iOS 7 တင်ဖို့ကို ဇဝေဇဝါဖြစ်နေတဲ့ မိတ်ဆွေများကို ကျွန်တော်ရဲ့ အရင်ဆောင်ပါးမှာ သုံးသပ်ပြခဲ့ပြီးပါပြီ။ ကျွန်တော် ကိုယ်တိုင်ကတော့ iOS 7 ကို မြည်စမ်းကြည့်ချင်တာကြောင့် iPad 2 ကို update လုပ်လိုက်ပါတယ်။ Update လုပ်ပြီးတဲ့ အချိန်မှာ ပထမဦးဆုံး ခံစားမိတာကတော့ iPad အသစ်တစ်လုံး ရလိုက်သလိုပါပဲ။
စ စချင်းတွေ့ရတာကတော့ Apple logo ခပ်ကြီးကြီးနဲ့ တက်လာပါတယ်။ Home screen ရဲ့ UI design ကွဲပြားမှုက နဲနဲတော့ သူစိမ်းဆန်သွားတယ်၊ Home screen မှာရှိတဲ့ Dock က flat design ဖြစ်လို့ ပိုကြီးလာတယ်လို့ ခံစားမိတယ်။ အပြောင်းအလဲကို လက်ခံနိုင်ဖို့ App icon တွေနဲ့ ပြန်ရင်းနှီးဖို့ အာရုံခဏစိုက်လိုက်ရပါတယ်။
သဘောကျမိတာကတော "Control Center" ပါ၊ Jailbreak သမားတွေ နှစ်ခြိုက်စွာ သုံးလေ့ရှိတဲ့ SBsetting, NCsetting လိုမျိုး Application ထဲမှာ ဖြစ်ဖြစ် Home screen, Lock screen တွေမှာတောင် အောက်ဖက်ကနေ အပေါ်ဖက်ကို swipe လုပ်လိုက်တာနဲ့ ပေါ်လာပါတယ်။ (Tweaks လောက်တော့ setting မစုံလှပါဘူး) ဘာပဲဖြစ်ဖြစ် Settings ထဲကိုတော့ ပြန်သွားနေစရာ မလိုတော့ဘူးလေ။ Jailbreak မှာ သုံးနေကျဖြစ်လို့ သဘောကျနေမိပါတယ်။
"Multitasking" မှာ အရင် iOS တွေတုန်းကလို long press ဖိထားပြီး လိုက်ပိတ်စရာ မလိုတော့ပဲ ပိတ်ချင်တဲ့ App ကို လက်နဲ့ အပေါ်ကို swipe up လုပ်လိုက်တာနဲ့ ပိတ်သွားလို့ ပိုလွယ်ကူစေပါတယ်။
Home screen ရဲ့ နေရာလွတ်မှာ လက်တစ်ချောင်းနဲ့ swipe down လုပ်ရုံနဲ့ Spotlight search ကို သုံးလို့ရပါပြီ။
iTunes ရေဒီယို ကနေ သီချင်းမျာကို နားဆင်နိုင်တာလည်း အခွင့်အရေး တစ်ခုပါပဲ။
"Safari" browser မှာ search နှင့် URL (website address) bar ကို နှစ်ပိုင်းမခွဲတော့ပဲ တစ်နေရာထဲမှာ ရှာချင်သော စာလုံးကို စတင် ရိုက်လိုက်သည်နှင့် suggestion အနေနဲ့ အပိုင်းလိုက် ဖော်ပြပေးပါတယ်။
နောက်ထပ် iPad အနေနဲ့ ပိုမို ထူးခြားလာတာကတော့ အရင် iOS များတွင် iPhone App (ဥပမာ။ ။ Viber) ကို install လုပ်လိုက်ပါက iPad ၏ screen မှာ iPhone size အနေနှင့်သာ တွေ့မြင်ရပြီး "2X" သုံးတဲ့အခါမှာ မပြတ်မသားသာ မြင်ရပါတယ်။ Full screen အဖြစ် မြင်ရအောင် Cydia က Retina pad tweak သုံးခဲ့ရပါတယ်။ အခု iOS 7 မှာတော့ Full screen အဖြစ် တိုက်ရိုက် မြင်ရပါပြီ။
အခု ကျွန်တော် ဖော်ပြခဲ့တာတွေ ကတော့ iOS 7 ကို iPad မှာ ရရှိလာတဲ့ အခြေအနေဖြစ်ပါတယ်။ အခုမှ စသုံးနေတာဖြစ်လို့ အများကြီး မပြာနိုင်သေးပေမယ့် အကယ်၍ မြန်မာစာ ရေးမရ ဖတ်မရတာကြောင့်သာ မဟုတ်ခဲ့ရင် Jailbreak လုပ်ချင်စရာတောင် မရှိပါဘူး။ လောလောဆယ် မြန်မာစာ ရေးနိုင်ဖို့ အတွက် "Sar" "Mogok" "iMyanmar Pad" တို့ကို အသုံးပြုနေပြီး "Mogok" က မြန်မာစာရေးနေချိန်မှာ App က ပိတ်သွားတဲ့ ပြဿနာ ရှိနေပါတယ်။
iDevice ဟာ jailbreak မလုပ်ရင် စွမ်းဆောင်ရည်အပြည့် လုပ်ဆောင်ပေးနိုင်တာကြောင့် iOS 7 ကို Jailbreak မလုပ်ပဲ အကောင်းဆုံးသုံးနိုင်မယ့် နည်းလမ်းများကိုလည်း တစ်ဖြည်းဖြည်းခြင်း ရေးသားပေးသွားပါဦးမယ်။
အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်.... ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like" လုပ်နိုင်ပါတယ် မိုးသိကြား
အကိုရေ ဖုန်းက iphone ပါ ကျွန်တော် ဆော့ဝဲလ်တွေတော့ ဒေါင်းပြီးသွားပြီ game တွေ applicationတွေကို ပြန်ပြီးinstall လုပ်တာ လုပ်လို့မရလို့ verification fail ပဲပြနေတယ် အဲဒါဘယ်လိုသွင်းရမလဲ ကူညီပါအုံးနော် ကျွန်တော့် email က swamhtet007@gmail.com ပါ
ReplyDeleteအကိုရေ ကူညီပါအုန်း ios 7.0.2 ကို update လုပ်လိုက်တာ ပန်းသီးလိုဂိုးမှာပဲရပ်နေလို့  ပါဝါပိတ်ပီးပြန်ဖွင့်လဲ အဲလိုပဲဖြစ်နေတယ် ကျွန်တော့်ဖုန်းက iphon-4 gsm ပါ ကျေးဇူးပြုပီးဖြေကြားပေးပါခင်ဗျာ
ReplyDeleteအစ်ကိုရေ ကျွန်တော် ipad 2 ကို မနေ့ကပဲ update လုပ်လိုက်မိပါတယ်။ ဒါပေမယ့် jailbreak ဘယ်လိုလုပ်ရမှန်းလဲ မသိဘူး။ နောက်ပြီး 6.1.3 ကို ဘယ်လိုပြန်ဆင်းရမလဲဆိုတာလည်း မသိလို့ ကျေးဇူးပြုပြီး ဖြေပေးပါအစ်ကို။
ReplyDeleteshsh blobs ကိုလည်း သိမ်းထားခဲ့ရမယ်ဆိုတာ မသိလို့ မသိမ်းခဲ့မိလိုက်ဘူး။
ကူညီပါဦးဗျာ
iOS 7+ ကို Update လုပ်လိုက်တယ်ဆိုရင် Jailbreak မရသေးပါဘူး။ 6.1.3 ကို ပြန်ဆင်းဖို့တော့ ShSh Blobs ရှိရင်တောင် မသေချာပါဘူး။
Deleteကျွန်တော်ကတော့ iPad2 ကို Apple Store က၀ယ်လိုက်ပါတယ် set up လုပ်ရပါတယ် iTune နဲ့join လိုက်တာနဲ့ Update လုပ်မလားမေးတယ် လုပ်လိုက်တော့ iOS 7 ပိုင်ရှင် iPad 2 သမားလေးပါ ဆောင်းပါးလေးထဲကအတိုင်းပေါ့...
ReplyDeleteApple Store ကနေ MMkeyboard ၀ယ်ထည့်တယ် ဖွင့်လိုက်တာနဲ့ခဏတက်လာပြီးပြန်ပိတ်သွားတယ်....သုံးစားမရပါ
iMyanmar browser ဖွင့်ပြီး address bar မှာ ရိုက်လည်း ဘာမှတက်မလာ..... နောက်ပြဿနာတစ်ခုက Wifi signal/ connection အရမ်းကောင်းနေတာကို မမိဘူးပြောလိုက် no network connection ပြောလိုက်ဖြစ်နေပါတယ်ခင်ဗျာ...Wifi အတွက် သီးခြား setting လေးများထည့်ပေးရသေးလားခင်ဗျာ..offline ဖြစ်ဖြစ်သွားလို့ပါ...ကူညီပါဦး ဆရာမိုးရေ...လေးစားလျက် ...ရွှေညာသားလေး
MMKeyboard က iOS 7 ကို support မလုပ်သေးပါဘူး၊ App တွေကို အဝယ်ခင် description ကို ဖတ်ပြီးမှသာ ဝယ်ယူပါ။ လက်ရှိမှာ မြန်မာစာ ရေးနိုင်ဖတ်နိုင်ဖို့အတွက် "Mogok Browser" ကို ဝယ်ယူနိုင်ပါတယ်။ Wifi connection မငြိမ်လို့ ဖြစ်ပါလိမ့်မယ်၊ အခြား သီသန့် ဘာမှမလိုပါ။
Deleteအကိုရေ ကျနော်မှာ iPad 2ပါ v7.0.4ပါအကို jailbeark ထည့်ထားပြီပြီး cydiaက အင်စတော့လုပ်လိုက်တဲ့ဆော့ဝဲတွေက ဘာတခုမှ အလုပ်မလုပ်ဘူး အဲဒါဘယ်လိုလုပ်ရမလဲ အကို ကူညီပါအုံးခင်ဗျာ
ReplyDelete