Smart phone တွေက လူတွေကို ဆွဲဆောင်နှစ်ခြိုက်စေတဲ့ အချက်များထဲမှာ Game လေးတွေရဲ့  အခန်းကဏ္ဍကလဲ တစ်ခု အနေနဲ့  ကြီးကြီးမားမား ပါဝင်ပါတယ် Game ကစားတယ် ဆိုတာကို ဟိုတုန်းကတော့ ကလေးအလုပ်လို့  လူကြီး တော်တော်များများက သတ်မှတ် မြင်တတ်ကြပါတယ်။
အသက်နှစ်ဆယ်ကျော်လောက်တွေ Game ဆိုင်မှာ ဂိမ်းနှိပ်နေရင် ကြီးကောင်ကြီးမားနဲ့  လို့  အပြောခံရတတ်ပါတယ်။
Smart Phone တွေထွန်းကားလာတဲ့ အခုဒီခေတ်မှာတော့ ဒီအယူအဆတွေ နည်းပါးသွားပါပြီ၊ Game App တွေကလည်း ကလေး လူကြီးမရွေး ကစားနိုင်အောင် ဖန်တီးထားကြတော့ Smart Phone ကိုင်ထားသူတွေမှာ Game မကစားဖူးသူ မရှိလို့  ပြောရင်တောင် ရနိုင်ပါလိမ့်မယ်။
စွဲစွဲလန်းလန်း ကစားသူတွေက Game App တွေကို အစပိုင်းမှာ ဝယ်ယူကစားကြပေမယ့် Jailbreak လုပ်ပြီး Free အနေနဲ့  cracked တွေကို သွင်းယူလို့  ရကြတဲ့ အခါ Game ရေးတဲ့ ကုမ္ပဏီတွေ နစ်နာကြပါတယ်။
ဒီတော့ ပုံစံပြောင်းလာကြပါတယ် Game တစ်ခုလုံးကို Free ပေးပြီး Game ကစားစဉ်မှာ မဖြစ်မနေ အသုံးပြုရမယ့် (Coins, Points, Life, Gold) စသည်ဖြင့်တို့  ကို "In App Purchase" အနေနဲ့  ထည့်သွင်းလာကြပါတယ်။
ဒီနည်းလမ်းက ကစားသူတွေ စွဲလန်းရင် စွဲလန်းသလောက် ပိုက်ဆံရမယ့် နည်းလမ်းပါ။ ဒါပေမယ့် အချို့  Game ကုမ္ပဏီတွေက မတော်လောဘကြီးကြပါတယ် သူတို့  ရောင်းတဲ့ ဈေးနဲ့  သူတို့ ပေးတဲ့ အခွင်းရေးက မမျှတပဲ ချုစားတဲ့ ပုံစံပေါက်နေပါတယ်။
ဥပမာအနေနဲ့  လတ်တစ်လော နာမည်ရလာတဲ့ "Candy Crush" လို ဂိမ်းမျိုး၊ level နည်းနည်းမြင့်လာချိန်မှာ "5 moves" အတွက် S$1.28 ကျသင့်ပါတယ်၊ Level နည်းနည်းခက်ရင် အဲဒီလို "Moves" ကို ငါးကြိမ်လောက် ဝယ်ရတက်ပါတယ် အရမ်းခက်တဲ့ Level တွေဆိုရင် စဉ်းစားကြည့်ပါ၊ ဒါဟာ Level တစ်ခုအတွင်းမှာပဲနော် အဲဒီ Game မှာ Level ရာကျော်ပါတယ်၊ တွက်ကြည့်ပါ။
"Subway Surfer" ဆိုတဲ့ ဂိမ်းကတော့ အသက်ကယ်တဲ့ သော့အတွက် သော့ချောင်း ၃၀၀ ကို $64.98 ကျသင့်ပါတယ်။ သော့ချောင်း ၃၀၀ ကုန်ဖို့  ၁၅ မိနစ်တောင် အချိန်ပေးစရာမလိုပါဘူး။ ပုံပြင်ထဲက ကုဋေရှစ်ဆယ် သူဌေးသားသာ "Subway Surfer" ကို ဆော့လိုက်ရရင် ကာလများစွာ မူးယစ်ပျော်ပါး စည်းစိမ်မခံလိုက်ရပဲ နာရီပိုင်းအတွင်း ကုန်းကောက်စရာမရှိ ဖြစ်သွားနိုင်ပါတယ်။
"In App Purchase" ကြောင့် ဒုက္ခများသွားတဲ့ မြန်မာအိမ်ရှင်မ တစ်ဦးရဲ့  ကိုယ်တွေ့  အဖြစ်ပျက်ကို မူရင်းအတိုင်း ဤနေရာတွင် ဖော်ပြပေးခဲ့ဖူးပါတယ်။
** "In App Purchase" များကို ပိုက်ဆံ တစ်ပြားမကုန်ပဲ ဝယ်ယူနည်း **
- အောက်ပါနည်းလမ်းကို အသုံးပြုနိုင်ရန် iDevice သည် Jailbreak ဖြစ်ရန်နှင့် Internet Connection ရှိနေရန် လိုအပ်ပါသည်။
- "IAPcracker" ရှိနေလျှင် အလုပ်မလုပ်သည့်အတွက် "IAP cracker" သွင်းထားသူများ ဦးစွာ uninstall လုပ်ပါ။
အဆင့် ၁)
Cydia -> Sources -> Edit - Add တွင် "http://system.in-appstore.com/repo" ဟုရိုက်ထည့်ပါ။
အဆင့် ၂)
Cydia -> Search -> "LocallAPStore" ကို ရှာပါ။ တွေ့ ရင် Install လုပ်ပါ။
Restart SpringBoard လုပ်ပါ။
အဆင့် ၃)
Home screen ၏ "Settings" ထဲတွင် "LocallAPStore" ကိုသွားပြီး အဲဒီအထဲမှာ နှစ်ခုစလုံး "Enable" , " Generate..." ကို "ON" ထားလိုက်ပါ..
************************************************
အသုံးပြုနည်း
မတော်တစ်ဆ အမှန်တစ်ကယ် မဝယ်မိစေရန် Apple ID ကို Sign Out လုပ်ထားပါ။
Settings -> iTunes & App Stores -> Sign Out
Candy Crash ကို နမူနာထား၍ ပြပေးသွားပါမည်။ အောက်ပါ ပုံအတိုင်း တစ်ဆင့်ခြင်း ဆောင်ရွက်ပါ။
မိမိ အသက်လိုတိုင်း အသက်ဝယ်တဲ့ button ကို နှိပ်ပါ။
Pop up box တက်လာတဲ့ အခါ ကျရင် "Buy" ကို နှိပ်ပါ။
ချွင်းချက်။ ။ အချို့  Game များတွင် ဤအဆင့်၌ "Cancel" နှိပ်ရုံနှင့် ပြီးမြောက်ပါသည် (Real Racing 2)
နောက်တစ်ဆင့် Sign In လုပ်ခိုင်းတဲ့ အခါမှာ "Cancel" ကိုနှိပ်ပါ။
ပိုက်ဆံတစ်ပြားမှ မကုန်ပဲ အသက်တွေ ရလာပါလိမ့်မယ်...
မှတ်ချက် ။ ။ Online Game စနစ်ဖြင့် ကစားရသော (Clash of Clans) Game အမျိုးအစားများမှ လွဲ၍ အခြား Game တော်တော်များများ တွင် အလုပ်လုပ်နိုင်ပါသည်။
တစ်ခါတစ်ရံများ စဉ်းစားမိပါရဲ့  အခုလိုနည်းနဲ့  ကိုယ့် Bank account ထဲကို ပိုက်ဆံတွေ သွင်းလို့  ရရင် သိပ်ကောင်းမယ်လို့  ... အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်.... ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like" လုပ်နိုင်ပါတယ် မိုးသိကြား
purchase failed! No money was removed from your account.အဆင်မပြေ
ReplyDeleteBecause of connection, try again.
DeleteIt is really working ... Great Job Moe Tha Jar..!!
ReplyDeletethay loh ya tl, thank you byo
ReplyDeletethanks a lot a ko , it working , amazing
ReplyDeleteကျေူးဇူးပဲအကိုရေ.. cancel အဆင့်မှာပဲရလိုက်တယ်....
ReplyDeleteကိုမိုးသကြားရေ. အခုနည်းက D-Day မှာမရဘူးဖြစ်နေတာ
ReplyDeleteကူညီပါအုံး. Real Racing 3 နှင့် တစ်ခြားတော်တော်များများရပါတယ်
ကျေးဇူး
glu နဲ့ gameloft ရဲ့ game တွေမှာမရဘူးဖြစ်နေတယ် ဘယ်လိုလုပ်ရင်ရနိုင်မလဲ ကူညီပါ ခင်ဗျာ
ReplyDeleteမိမိ idevice ရဲ့ host name ကို ဘယ်လိုကြည့်လို့ရမလဲ....ကူညီပါ ခင်ဗျာ
ReplyDeletefree account ဆို ရင်ကော signout လုပ်ဖို့လိုလားခင်ဗျ
ReplyDeleteအကောင့် ကို signout လုပ်ပြီးဝယ်တာ
ReplyDeletepurchase failed ! no money was removed from your account လို့ပေါ်နေတယ် .