကယ်၍ Restore လုပ်ခြင်း အဆင့်များ အောင်မြင်သွားသော်လည်း iPhone က DFU mode မှ မထွက်နိုင်ခဲ့ပါက 4.3.5 to 4.3.3 Downgrade Tools folder ထဲမှ "Fix Recovery 43" ကို Run ပေးလိုက်ပါ။

မှတ်ချက်။ ။ ကျွန်တော် iPhone 3Gs (Old Bootrom) ကို downgrade ဆင်းခဲ့စဉ်က မည်သည့် error မှ မတက်၍ Fix recovery 43 ကိုတောင် မသုံးခဲ့ရကြောင်းပါ။
အားလုံး အဆင်ပြေပြေ downgrade ဆင်းနိုင်ကြပါစေ...

Video Tutorial



အားလုံးမျှဝေခံစားနိုင်ရန် မိမိ အတွေ့ ကြုံလေးများကို comment တွင် share ပေးကြစေလိုပါသည်။

** Error 37 တက်သူများ အတွက် Upadate ဖြေရှင်းနည်း **

iPhone 3Gs,4 များအတွက် 4.3.5 မှ 4.3.3 သို့  Downgrade ပြီးလုပြီးခင်တွင် iTunes မှာ error 37 ဖြစ်ပေါ်လာပါက အောက်ပါအတိုင်း ဆောင်ရွက်ပါရန်...

၁) Tiny Umbrella တွင် Stop TSS server ကိုနှိပ်ပြီး ဘယ်ဘက် ကော်လံရှိ မိမိ Device ကိုရွေးပြီး "Save SHSH" ကိုနှိပ်ပြီး save လုပ်ပါ။

၂) " Start TSS Server " ကိုပြန် နှိပ်ပေးပါ။

၃) iTunes တွင် Shift + Restore နှင့် " snOwbreeze iPhone() 4.3.3.IPSW " file ကိုပဲ ပြန် Restore လုပ်ပါ။ ယခု အခါတွင် error 1600 ထပ်မံတက်လာရပါမည်။

၎) error 1600 ကိုဖြေရှင်းရန် iREB ကို အောက်တွင် Download ရယူပါ။

၅) iREB ကို Run ပြီး ညွှန်ကြားချက် အတိုင်း DFU mode ပြောင်းပါ။

၆) iTunes နှင့် " snOwbreeze iPhone() 4.3.3.IPSW " file ကိုပဲ ထပ်မံ Restore လုပ်ပါ။

အထက်ပါ အဆင့်များ အလိုက် လုပ်ဆောင်ပြီး တော်တော်များများ အဆင်ပြေသွားကြပါသည်....

*Download iREB*

ချွင်းချက်။ ။ ကျွန်တော် ကိုယ်တိုင် အထက်ပါ အဆင့်များ အတိုင်း ထပ်ခါ ထပ်ခါ လုပ်ဆောင်ပါသော်လည်း iTunes မှ မည်သည့် error မှ မတက်ပဲ Restore ပြီးသွားခဲ့သော်လည်း နောက်ဆုံးတွင် iTunes မှ Restore သာထပ်မံ လုပ်ခိုင်းလျှက်ရှိပါသည်။

အချုပ်အားဖြင့် ဒီ Downgrade ပြဿနာသည် လူတိုင်းနှင့် အဆင်ပြေချင်မှ ပြေနိုင်လိမ့်မည်ဖြစ်၍ ရတယ်/မရဘူးဟု အငြင်းပွားဖွယ်ရာ ကိစ0x081စတစ်ရပ် မဟုတ်ကြောင်း သိရှိစေလိုပါသည်...

ကျွန်တော် ကိုယ်တိုင်လည်း အားလုံးနှင့် အဆင်ပြေမည့် နည်းလမ်းကို ဆက်လက်၍ အဖြေရှာလျှက် ရှိပါကြောင်း ထပ်လောင်း အသိပေးလိုက်ပါသည်။

38 comments :

  1. The background voice is so familiar to me.
    I think I know who you really are :)

    ReplyDelete
  2. May i know after downgrade the version 4.3.3..
    Is it can be easy to upgrade the some of the apps.
    i mean from I tune store apps...and then if i want to get back the 4.3.5 or upgrade the IOS5 new version with the I tune, is it can be possible to get back.without sick mind..perhaps jailbreak me.com have to upgrade there web site..
    >>jack sparrow<<

    ReplyDelete
  3. This post has been removed by the author.

    ReplyDelete
  4. theinlay အခုလို knowladge share ပေးတာ ကျေးဇူးပါ ကျွန်တော် ထပ်စမ်းလိုက်ပါဦးမယ်...

    ReplyDelete
  5. jacksparrow, 4.3.3 ကို Downgrade ဆင်းပြီး iOS အသစ်ထွက်လာတဲ့ အခါ update လုပ်လို ့မရမှာ မစိုးရိမ်ပါနဲ ့ (iPad baseband 16.15.00) ကို အသေမပြောင်းခဲ့ဘူး ဆိုရင်ပေါ့လေ.. iTunes က App တွေကို App Store မှာ တရားဝင် ဝယ်ယူခဲ့တာဆိုရင် Jailbreak လုပ်ထားလဲ update လုပ်လို ့ရပါတယ်။ Cracked App တွေ သွင်းထားပြီး App Store က တိုက်ရိုက် update လုပ်ချင်လို ့တော့ ဘယ်ရပါ့မလဲဗျာ... Jailbreakme.com က iOS4.3.3 ကိုပဲ JB လုပ်ပေးနိုင်ပါတယ်။ ယခုအထက်ပါ ပိုစ့်အတိုင်း 4.3.3 ကို Downgrade ဆင်းနိုင်ရင် Jailbreakme.com မလိုတော့ပါဘူး။

    ReplyDelete
  6. For me i follow u r steps and restoring iphone and error 37 come out. how to fix this ?

    ReplyDelete
  7. my phone ct restore anymore..lucky .apple shop replace me new one..they also Don't know how to fix up ..they explain me ur phone ct restore at itunes for get back original version..that why ..so dear all the guys..still i digging out the solution of ph what happened yesterday progress..glad to hear about of theinlay post..did well..appreciate your successful..

    ReplyDelete
  8. This post has been removed by the author.

    ReplyDelete
  9. iphone 4 မှာ 4.3.5 ကနေ 4.3.3 ကိုဘယ်နည်းနဲ့မှ ဆင်းမရနိုင်ပါဘူး

    ReplyDelete
  10. This post has been removed by the author.

    ReplyDelete
  11. ကိုမိုးသိကြားကျွှန်တော်ရဲ ့iphone4နဲ ့ပဲကိုယ်တိုင်အောင်မြင်စွာ
    4.3.5ကနေ4.3.3 ကိုဆင်းနိုင်ခဲ့ပါတယ်...ကျေးဇူးတင်ပါတယ်.

    ReplyDelete
  12. restore လုပ်လို့တော့ ပြီးသွားခဲ့ပါတယ်... DFU mode ကနေပြန်ထွက်ဖို့ အတွက် fixrecovery ကို run ပါတယ်... ဒါမယ့် 43% loading လောက်မှာ ပျက်ပျက်သွားပါတယ်... :(

    ReplyDelete
  13. 4.3.5 to 4.3.3 downgrade tools ကို ifile နဲ့တင်ပေးလို့ရမလားဗျ.....mediafire ဆိုက်ကမပွင့်လို့ပါ

    ReplyDelete
  14. This post has been removed by the author.

    ReplyDelete
  15. အကို လုပ်ပါဦး restore လုပ်နေတုန်းမှာ error တက်လာတယ် ဘာပြန်လုပ်ရမှန်းတောင်မသိတော့ပါဘူး error က iphone could not be restored.An unknown error occours 1600 တဲ့ အဲ့တာ နဂို ဖုန်းထဲက data လေးတြွေပန်ရအောင် ဘယ်လိုပြန်ရလုပ်ရမလဲ တချက်လောက်ရှင်းပြပေးပါဦး အကို ခုလဲဖုန်းကဖွင့်လို့မရတော့ဘူး လေးစားစွာဖြင့်

    ReplyDelete
  16. ထို့အပြင် ကျတော်နောက်တခါထပ်လုပ်ကြည့်တော့ error 37 ပေါ်လာတယ် အကို ကျတော့်ဖုန်းက 3Gs ပါ

    ReplyDelete
  17. အကိုရေ ကျနော် 3gsမှာတော့ error 3194 တက်နေပါတယ် ပြီးတော့ ဖုန်းက ပါ၀ါလဲ မလာ၊restore လဲလုပ်မရဖြစ်နေလို့
    ဘယ်လိုဖြေရှင်းရမလဲ ပြောပြပေးပါဦး

    ReplyDelete
  18. ညီ: error 3194 တက်နေပြီဆိုရင် host file ကို Computer --> Local Disk(C:) --> Windows --> System32 --> Drivers --> etc လမ်းကြောင်းအတိုင်း ရှာပြီး Note pad နှင့်ဖွင့်ပါ၊ အောက်ဆုံးနားက " gs.apple.com " ပါသော စာကြောင်းတိုင်းကို Delete လုပ်ပြီး host file ကိုပြန် save ပါ၊ ဒါဆိုရင် ရပါပြီ (သေချာချင်ရင် PC ကို restart အရင်ချပေးလိုက်ပါ)။

    ReplyDelete
  19. အကိုရေ host file ကိုsave တဲ့အခါ text file ဖြစ်မသွားအောင် ဘယ်လို save ရလဲပြောပေးပါအုံး...

    ReplyDelete
  20. hosts file ကို edit လုပ်ပြီး Save ရာတွင် အနည်းငယ် အခက်ခဲရှိနိုင်ပါတယ်
    အခက်ခဲရှိလာပါက... Save as နဲ ့ အခြား location မှာ အရင် save ပါ File name ကိုလည်း
    "hosts01" လို ့ပေးပါ။ ထိုနောက် မှုရင်း etc folder ထဲသို ့ကူးထည့်လိုက်ပါ --> Note Pad icon
    လေးနဲ ့ တွေ ့ရပါမယ် File Type မှာ .txt လို ့ပြနေပါမယ် --> File Type ပြောင်းရန်
    "hosts01" ကို Rename နဲ ့ "hosts01.File" လို ့ပြောင်းပေးလိုက်ပါ ဒါဆိုရင် File Type မှာ
    (FILE File) လို ့ပြနေပါပြီ... Original "hosts" File ကို တစ်နေရာမှာ cut & Paste နဲ ့ရွှေ ့လိုက်ပြီး "hosts01.File" file ကို တစ်ခါထပ်ပြီး "hosts" လို ့Rename လုပ်ပေးလိုက်ပါ ဒါဆိုရင်
    Original hosts file အနေနဲ ့ဖြစ်သွားပါပြီ....

    ReplyDelete
  21. new bootrom နဲ ့ စမ်းကြည့်တော့ ရတယ် ဒါပေမယ့် error 1600 တက်လာတယ် ပြောတဲ့အတိုင်းဖြေရှင်းလိုက်တော့ရသွားတယ် ကျေးဇူးအများ
    ကြီးတင်ပါတယ်

    ReplyDelete
  22. ကိုမိုးသကြားပေးထားတဲ့ ဖိုင်ထဲက TinyUmbrella ကဖွင့်လို့မရဘူးဗျ။

    Couldn't load main class လို့ပြနေတယ်ဗျ။

    ReplyDelete
  23. ကိုမျိုးမျိုးရေ အဲ့ဒါ Java မသွင်းထားလို့ပါ။ Java သွင်းထားလျှက်နဲ့ အဲ့ error တတ်ရင် reinstall ပြန်လုပ်ပေးလိုက်ရင်ရပါတယ်။

    ReplyDelete
  24. error 3194 ပဲတတ်နေတယ် hosts မှာ gs.apple.com ပါတာကို ဖျက်လဲမရဘူးဖြစ်နေတယ် hosts မပြင်တတ်လို့နေမယ်
    ကျနော့်ကို ပြင်ပြီးသား hosts ဖိုင်လေးအား မစပေးကြပါခင်ဗျ

    ReplyDelete
  25. ein ein ရေ host file ကို မပြင်တတ်ရင် ပြင်မနေပါနဲ ့ TinyUmbrella ကသာ TSS server ကိုသာ Run ထားပေးလိုက်ပါ။ သူက အလိုလျှောက် host ကို လမ်းကြောင်းလွှဲပြီးသား ဖြစ်စေပါတယ်။

    ReplyDelete
  26. itune က restore လုပ်တဲ့အခါ error 21 ဆိုပြီးတက်လာတယ် အကို။ အဲ့ဒါဘယ်လိုဆက်လုပ်ရမလဲဆိုတာကူညီပြောပြပေးပါအုန်းအကို။

    ReplyDelete
  27. S3CVR1TY: iTunes error (21) က error (1600) နဲ ့ ဖြေရှင်းပုံခြင်းတူပါတယ်၊ ဒါကြောင့် iREB ကို အပေါ်မှာ Download ယူပြီး ရှင်းလိုက်နိုင်ပါတယ်၊ အဓိက ကတော့ DFU mode ပြောင်းပေးလိုက်တာပါ။ Manual ပြောင်းနိုင်ရင်လဲ ပြောင်းလို ့ရပါတယ် ပြီးရင် Shift + Restore ပြန်လုပ်လိုက်ပေါ့....

    ReplyDelete
  28. restore လုပ်ပြီးတော့ phone မှာစာတွေအများကြီးပေါ်လာပါတယ်။ ပြီးတော့ ပြန်ပျောက်သွားပါတယ်။ itune ပြန်ဖွင့်ကြည့်တော့ DFU mode ဖြစ်နေတယ်လိုပြောပါတယ်။ restore လုပ်ဖို့ဘဲပြန်လာပြောပါတယ်။

    ReplyDelete
  29. 4.3.3 downgrade ဆင်းတာဟာ iPhone အကုန်လုံးနဲ ့ အဆင်မပြေနိုင်တာကို တွေ ့ရပါတယ် အချို ့လဲ ရတယ်လို ့ ပြောကြပါတယ် အချို ့လဲ မရပဲ (iTunes က 4.3.3 ကို complete Restore လုပ်ပြီးသွားသော်လည်း) အခုလို Restore သာပြန်လုပ်ခို်င်းနေတာတွေ ့ရပါတယ်။
    ကျွန်တော် 3Gs(Old bootrom / New Bootrom), iPhone 4 တို ့ကို Downgrade ဆင်းခဲ့ရာမှာ 3Gs Old Bootrom တစ်ခုသာ အောင်မြင်ခဲ့ပါတယ်။

    ReplyDelete
  30. Thanks for your knowledge sharing. This site is very nice for me. Thanks you

    ReplyDelete
  31. ကိုမိုးရေ error 20 တက်နေတာကကောဘယ်လိုဖြေရှင်းရမှာပါလည်းခင်ဗျ
    host file ပြင်မရလို့ tiny umbrella က tss server ကို run ပေးထားလည်း အဆင်မပြေဘူးဖြစ်နေပါတယ်ခင်ဗျ

    ReplyDelete
  32. Hi all
    anyone try downgrade for ipad2 wifi only?

    ReplyDelete
  33. i am downgrading ipad2 wifi 435 to 433 now...
    i got a error 1013

    ReplyDelete
  34. SnOwbreeze v2.7.3 ကို RUN တာ မရဘူး ဖြစ်နေတယ် အကိုရေ
    ကျနော်တို့လို သာမန် အဆင့်တွေ လုပ်လို့ မရနိုင်ဘူး လားဗျာ

    ReplyDelete
  35. အကိုရေ
    iPhone4 ကို ဆင်းကြည့်နေတာ
    အပေါ်မှာ အဆင်မပြေတာတွေ များနေတော့ ကျနော်တို့လို ဘာမှ မသိသူတွေ အတွက် ဒုက္ခရောက်နေမှာ စိုးလို့ ကုတ်ကုတ်ပဲ နေလိုက်ရတယ်ဗျာ
    4 အတွက် အဆင်ပြေတာလေး ရှိရင် အမြန်ဆုံး တင်ပြပေးပါဦးလို့ တောင်းဆိုပါတယ်..။
    အမြဲ အားပေးနေလျှက်ပါ...။

    ReplyDelete
  36. အကိုြေ့ပာတဲ့ ချွင်းချက်ကိုထိနေတယ်ခင်ဗျ...fix recovery နဲ့ ထွက်လိုက်တော့ မီးလေးတော့လင်းလာတယ် ပီးတော့ စာတွေကျလာတယ် ပီးတော့ ပြန်မှိတ်သွားပြန်ရော... DFU Mode ကနေမထွက်နိုင်ဘူးအကို ipod Touch 4g ပါ ကျွန်တော်က 4.3.5 ကနေ ဆင်းတာပါ အဲနည်းလမ်းလေး အကိုရှာတွေ့ရင် တင်ပါဦးဗျာနော်..

    ReplyDelete
  37. အကိုရေ Downgrade မရလို့ ios 5 ကို upgrade ပြန်လုပ်ပီး stable ဖြစ်မယ့် jailbreak ကိုဘဲ စောင့်ဖို့ 4.3.3 မရရင်တော့ ios 5 နဲ့ဘဲ သုံးချင်တယ်အကို ဘယ်လိုြ့န်လုပ်ရမလဲ ကူညီပေးပါဦးဗျာ

    ReplyDelete