Monday, September 23, 2013

iOS 7 နှင့် အဆင်ပြေစွာ နေထိုင်နည်း

iOS 7 ကို Jailbreak လုပ်လို့မရသေးတဲ့ အတွက် အဓိက အနေနဲ့ မြန်မာစာကို ရေးလို့ ဖတ်လို့ မရသေးတဲ့ အခက်အခဲ ရှိနေပါတယ်။ ဒါ့အပြင် သုံးနေကျ cracked App တွေကိုလည်း စွန့်လွှတ်လိုက်ကြရတဲ့ အတွက် Jailbreaker တော်တော်များများက iOS 7 ကို သုံးချင်ကြသော်လည်း update လုပ်ဖို့ကို ဝေခွဲမရ ဖြစ်နေတတ်ပါတယ်။

ဒါပေမယ့် ဒါဟာ အရမ်းကြီး ဒွိဟဖြစ်ရမယ့် ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး Jailbreak မရသေးခင် အထိ iOS 7 ကို App အချို့နဲ့ အကောင်းဆုံး အသုံးပြုနိုင်မယ့် နည်းလမ်းအချို့ကို ဖော်ပြလိုက်ပါတယ်။

ပထမဦးစွာ မြန်မာစာ အတွက်ဆိုရင်တော့ "Mogok Browser" "iMyanmar Pad" "Myanmar Browser Lite" "LikeBook" "MM News" "Sar" တို့ကို အသုံးပြုနိုင်ပါတယ်။

"Mogok" ကတော့ Free ရရှိနိုင်ပြီး စာရေးနိုင် ဖတ်နိုင်ပါတယ် Pro version ဆိုရင်တော့ ကြေငြာ banner တွေ အနှောက်ယှက်က ကင်းပါလိမ့်မယ်။ ဒါပေမယ့် "Mogok" မှာ မြန်မာစာရေးနေရင်းနဲ့ App က ပိတ်သွားတဲ့ ပြဿနာ ရှိနေပါတယ်။ သိပ်တော့ အဆင်မပြေလှပါ။

"iMyanmar Pad" နှင့် "Myanmar Browser Lite" ကတော့ မြန်မာစာ ဖတ်ရုံသာ ဖတ်နိုင်ပါလိမ့်မယ် Free version ဖြစ်ပါတယ်။

"MM News" မှာတော့ Hot ဖြစ်တဲ့ website, blog တွေကို RSS feed အနေနှင့် စုစည်းပေးထားပြီး မြန်မာလို ကောင်းစွာ ဖတ်ရှုနိုင်ပါတယ်။ (ကျွန်တော်ရဲ့ Blog ကိုလည်း အဲဒီထဲမှာ ဖတ်ရှုနိုင်ပါလိမ့်မယ်)။

"LikeBook" ကတော့ Facebook ကို မြန်မာလိုသုံးပြီး ရေးနိုင်ဖတ်နိုင်ဖို့ အထူးပြုလုပ်ထားတာ ဖြစ်ပြီး $2.99 နဲ့ Paid App ဖြစ်ပါတယ်။ "Mogok" App ရေးတဲ့ Mobidom က ထုတ်ထားတာဖြစ်ပြီး Facebook မှာ Post, comment တွေ ရေးရာမှာ "Mogok" ထက် ပိုမိုအဆင်ပြေတာကို တွေ့ရပါတယ်။ လောလောဆယ်တော့ ကျွန်တော် အကြိုက်တွေ့နေပါတယ်။
သို့သော်လည်း Myanmar keyboard မှာ "Enter" နှိပ်တဲ့ အခါမှာတော့ App ပိတ်သွားတတ်ပါတယ်။ ဒီတော့ Enter နှိပ်စရာရှိရင် English keyboard ပြောင်းသုံးရင်တော့ အဆင်ပြေပါတယ်။ အခြား ပြဿနာတော့ မတွေ့ရသေးပါဘူး။

"Sar" App ကတော့ မြန်မာလို note တွေ ရေးတဲ့ သူတွေအတွက် အလွန်အဆင်ပြေတဲ့ App တစ်ခု ဖြစ်ပြီး ကျွန်တော် ကိုယ်တိုင် အလုပ်ထဲမှာ လမ်းမှာ Blog အတွက် ရေးစရာရှိရင် အမြဲသုံးရတဲ့ App တစ်ခုပါ။
Device, iCloud နှစ်မျိုးလုံးမှာ Save လုပ်နိုင်ပြီး Share, Air print feature တို့ပါဝင်ပါတယ်။ $1.99 နဲ့ရောင်းချတဲ့ "Paid App" ဖြစ်ပါတယ်။

အခြား ကျွန်တော် နှစ်သက်တဲ့ Myanmar App တွေကတော့

အဘိဓါန် အနေနဲ့ iAbidan, Ornagai, ShweYoe
Online Radio အနေနဲ့ 7OnlineRadio, SNC Online Radio (CityFM), MYMC Radio, Dhamma Radio
စာစောင် အနေနဲ့ voice Weekly, HotNews Journal, 7Day News Journal တို့ ဖြစ်ပါတယ်။

ဒါတွေကတော့ မြန်မာစာ ကိစ္စကို ယာယီဖြေရှင်းပေးနိုင်မယ့် App တွေပဲ ဖြစ်ပါတယ်။

********************************

Cracked App တွေကို သွင်းမရတော့လို့ စိတ်ညစ်သွားတဲ့ မိတ်ဆွေများကို လုံးဝ စိတ်မညစ်ဖို့ ပြောပါရစေ.. Jailbreak မလုပ်ထားတဲ့ iDevice တွေမှာ Cracked App တွေကို ဆက်ပြီးသုံးလို့ ရအောင် ဒီလို လုပ်လို့ရပါသေးတယ်..

ပထမ လုပ်ငန်းစဉ်

**Downloads**
>> iFile
>> Tongbu for iPhone
>> Tongbu for iPad


အဆင့် ၁)
ပထမဦးစွာ "iFile" ကို PC မှာ install လုပ်ပြီး Run ပါ။

အဆင့် ၂)
iDevice ကို PC နှင့် ချိပ်ဆက်ပါ၊ iTunes တက်လာပါက ပိတ်ပစ်ပါ။

အဆင့် ၃)
iFunBox ၏ "iFunBox Classic" tab သို့သွားပါ။ အောက်ပါပုံအတိုင်း တွေ့ရပါမည်။


ထို့နောက် "Install App" button ကို နှိပ်ပြီး အထက်တွင် download လုပ်ခဲ့သော "Tongbu" file ကို ရွေးပေးလိုက်ပါ။

အဆင့် ၄)
Install လုပ်ပြီးပါက သင်၏ iDevice တွင် "Tongbu" icon လေးကို တွေ့ရပါမည်။ Update လုပ်ခိုင်းပါက update လုပ်ပါ။



အဆင့် ၅)
"Tongbu" App တွင် မိမိလိုချင်သော App ကို "Search" မှာ ရိုက်၍ ရှာယူနိုင်ပြီး "Manage" တွင် Download status တို့ကို တွေ့မြင်နိုင်ပါမည်။

အဆင့် ၆)
Download လုပ်ပြီးသား App ကို Install လုပ်ပြီးသော အခါ App ကို ဖွင့်လိုက်တဲ့ အချိန်မှာ Apple ID နှင့် password ကို တောင်းပါလိမ့်မည်။


App ကို ပြန်ပိတ်လိုက်ပြီး (ဒုတိယ လုပ်ငန်းစဉ်ကို ဆက်လက်လုပ်ဆောင်ပါ)

***************************

ဒုတိယ လုပ်ငန်းစဉ်

**Download**
>> iClover for (Windows / Mac)

အဆင့် ၁)
"iClover" ကို PC မှာ Install လုပ်ပြီး။ Run ပါ။

အဆင့် ၂)
iDevice ကို PC နှင့် ချိပ်ဆက်ပါ။ အောက်ပါပုံအတိုင်း တွေ့ရပါမည်။


အဆင့် ၃)
"Genuine App" button ကို နှိပ်ပါ။ အောက်ပါပုံအတိုင်း "Start" ကို နှိပ်ပါ။


အဆင့် ၄)
"Complete" နှိပ်ပါ။ App Genuine လုပ်ခြင်း အောင်မြင်စွာ ပြီးဆုံးပါပြီ။


ခုနက Apple ID တောင်းနေသော App ကို ပြန်ဖွင့်ပါ။ ဘာမှ မလိုတော့ပဲ App ကို အသုံးပြုနိုင်ပါပြီ..

ယခုလို App Genuine ဖြစ်သွားပြီဆိုရင်တော့ နောက်ထပ် မည်သည့် App ကို မဆို Install လုပ်ပြီးတာနှင့် တိုက်ရိုက်ချောမွေ့စွာ အသုံးပြုနိုင်သွားပါပြီ..

အခုဆိုရင် iOS 7 မှာ Jailbreak မရသေးသော်လည်း အတိုင်းအတာ တစ်ခုအထိတော့ အဆင်ပြေပြေ iDevice ကို သုံးနိုင်သွားပါပြီ။
နည်းပညာ တင်ပြသူအဖြစ် မိမိသိရှိထားသည်ကို ပြန်လည် မျှဝေရပါတယ်။ သို့သော် ဤနေရာတွင် အထူးမေတ္တာရပ်ခံလိုသည်မှာ တတ်နိုင်သလောက် App များကို ဝယ်ယူ သုံးစွဲကြပါလို့ တိုက်တွန်းလိုက်ပါရစေ။





အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like" လုပ်နိုင်ပါတယ်

မိုးသိကြား

27 comments :

  1. ကျေးဇူးပါအကို

    ReplyDelete
  2. အစ်ကိုရေiTunes11.1လေးတင်ပေးပါဦးappleကဒေါင်းတာမရလို့ပါ

    ReplyDelete
  3. iPhone 5s touch ID ကိုဖောက်ထွင်းနိုင်တယ်ဆိုဟုတ်လားအကို?

    ReplyDelete
  4. likebook နဲ့ sar ကို tongbu မှာ download လို့ရဘူးဖြစ်နေတယ်
    အကိုမှာတခြါးဆိုက်က down လို့ရတယ်ဟာရှိရင်ပြေါပြပေးပါလား

    ReplyDelete
  5. bro ရေ...Mogok က iOS7 မှ မဟုတ်ပါဘူး...6.1.3 မှာလည်း အခုတလော စာရေးနေရင်း နဲ့ app က ပိတ် ပိတ် သါားတယ်...Mogok က ကို ဖြစ်နေတာ ထင် ပါတယ်

    ReplyDelete
    Replies
    1. Myanmar Browser Lite ကိုသုံးကြည့်ပါ ကျွန်တော်ကတော့ အဆင်ပြေနေတယ် :)

      Delete
  6. သိမ်းထားတဲ့ IPA တွေကို install ပြန်လုပ်ရင် i fun box အပြင် တခြားနည်းလမ်းကောင်းလေးတွေရှိသေးရင်လည်း သိပါရစေ
    crack File တွေကို Itune library ကနေ direct install လုပ်နိုင်မယ့် အဆင်ပြေဆုံးနည်းလေးတွေလည်းရှိရင်လည်းသိပါရစေ ...
    ကျေးဇူးတင်စွာဖြင့် ipad 2 wifi .....from Yangon :)

    ReplyDelete
  7. ပို့စ်အားလုံးအတွက်ကျေးဇူးအများကြီးတင်ပါတယ်.www.harrisnyi.tk

    ReplyDelete
  8. .iphone3GS ကို Restore Update ပြန်လုပ်တာမရဘူးဖြစ်နေတယ်....Earror တတ်နေတယ်ဂျ........ဘယ်လိုလုပ်ရမလဲ.....မကိုင်ဘဲပစ်ထားတာတော့ကြာပီ...ကူညီပါဦးနော်.............
    ERROR 1 tat nay dal kya.အလုပ်ကတော့ပြီးအောင်လုတ်တယ်........

    ReplyDelete
    Replies
    1. TommyIKL
      Re: iPhone 3Gs iOS 5 update Error (-1)
      May 24, 2012 6:26 PM (in response to zepepk)

      HOW TO FIX ERROR (-1)





      DOWNLOAD IPSW 5.1.1

      REDSNOW 0.9.11B4

      CREAT A CUSTOM FIRMWARE USING REDSNOW





      http://www.beijingiphonerepair.com/tag/build-custom-firmware-ios-5-1-1-for-iphon e-4-or-3gs-with-redsn0w-0-9-11b4-to-preserve-baseband/





      THEN iREB YOUR PHONE BEFORE RESTORING THAT FIRMWARE USING iTUNES TO NOT GET ERROR 1600





      http://www.iphonestuffs4u.com/iphone-error-1600/




      Hopefully can fix by this way :) i copied it from https://discussions.apple.com/thread/3416793?start=30&tstart=0
      (RESTORE YOUR DEVICE AND IT WILL WORK FINE AND U WILL NOT GET THE (-1) ERROR ANYMORE IT WORKED FOR ME AND NOW I VE THE PHONE WORKING BUT NOT ACTIVATED AS I SHOULD JAILBROKE IT AND UNLOCK IT BUT I WONT DO THIS STEP NOW WAITING FOR UNTETHERED JAILBREAK..)

      Delete
  9. ဒကာလေးရေ ဦးဇင်း ipad2 က 6.1.3ပါ jbလုပ်လို့ရပါသလား နောက်ပြီး 7ကို ပြောင်းသုံးလိုက်ပြီး 6 ကို ပြန်ဆင်းရင်ကော အဆင်ပြေနိုင်ပါသလား သိပါရစေ။ ကျေးဇူးတင်ပါတယ်

    ReplyDelete
  10. tongbu က ios 7 ထဲမှာ ထည့်လိုရပေမယ့် app တွေ ဒေါင်းပီးသွင်းလို့ရပေမယ့် အဲဒီက သွင်းထားတဲ့ app တွေက ခဲရောင်ဖြစ်ပြီး ဖျက်လို့လည်း မရ run လို့လည်း မရဖြစ်နေပါတယ် ဘယ်လို fix လုပ်ရမှာလဲဗျ

    ReplyDelete
  11. ကိုစိုးမင်းထွန်း
    ဖုန်းက နေ ဒေါင်းပြီး application သွင်းတဲ့ အခါ တစ်ခါတစ်လေဖြစ်တတ်ပါတယ်
    ကျွန်တော်လည်းဖြစ်ဖူးပါတယ်
    အကယ်လို.အဲဒီလိုကြုံရင် လက်တော့က နေ ဒေါင်းပြီး သွင်းကြည့်လိုက်ပါလား fix ကိုနှိပ်ပြီး လုပ်ပေမယ့် တစ်ခါတစ်လေ မရဘူးဖြစ်နေတယ်
    အဲဒီ နည်းနဲ့မရရင် setting ထဲက usage ထဲ ကနေ app ကို ရှာပြီးဖျက်လိုက်ရင် ရပါတယ်ခင်ဗျာ

    ReplyDelete
  12. likebook ka share lo ma ya buu byar,, kyu nyi kya per onn

    ReplyDelete
  13. likebook ka photo upload lote lo ma ya buu, status write lo ma ya buu bya, buy pee hma thi tel bya,comments and message yaw pal,, 2 line kyaw yin app; ka close twar tel, mm font read ter ka lwal lo ber hma use lo ma ya buu

    ReplyDelete
  14. iOS 7 မှာ mmkeyboard အလုပ်ဘူးလားဗျ.. Lite version မရလို့ Paid version ဝယ်သုံးတာလည်းမရဘူးဗျ.. ကူညီအကြံပေးပါဦး

    ReplyDelete
    Replies
    1. ကျွန်တော်ကတော့မြန်မာစာ မဖြစ်မနေရေးရမယ့်နေရာမျိုးအတွက် ornagaime မြန်မာ၊အဂ်လိပ် dictionary မှာရိုက်ပြီး copy / paste လုပ်လိုက်တယ် .... မြန်မာkeyboard ရှိတယ်လေ နည်းနည်းတော့ အလုပ်ရှုပ်တာပေါ့ ....Myanmar Browser Lite ပေါ်မှာ....

      Delete
  15. can i have free iphone unlocker sofrware ?bec i used my friend apple id before but now i forget password and can't open icloud back up.can u help me ps ?

    ReplyDelete
  16. အကိုရေ
    ကျွန်တော့်ကွန်ပျူတာက 64 bit Window 7 pro ပါ
    ကျွန်တော် iFile ကို install လုပ်လို့မရဖစ်နေတယ်ခင်ဗျ

    ReplyDelete
  17. enable to execute file ဆိုပီး install ပီးတာနဲ့
    open လုပ်လို့မရပဲ fail ဖစ်နေတယ် :/

    ReplyDelete
  18. This comment has been removed by the author.

    ReplyDelete
  19. ကျေးဇူးပဲအကို iPhone 5S မှာ အဆင်ပြေတယ်...ဟိး.....

    ReplyDelete
  20. ကျွှန်တော့်4sကို6.1.3ကနေ7.0.6တင်တာerrorပဲပြနေတယ်ဘယ်လိုလုပ်ရမှလဲerrorက3194လို့ ပဲပြနေတယ်ဘယ်လိုလုပ်ရမလဲမသိဘူး7.1.1ကိုပဲတင်ခိုင်းနေတယ်help me bro

    ReplyDelete
    Replies
    1. Apple မှာ iOS ကို ကိုယ်ကြိုက်ရာ တင်ခွင့်မရှိပါဘူး၊ သူနောက်ဆုံးပေးထားတဲ့ update ကိုသာ တင်ရပါတယ်.. အဲဒါကြောင့် error ပေါ်တာပါ... သူငယ်တန်း Apple ဖတ်စာ ကို side bar မှာ download လုပ်ပြီး ဘာကြောင့်လဲဆိုတာ အဖြေရှာ ဖတ်ကြည့်နိုင်ပါတယ်..

      Delete
  21. This comment has been removed by the author.

    ReplyDelete
  22. iClover မှာ Genuine App button မပေါ်လို့ ဘယ်လိုလုပ်ရမလဲဗျ

    ReplyDelete