Monday, February 4, 2013

iOS 6.1 Untethered Jailbreak ထွက်မည် ...

iOS 6.X အတွက် Untethered Jailbreak ပြုလုပ်ပေးနိုင်မည့် "evasi0n" (Jailbreak Tool) ကို "evad3rs" အဖွဲ့ မှ သူတို့  ကြေငြာထားခဲ့သည့် (Feb 03 2013) ရက်နေ့ တွင် Public အတွက် အချိန်မီ မထုတ်ပေးခဲ့နိုင်သော်လည်း (Feb 04 2013) နေ့ မှာတော့ သေချာပေါက် ရရှိနိုင်မည့် အနေအထားတွင် ရှိနေပါပြီ။

ဖေဖော်ဝါရီ (၄) ရက်နေ့ ဟု ဆိုသော်လည်း မြန်မာနှင့် စင်ကာပူ စံတော်ချိန်များအရ ညသန်းခေါင်ယံ (သို့ ) ၅ ရက်နေ့  ကူးမည့် အချိန်များတွင်သာ ရရှိနိုင်လိမ့်မည်ဟု ခန့် မှန်းထားပါသည်၊ အိပ်ရေး ဝ,ဝ အိပ်ထားပြီး ညဖက် တွင် စောင့်ကြည့် ရယူရမယ့် အခြေနေသို့  ဒုတိယံမိ ဆိုက်ရောက်နေပါတယ် ...

ကျွန်တော် လက်ရှိ စာရေးနေစဉ် အချိန်ထိ "evasi0n" ၏ Status မှာ (96%) Final Testing အခြေနေသာ ရှိနေပါသေးတယ်။
ဤနေရာတွင် မိမိတို့  ကိုယ်တိုင် အချိန်နှင့် တစ်ပြေးညီ ဝင်ရောက် စစ်ဆေးပြီး (100%) ပြီးသွားပါက "evasi0n" ကို Windows, Mac OS X, Linux များအတွက်ပါ Download ရယူနိုင်ကြပါလိမ့်မယ်...


မနက်ဖြန်မှာ ကျွန်တော် မြန်မာပြည်သို့  တစ်လခန့်  ခတ္တပြန်မှာ ဖြစ်လို့  "evasi0n" (100%) ဖြစ်ချိန်မှာ ကျွန်တော် စာရေးနိုင်တော့မယ့် အခြေနေ သိပ်နည်းသွားပါပြီ...
သို့ သော် ကျွန်တော် ရေးပေးနိုင်သော အနေထားထိ ကြိုတင်၍ ကြိုးစားပြီး ရေးပေးထားပါတယ်...

** Jailbreak မပြုလုပ်မီ ပြင်ဆင် သတိပြုရမည့် အချက်များ **

- မိမိ၏ iOS device ကို iTunes (သို့ ) iCloud အသုံးပြု၍ Backup အရင်လုပ်ထားပါ။
- "evasi0n" ကို အသုံးမပြုမီ Device ၏ Passcode lock ကို ဖြုတ်ထားပေးပါ။
- Jailbreak လုပ်နေစဉ် ကာလအတွင်း iTunes, Xcode တို့ ကို မဖွင့်ပါနှင့်၊ Jailbreak လုပ်နေစဉ်တွင် computer ကို အခြား မည်သည့်အရာကိုမျှ အသုံးမပြုပဲ နေခြင်းသည် အကောင်းဆုံး ဖြစ်သည်။

>> Download iOS 6.1 IPSW

>> Download evasi0n (Windows, Mac, Linux)

"evasi0n" ကို Download ချပြီး အသုံးပြု၍ ရသည်နှင့် တစ်ပြိုင်နက် iOS 6.X သွင်းထားသော iPhone, iPad, iPodTouch, iPadMini များအားလုံးကို Untether နည်းဖြင့် Jailbreak ပြုလုပ်နိုင်ကြပါပြီ။

ကျွနုပ်အား ခတ္တအနားယူခွင့်ပြုကြပါလို့ ....
အားလုံးပျော်ရွှင်နိုင်ကြပါစေ......


Credit to : Evasi0n


အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like" လုပ်နိုင်ပါတယ်

မိုးသိကြား

4 comments :

  1. Mandalay ကဆိုရင်တော့  လိပ်စာလေး တင်ထားပေးပါဦး ..။

    ReplyDelete
  2. ကျေးဇူးအထူးတင်ပါတယ် ကိုမိုးသကြားရေ ။ အိမ်အပြန်ခရီးမှာ ပျော်ရွှင်ပါစေ။

    ReplyDelete
  3. ကျနာ် အိုင်ဖုန်းက အ၇င် passcode ထည့်တာဝင်လို့ မ၇တော့ဘူး အကိုေ၇အဲဒါဘယ်လိုလုပ်၇တော့မလဲ

    ReplyDelete